လူစားဝင်ကစားသမား မာရက်ဇ်ရဲ့ ဂိုးကြောင့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၃)မှတ်ပိုင်ဆိုင်ခဲ့တဲ့ မန်စီးတီး

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ချယ်လ်ဆီးနဲ့

ကစားခဲ့တဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ပွဲမှာ မာရက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့
အနိုင်ယူပြီး အဖိုးတန်(၃)မှတ် ပိုင်ဆိုင်ခဲ့ပါတယ်။

အခုပွဲမတိုင်ခင် ရှေ့ရက်တုန်းက အမှတ်ပေးဇယားထိပ်က အာဆင်နယ်တို့
နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် အာဆင်နယ်ရဲ့ ခြေချော်မှုကို
မန်စီးတီး အခွင့်အရေးယူနိုင်ခဲ့ပါတယ်။

ဖိအားတွေများနေတဲ့ ချယ်လ်ဆီးနည်းပြဂရေဟမ်ပေါ်တာအတွက် နောက်ထပ်
ဖိအားတိုးသွားတဲ့ ရှုံးပွဲလို့ သတ်မှတ်ရမှာဖြစ်သလို အခုဆိုရင် ပရီးမီးယားလိဂ်
နောက်ဆုံး(၈)ပွဲမှာ ဘုန်းမောက်ကိုပဲ အနိုင်ရပြီး (၄)ပွဲရှုံး၊ (၃)ပွဲသရေကျခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ မန်စီးတီးကို အတိုင်းအတာတစ်ခုအထိ ဒုက္ခ
ပေးနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု ကြီးကြီးမားမား မလုပ်နိုင်ခဲ့ပါဘူး။
မန်စီးတီးရဲ့ ခြေစွမ်းကလည်း သိပ်အားရစရာမကောင်းပေမယ့် လိုအပ်တဲ့

အနိုင်ဂိုးရအောင် စွမ်းဆောင်ခဲ့ပြီး (၆၃)မိနစ်မှာ ဘယ်ခြမ်းကနေ ဂရီးလစ်ရှ်
အနိမ့်ဘောခင်းပေးလိုက်တာကို မာရက်ဇ်က ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုပွဲအပါအဝင် မန်စီးတီးနဲ့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး(၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သလို မန်စီးတီးဘက်ကို ဂိုးမသွင်းနိုင်တာက
(၄၀၈)မိနစ်အထိ ကြာမြင့်နေပါပြီ။ အခုဆိုရင် မန်စီးတီးအသင်းဟာ
အာဆင်နယ်နဲ့ (၅)မှတ်အကွာကို ပြန်ရောက်လာပြီဖြစ်လို့ ပရီးမီးယားလိဂ်
ချန်ပီယံဆုအတွက် စိန်ခေါ်ပွဲက ပိုပြင်းထန်လာပါပြီ။

[Zawgyi]

ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းဟာ ခ်ယ္လ္ဆီးနဲ႔
ကစားခဲ့တဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲမွာ မာရက္ဇ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔

အႏိုင္ယူၿပီး အဖိုးတန္(၃)မွတ္ ပိုင္ဆိုင္ခဲ့ပါတယ္။

အခုပြဲမတိုင္ခင္ ေရွ႕ရက္တုန္းက အမွတ္ေပးဇယားထိပ္က အာဆင္နယ္တို႔

နယူးကာဆယ္နဲ႔ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ အာဆင္နယ္ရဲ႕ ေျခေခ်ာ္မႈကို
မန္စီးတီး အခြင့္အေရးယူႏိုင္ခဲ့ပါတယ္။

ဖိအားေတြမ်ားေနတဲ့ ခ်ယ္လ္ဆီးနည္းျပဂေရဟမ္ေပၚတာအတြက္ ေနာက္ထပ္
ဖိအားတိုးသြားတဲ့ ရႈံးပြဲလို႔ သတ္မွတ္ရမွာျဖစ္သလို အခုဆိုရင္ ပရီးမီးယားလိဂ္
ေနာက္ဆုံး(၈)ပြဲမွာ ဘုန္းေမာက္ကိုပဲ အႏိုင္ရၿပီး (၄)ပြဲရႈံး၊ (၃)ပြဲသေရက်ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ မန္စီးတီးကို အတိုင္းအတာတစ္ခုအထိ ဒုကၡ
ေပးႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္ၿခိမ္းေျခာက္မႈ ႀကီးႀကီးမားမား မလုပ္ႏိုင္ခဲ့ပါဘူး။
မန္စီးတီးရဲ႕ ေျခစြမ္းကလည္း သိပ္အားရစရာမေကာင္းေပမယ့္ လိုအပ္တဲ့
အႏိုင္ဂိုးရေအာင္ စြမ္းေဆာင္ခဲ့ၿပီး (၆၃)မိနစ္မွာ ဘယ္ျခမ္းကေန ဂရီးလစ္ရွ္

အနိမ့္ေဘာခင္းေပးလိုက္တာကို မာရက္ဇ္က ေျပးဝင္ပိတ္သြင္းခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ အခုပြဲအပါအဝင္ မန္စီးတီးနဲ႔ ဆုံေတြ႕ခဲ့တဲ့ ၿပိဳင္ပြဲစုံ

ေနာက္ဆုံး(၄)ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့သလို မန္စီးတီးဘက္ကို ဂိုးမသြင္းႏိုင္တာက
(၄၀၈)မိနစ္အထိ ၾကာျမင့္ေနပါၿပီ။ အခုဆိုရင္ မန္စီးတီးအသင္းဟာ
အာဆင္နယ္နဲ႔ (၅)မွတ္အကြာကို ျပန္ေရာက္လာၿပီျဖစ္လို႔ ပရီးမီးယားလိဂ္
ခ်န္ပီယံဆုအတြက္ စိန္ေခၚပြဲက ပိုျပင္းထန္လာပါၿပီ။