လူငယ်ကြယ်ပွင့် ဂါနာချိုကို (၅)နှစ်သက်တမ်းတိုးဖို့ ယူနိုက်တက် သဘောတူညီမှုရရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ အာဂျင်တီးနား

လူငယ်ကြယ်ပွင့် ဂါနာချိုကို စာချုပ်သက်တမ်းတိုးဖို့အတွက်
လိုအပ်တဲ့အချက်တွေ သဘောတူညီမှုရသွားပြီဖြစ်တာကြောင့်
မကြာခင် နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်တယ်လို့
သတင်းထွက်နေပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ တောင်ပံတိုက်စစ်ကစားသမား
ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြကစားနေပြီး
သူ့ရဲ့အသက်အရွယ်နဲ့မလိုက်တဲ့ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်

အသင်းက စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဂါနာချိုရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်အထိ ကျန်ရှိနေပေမယ့်

ယူနိုက်တက်အသင်းဟာ ဂါနာချိုကို စာချုပ်သစ်ချုပ်ဖို့ ပြီးခဲ့တဲ့လတွေ
ကတည်းက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး မကြာခင် အပြီးသတ်နိုင်တော့မှာ
ဖြစ်တယ်လို့ နာမည်ကျော် ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စာချုပ်သစ်အရ ဂါနာချိုဟာ လက်ရှိရနေတဲ့ လစာငွေထက် ပိုများတဲ့ပမာဏကို
ခံစားခွင့်ရမှာဖြစ်သလို အသင်းအတွက် ခြေစွမ်းပြနိုင်လေလေ .လစာငွေကလည်း
ပိုမြင့်တက်လာမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဂါနာချိုကို (၅)နှစ်
စာချုပ်သက်တမ်းတိုးသွားမှာဖြစ်ပြီး ဂါနာချိုဟာ အသင်းမှာ နှစ်အကြာကြီး

ဆက်ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

ယာယီနည်းပြဟောင်း ရန်နစ်ခ်လက်ထက်မှာ စီနီယာအသင်းအတွက် ပွဲဦးထွက်

ခွင့်ရခဲ့သူ ဂါနာချိုဟာ အခုလက်ရှိနည်းပြအဲရစ်တန်ဟက်လက်အောက်မှာ
အဓိက,ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားနေပြီး (၂၅)ပွဲကစား၊
(၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ အာဂ်င္တီးနား
လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳကို စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္
လိုအပ္တဲ့အခ်က္ေတြ သေဘာတူညီမႈရသြားၿပီျဖစ္တာေၾကာင့္
မၾကာခင္ ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မွာျဖစ္တယ္လို႔

သတင္းထြက္ေနပါတယ္။

အသက္(၁၈)ႏွစ္သာရွိေသးတဲ့ ေတာင္ပံတိုက္စစ္ကစားသမား

ဂါနာခ်ိဳဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္ ေျခစြမ္းျပကစားေနၿပီး
သူ႔ရဲ႕အသက္အ႐ြယ္နဲ႔မလိုက္တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ယူႏိုက္တက္
အသင္းက စာခ်ဳပ္သက္တမ္းတိုးဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ဂါနာခ်ိဳရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္အထိ က်န္ရွိေနေပမယ့္
ယူႏိုက္တက္အသင္းဟာ ဂါနာခ်ိဳကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ၿပီးခဲ့တဲ့လေတြ
ကတည္းက စီစဥ္ေဆာင္႐ြက္ခဲ့တာျဖစ္ၿပီး မၾကာခင္ အၿပီးသတ္ႏိုင္ေတာ့မွာ
ျဖစ္တယ္လို႔ နာမည္ေက်ာ္ ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

စာခ်ဳပ္သစ္အရ ဂါနာခ်ိဳဟာ လက္ရွိရေနတဲ့ လစာေငြထက္ ပိုမ်ားတဲ့ပမာဏကို
ခံစားခြင့္ရမွာျဖစ္သလို အသင္းအတြက္ ေျခစြမ္းျပႏိုင္ေလေလ .လစာေငြကလည္း

ပိုျမင့္တက္လာမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဂါနာခ်ိဳကို (၅)ႏွစ္
စာခ်ဳပ္သက္တမ္းတိုးသြားမွာျဖစ္ၿပီး ဂါနာခ်ိဳဟာ အသင္းမွာ ႏွစ္အၾကာႀကီး
ဆက္ကစားခြင့္ရရွိမွာလည္းျဖစ္ပါတယ္။

ယာယီနည္းျပေဟာင္း ရန္နစ္ခ္လက္ထက္မွာ စီနီယာအသင္းအတြက္ ပြဲဦးထြက္
ခြင့္ရခဲ့သူ ဂါနာခ်ိဳဟာ အခုလက္ရွိနည္းျပအဲရစ္တန္ဟက္လက္ေအာက္မွာ
အဓိက,ကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပကစားေနၿပီး (၂၅)ပြဲကစား၊
(၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။