လူငယ်ကြယ်ပွင့် ဂါနာချိုကို လက်ရှိလစာထက် (၁၀)ဆအထိ တိုးမြှင့်ပေးပြီး စာချုပ်သက်တမ်းတိုးမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုနဲ့ စာချုပ်

သက်တမ်းတိုးမယ့် ကိစ္စဆွေးနွေးမှု အခြေအနေ တိုးတက်လာတဲ့အတွက် ကျေနပ်
ဝမ်းမြောက်နေပါတယ်။

အသက်(၁၈)နှစ်သာရှိသေးတဲ့ အာဂျင်တီးနားလူငယ်တိုက်စစ်ကစားသမား
ဂါနာချိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ယူနိုက်တက်အသင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံ
နောက်ဆုံး(၄)ပွဲမှာ (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်မှာ ဂါနာချိုဟာ တစ်ပတ်ကို ပေါင်(၅,၀၀၀)သာ
ရရှိနေပြီး စာချုပ်သက်တမ်းတိုးဖြစ်မယ်ဆိုရင် လက်ရှိလစာထက် (၁၀)ဆ ပမာဏဖြစ်တဲ့
ပေါင်(၅၀,၀၀၀)အထိရရှိသွားမှာဖြစ်တယ်လို့ Manchester Evening News
သတင်းစာက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၂၀ ခုနှစ်က ဂါနာချိုကို အက်သလက်တီကိုအကယ်ဒမီကနေ
ပေါင်(၄၂၀,၀၀၀)နဲ့ခေါ်ယူခဲ့ပြီး (၁)နှစ်အကြာမှာပဲ ဂါနာချိုနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်

ချုပ်ဆိုခဲ့ပါတယ်။

ဂါနာချိုရဲ့ လက်ရှိစာချုပ်က ၂၀၂၄ ခုနှစ်မှ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် သူ့ရဲ့

အံ့အားသင့်စရာခြေစွမ်းပြနေမှုကြောင့် လာလီဂါထိပ်သီး ရီးယဲလ်အပါအဝင် ကလပ်တချို့က
ပစ်မှတ်ထားနေတဲ့အတွက် ယူနိုက်တက်တို့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳနဲ႔ စာခ်ဳပ္
သက္တမ္းတိုးမယ့္ ကိစၥေဆြးေႏြးမႈ အေျခအေန တိုးတက္လာတဲ့အတြက္ ေက်နပ္
ဝမ္းေျမာက္ေနပါတယ္။

အသက္(၁၈)ႏွစ္သာရွိေသးတဲ့ အာဂ်င္တီးနားလူငယ္တိုက္စစ္ကစားသမား
ဂါနာခ်ိဳဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ
ေနာက္ဆုံး(၄)ပြဲမွာ (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ၿပီး ေျခစြမ္းျပကစားခဲ့ပါတယ္။

အခုေလာေလာဆယ္ ယူႏိုက္တက္မွာ ဂါနာခ်ိဳဟာ တစ္ပတ္ကို ေပါင္(၅,၀၀၀)သာ
ရရွိေနၿပီး စာခ်ဳပ္သက္တမ္းတိုးျဖစ္မယ္ဆိုရင္ လက္ရွိလစာထက္ (၁၀)ဆ ပမာဏျဖစ္တဲ့
ေပါင္(၅၀,၀၀၀)အထိရရွိသြားမွာျဖစ္တယ္လို႔ Manchester Evening News

သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၂၀၂၀ ခုႏွစ္က ဂါနာခ်ိဳကို အက္သလက္တီကိုအကယ္ဒမီကေန

ေပါင္(၄၂၀,၀၀၀)နဲ႔ေခၚယူခဲ့ၿပီး (၁)ႏွစ္အၾကာမွာပဲ ဂါနာခ်ိဳနဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္
ခ်ဳပ္ဆိုခဲ့ပါတယ္။

ဂါနာခ်ိဳရဲ႕ လက္ရွိစာခ်ဳပ္က ၂၀၂၄ ခုႏွစ္မွ သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္ သူ႔ရဲ႕
အံ့အားသင့္စရာေျခစြမ္းျပေနမႈေၾကာင့္ လာလီဂါထိပ္သီး ရီးယဲလ္အပါအဝင္ ကလပ္တခ်ိဳ႕က
ပစ္မွတ္ထားေနတဲ့အတြက္ ယူႏိုက္တက္တို႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။