လူငယ်ကြယ်ပွင့် ပယ်လစ်စထရီကို အဲရစ်တန်ဟက် အခုထက် အခွင့်အရေးပိုပေးသင့်နေပြီလို့ ယူနိုက်တက်ပရိသတ်တွေ တောင်းဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥရုဂွေးလူငယ်ကြယ်ပွင့်

ပယ်လစ်စထရီဟာ ဘက်တစ်ကို (၄-၁)ဂိုးနဲ့အနိုင်ရတဲ့ ယူရိုပါလိဂ်
ပွဲမှာ ပွဲပြီးခါနီးမှ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် အကောင်းဆုံး
ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ တောင်ပံတိုက်စစ်ကစားသမား
ပယ်လစ်စထရီဟာ အခုနှစ်၊ ဇန်နဝါရီလအတွင်းက ချာလ်တန်နဲ့
လိဂ်ဖလားပွဲမှာ (၂)နှစ်ကျော်အတွင်း ယူနိုက်တက်စီနီယာအသင်း
အတွက် ပထမဆုံးပွဲဦးထွက်အဖြစ် လူစားဝင်ကစားခွင့်ရခဲ့ပြီး

ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

နည်းပြအဲရစ်တန်ဟက်ဟာ အသင်းတိုက်စစ်ညာခြမ်းမှာ သူ့တပည့်ရင်း

အန်တိုနီကို အဓိက ဦးစားပေးအသုံးပြုနေတာကြောင့် ပယ်လစ်စထရီ
အတွက် ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ကစားခွင့်ရချိန်တိုင်းမှာ
ပယ်လစ်စထရီက ထိရောက်တဲ့တိုက်စစ်ဆင်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

အခု ဘက်တစ်နဲ့ပွဲမှာလည်း ပယ်လစ်ထရီဟာ ပွဲချိန်(၈၂)မိနစ်မှ
အန်တိုနီအစား လူစားဝင်ကစားခဲ့ရပြီး ကွင်းထဲရောက်,ရောက်ချင်းမှာပဲ
သူ့ကြောင့် ယူနိုက်တက်တို့ စတုတ္ထဂိုးရခဲ့တာဖြစ်ပါတယ်။

(၈၂)မိနစ်မှာညာခြမ်းကနေ ပြိုင်ဘက်နောက်ခံလူကို ပယ်လစ်စထရီ
ကျော်ဖြတ်ပြေးပြီး ပယ်နယ်တီဧရိယာထဲ ချိုးပေးလိုက်တာကနေ
တွမ်မီနေးရဲ့ ကန်ချက်ကို ဘက်တစ်ဂိုးသမားဘရာဗို ပုတ်ထုတ်ခဲ့ပေမယ့်

ဂိုးရှေ့မှာအသင့်ရှိနေတဲ့ ဗက်ဟော့တ်က အပိုင်ပိတ်သွင်းခဲ့တာပါ။
ပယ်လစ်စထရီရဲ့ စွမ်းဆောင်ရည်အပေါ် ယူနိုက်တက်ပရိသတ်တွေက
အားရကျေနပ်နေပြီး သူ့ကို အခုထက် ပွဲကစားချိန်ပိုပေးဖို့ တောင်းဆိုနေကြ
ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဥ႐ုေဂြးလူငယ္ၾကယ္ပြင့္
ပယ္လစ္စထရီဟာ ဘက္တစ္ကို (၄-၁)ဂိုးနဲ႔အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္
ပြဲမွာ ပြဲၿပီးခါနီးမွ လူစားဝင္ကစားခြင့္ရခဲ့ေပမယ့္ အေကာင္းဆုံး

ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

အသက္(၂၁)ႏွစ္သာရွိေသးတဲ့ ေတာင္ပံတိုက္စစ္ကစားသမား

ပယ္လစ္စထရီဟာ အခုႏွစ္၊ ဇန္နဝါရီလအတြင္းက ခ်ာလ္တန္နဲ႔
လိဂ္ဖလားပြဲမွာ (၂)ႏွစ္ေက်ာ္အတြင္း ယူႏိုက္တက္စီနီယာအသင္း
အတြက္ ပထမဆုံးပြဲဦးထြက္အျဖစ္ လူစားဝင္ကစားခြင့္ရခဲ့ၿပီး
ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

နည္းျပအဲရစ္တန္ဟက္ဟာ အသင္းတိုက္စစ္ညာျခမ္းမွာ သူ႔တပည့္ရင္း
အန္တိုနီကို အဓိက ဦးစားေပးအသုံးျပဳေနတာေၾကာင့္ ပယ္လစ္စထရီ
အတြက္ ပြဲကစားခြင့္ရဖို႔ ႐ုန္းကန္ေနရေပမယ့္ ကစားခြင့္ရခ်ိန္တိုင္းမွာ

ပယ္လစ္စထရီက ထိေရာက္တဲ့တိုက္စစ္ဆင္မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အခု ဘက္တစ္နဲ႔ပြဲမွာလည္း ပယ္လစ္ထရီဟာ ပြဲခ်ိန္(၈၂)မိနစ္မွ

အန္တိုနီအစား လူစားဝင္ကစားခဲ့ရၿပီး ကြင္းထဲေရာက္,ေရာက္ခ်င္းမွာပဲ
သူ႔ေၾကာင့္ ယူႏိုက္တက္တို႔ စတုတၳဂိုးရခဲ့တာျဖစ္ပါတယ္။

(၈၂)မိနစ္မွာညာျခမ္းကေန ၿပိဳင္ဘက္ေနာက္ခံလူကို ပယ္လစ္စထရီ
ေက်ာ္ျဖတ္ေျပးၿပီး ပယ္နယ္တီဧရိယာထဲ ခ်ိဳးေပးလိုက္တာကေန
တြမ္မီေနးရဲ႕ ကန္ခ်က္ကို ဘက္တစ္ဂိုးသမားဘရာဗို ပုတ္ထုတ္ခဲ့ေပမယ့္
ဂိုးေရွ႕မွာအသင့္ရွိေနတဲ့ ဗက္ေဟာ့တ္က အပိုင္ပိတ္သြင္းခဲ့တာပါ။
ပယ္လစ္စထရီရဲ႕ စြမ္းေဆာင္ရည္အေပၚ ယူႏိုက္တက္ပရိသတ္ေတြက

အားရေက်နပ္ေနၿပီး သူ႔ကို အခုထက္ ပြဲကစားခ်ိန္ပိုေပးဖို႔ ေတာင္းဆိုေနၾက
ပါတယ္။