လူစားလဲခံရချိန်မှာ နည်းပြဖာနန်ဒိုဆန်းတို့စ်ကို စီရော်နယ်လ်ဒို တကယ်ပဲ ဆဲဆိုခဲ့တာလား . .

ပေါ်တူဂီအသင်း နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ တောင်ကိုရီးယားနဲ့

ကစားခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရအပြီး နည်းပြဖာနန်ဒိုဆန်းတို့စ်ကို ဆဲဆိုခဲ့တယ်ဆိုတဲ့
သတင်းတွေက မဟုတ်မှန်ဘူးလို့ ငြင်းဆန်လိုက်ပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲမှာ တောင်ကိုရီးယားကို (၂-၁)ဂိုးနဲ့
မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး ပေါ်တူဂီအသင်း ပေးလိုက်တဲ့ ချေပဂိုးက စီရော်နယ်လ်ဒိုရဲ့
ဘောလုံးဖျက်ထုတ်မှု အမှားကနေ တောင်ကိုရီးယားနောက်ခံလူ ကင်ယောင်ဂွန်က
အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၆၅)မိနစ်မှာ ဖာနန်ဒိုဆန်းတို့စ်က စီရော်နယ်လ်ဒိုကို လူစားလဲခဲ့ပြီး
စီရော်နယ်လ်ဒိုဟာ ဆဲဆိုတဲ့စကားအသုံးအနှုန်းပြောဆိုခဲ့တာကြောင့် ဖာနန်ဒိုဆန်းတို့စ်ရဲ့
ဆုံးဖြတ်ချက်အပေါ် မကျေနပ်တဲ့အတွက် ဆဲဆိုတာဖြစ်နိုင်တယ်လို့ ပေါ်တူဂီ

မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့လည်း စီရော်နယ်လ်ဒိုက အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး တောင်ကိုရီးယား

ကစားသမားတစ်ဦးကို ရည်ရွယ်တာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။ စီရော်နယ်လ်ဒိုက
“ကျွန်တော့်ကို လူစားလဲချိန်မှာ တောင်ကိုရီးယားကစားသမားတစ်ဦးက ကွင်းထဲက
မြန်မြန်ထွက်ဖို့ လှမ်းပြောခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က သူ့ကို ပါးစပ်ပိတ်ထားလို့
ပြန်ပြောခဲ့တာဖြစ်ပြီး နည်းပြနဲ့ ကျွန်တော့်ကြားမှာ ဘာပြဿနာမရှိပါဘူး”လို့
ပြောကြားခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီအသင္း နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေတာင္ကိုရီးယားနဲ႔
ကစားခဲ့တဲ့ပြဲမွာ လူစားလဲခံခဲ့ရအၿပီး နည္းျပဖာနန္ဒိုဆန္းတို႔စ္ကို ဆဲဆိုခဲ့တယ္ဆိုတဲ့

သတင္းေတြက မဟုတ္မွန္ဘူးလို႔ ျငင္းဆန္လိုက္ပါတယ္။

ေပၚတူဂီအသင္းဟာ ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲမွာ ေတာင္ကိုရီးယားကို (၂-၁)ဂိုးနဲ႔

မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့ၿပီး ေပၚတူဂီအသင္း ေပးလိုက္တဲ့ ေခ်ပဂိုးက စီေရာ္နယ္လ္ဒိုရဲ႕
ေဘာလုံးဖ်က္ထုတ္မႈ အမွားကေန ေတာင္ကိုရီးယားေနာက္ခံလူ ကင္ေယာင္ဂြန္က
အနီးကပ္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္(၆၅)မိနစ္မွာ ဖာနန္ဒိုဆန္းတို႔စ္က စီေရာ္နယ္လ္ဒိုကို လူစားလဲခဲ့ၿပီး
စီေရာ္နယ္လ္ဒိုဟာ ဆဲဆိုတဲ့စကားအသုံးအႏႈန္းေျပာဆိုခဲ့တာေၾကာင့္ ဖာနန္ဒိုဆန္းတို႔စ္ရဲ႕
ဆုံးျဖတ္ခ်က္အေပၚ မေက်နပ္တဲ့အတြက္ ဆဲဆိုတာျဖစ္ႏိုင္တယ္လို႔ ေပၚတူဂီ
မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း စီေရာ္နယ္လ္ဒိုက အဲဒီသတင္းေတြကို ျငင္းဆန္ခဲ့ၿပီး ေတာင္ကိုရီးယား
ကစားသမားတစ္ဦးကို ရည္႐ြယ္တာျဖစ္တယ္လို႔ ရွင္းလင္းခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုက

“ကြၽန္ေတာ့္ကို လူစားလဲခ်ိန္မွာ ေတာင္ကိုရီးယားကစားသမားတစ္ဦးက ကြင္းထဲက
ျမန္ျမန္ထြက္ဖို႔ လွမ္းေျပာခဲ့ပါတယ္။ အဲဒီမွာ ကြၽန္ေတာ္က သူ႔ကို ပါးစပ္ပိတ္ထားလို႔
ျပန္ေျပာခဲ့တာျဖစ္ၿပီး နည္းျပနဲ႔ ကြၽန္ေတာ့္ၾကားမွာ ဘာျပႆနာမရွိပါဘူး”လို႔
ေျပာၾကားခဲ့ပါတယ္။