
ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ မန်စီးတီးအသင်းရဲ့ နော်ဝေ
လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းကို ပေါင်(၁၇၅)သန်းနဲ့ကမ်းလှမ်းဖို့
အံ့အားသင့်စရာကောင်းအောင် စတင်ပြင်ဆင်နေပြီဆိုတဲ့ သတင်းတွေ
ထွက်ပေါ်လာပါတယ်။
PSG အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ
ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့တဲ့အတွက် (၂)ရာသီဆက်တိုက်
ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ အဲဒါကြောင့်
အသင်းပိုင်ရှင်တွေဟာ သူတို့ရဲ့ အဓိကပစ်မှတ် ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့
အတွက် နာမည်ကျော်ကစားသမားတွေကို နောက်ထပ်ခေါ်ယူအားဖြည့်သွား
မှာဖြစ်ပြီး ဟာလန်းကို ပစ်မှတ်ထားနေပါတယ်။
အခုလောလောဆယ် PSG အသင်းဟာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်တွေ
ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ ဘာပေတို့ကို ပိုင်ဆိုင်ထားပေမယ့် ၂၀၀၀ ဝန်းကျင်က
လာလီဂါထိပ်သီး ရီးယဲလ်လို ‘ကြယ်စင်စု (Galacticos)’အသင်းမျိုးဖြစ်အောင်
တည်ဆောက်သွားချင်နေတာဖြစ်ပါတယ်။ ပြင်သစ်အားကစားဂျာနယ်လစ်
တစ်ဦးဖြစ်သူ ဒန်နီယဲလ်ရီအိုလိုက PSG အသင်းဟာ တိုက်စစ်မှာ ဟာလန်းနဲ့
ဘာပေကို တွဲဖက်အသုံးပြုဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီရာသီအစကမှ ဒေ့ါမွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့သူ ဟာလန်းဟာ
မန်စီးတီးကစားသမားဘ၀ ပွဲဦးထွက်ရာသီမှာပဲ ခြေစွမ်းပြဂိုးတွေသွင်းနေပြီး
ပရီးမီးယားလိဂ်မှာ (၂၈)ဂိုးအထိ သွင်းခဲ့သလို ပြိုင်ပွဲစုံမှာလည်း (၃၅)ပွဲကစား၊
(၃၄)ဂိုးသွင်းယူခဲ့ပါတယ်။
PSG အသင်းရဲ့ နာမည်ကျော်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊
နေမာတို့ဟာ အသက်(၃၅)နှစ်နဲ့ (၃၁)နှစ်အရွယ်ရှိပြီဖြစ်သလို အနာဂတ်
မသေမချာဖြစ်နေတာကြောင့် PSG အသင်းဟာ တိုက်စစ်ပိုင်းအတွက်
အားဖြည့်ချင်နေပြီး ဟာလန်းကို ပေါင်(၁၇၅)သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီ
ဖြစ်ပါတယ်။
[Zawgyi]
ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဟာ မန္စီးတီးအသင္းရဲ႕ ေနာ္ေဝ
လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး ဟာလန္းကို ေပါင္(၁၇၅)သန္းနဲ႔ကမ္းလွမ္းဖို႔
အံ့အားသင့္စရာေကာင္းေအာင္ စတင္ျပင္ဆင္ေနၿပီဆိုတဲ့ သတင္းေတြ
ထြက္ေပၚလာပါတယ္။
PSG အသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ
ဘိုင္ယန္ျမဴးနစ္ကို ႏွစ္ေက်ာ့စလုံးရႈံးနိမ့္ခဲ့တဲ့အတြက္ (၂)ရာသီဆက္တိုက္
ရႈံးထြက္(၁၆)သင္းအဆင့္ကေန ထြက္ခဲ့ရၿပီျဖစ္ပါတယ္။ အဲဒါေၾကာင့္
အသင္းပိုင္ရွင္ေတြဟာ သူတို႔ရဲ႕ အဓိကပစ္မွတ္ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ဖို႔
အတြက္ နာမည္ေက်ာ္ကစားသမားေတြကို ေနာက္ထပ္ေခၚယူအားျဖည့္သြား
မွာျဖစ္ၿပီး ဟာလန္းကို ပစ္မွတ္ထားေနပါတယ္။
အခုေလာေလာဆယ္ PSG အသင္းဟာ ကမာၻ႔အေကာင္းဆုံးစာရင္းဝင္ေတြ
ျဖစ္တဲ့ မက္ဆီ၊ ေနမာ၊ ဘာေပတို႔ကို ပိုင္ဆိုင္ထားေပမယ့္ ၂၀၀၀ ဝန္းက်င္က
လာလီဂါထိပ္သီး ရီးယဲလ္လို ‘ၾကယ္စင္စု (Galacticos)’အသင္းမ်ိဳးျဖစ္ေအာင္
တည္ေဆာက္သြားခ်င္ေနတာျဖစ္ပါတယ္။ ျပင္သစ္အားကစားဂ်ာနယ္လစ္
တစ္ဦးျဖစ္သူ ဒန္နီယဲလ္ရီအိုလိုက PSG အသင္းဟာ တိုက္စစ္မွာ ဟာလန္းနဲ႔
ဘာေပကို တြဲဖက္အသုံးျပဳဖို႔ ဆႏၵရွိေနတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ဒီရာသီအစကမွ ေဒ့ါမြန္ကေန မန္စီးတီးကို ေျပာင္းေ႐ႊ႕ခဲ့သူ ဟာလန္းဟာ
မန္စီးတီးကစားသမားဘ၀ ပြဲဦးထြက္ရာသီမွာပဲ ေျခစြမ္းျပဂိုးေတြသြင္းေနၿပီး
ပရီးမီးယားလိဂ္မွာ (၂၈)ဂိုးအထိ သြင္းခဲ့သလို ၿပိဳင္ပြဲစုံမွာလည္း (၃၅)ပြဲကစား၊
(၃၄)ဂိုးသြင္းယူခဲ့ပါတယ္။
PSG အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊
ေနမာတို႔ဟာ အသက္(၃၅)ႏွစ္နဲ႔ (၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သလို အနာဂတ္
မေသမခ်ာျဖစ္ေနတာေၾကာင့္ PSG အသင္းဟာ တိုက္စစ္ပိုင္းအတြက္
အားျဖည့္ခ်င္ေနၿပီး ဟာလန္းကို ေပါင္(၁၇၅)သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီ
ျဖစ္ပါတယ္။