လူကောင်ကြီးသလောက် တကယ်မြန်တဲ့ ဖိုက်တာစစ်စစ်ပဲလို့ ဟာလန်းကို စီးတီးပရိသတ်တွေ ချီးကျူးနေကြ

ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ဝ-၂ ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အနိုင်ဂိုးတွေအားလုံးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးသစ်ဟာလန်းကို မန်စီးတီးပရိသတ်တွေ

ကျေနပ်နေကြပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပထမပိုင်းမှာ သူ့ကြောင့်ရတဲ့ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဒီဘရိုင်းဖန်တီးပေးတာကို

အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ စတင်ခြေချတာနဲ့ ဂိုးတွေသွင်းနိုင်ခဲ့တာကြောင့် ကာယကံရှင်လည်း ပျော်ရွှင်နေပါတယ်။ “ ကောင်းတာပေါ့ဗျာ။ ၂ ဂိုးပြတ်နိုင်တယ်။

ဂိုးတွေအားလုံးသွင်းနိုင်ခဲ့တယ်။ ဒီထက်ကောင်းတာတောင် ဒီလောက်မကောင်းနိုင်တော့ပါဘူး။ ကျွန်တော်တို့ ဒီအတိုင်းဆက်သွားကြရမှာပါ ” လို့ ပွဲအပြီးမှာ ဟာလန်းက ဖွင့်ဟလိုက်ပါတယ်။

မန်စီးတီးပရိသတ်တွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ သူတို့တိုက်စစ်မှူးကို ချီးမွန်းခန်းဖွင့်နေကြတာပါပဲ။ “ လုံးဝကြောက်စရာကောင်းတယ်။ သူက လူကောင်ကြီးသလောက်မြန်တယ် ” လို့

ပရိသတ်တစ်ယောက်က ရေးထားသလို နောက်တစ်ယောက်ကလည်း “ ဟာလန်းရဲ့အမြန်နှုန်းက ရူးလောက်တယ် ” လို့ ရေးထားပါတယ်။ တချို့ပရိသတ်တွေဆိုရင် ဒီခန္ဓာကိုယ်ကြီးနဲ့

ဒီလိုမြန်တာ ယုံတောင်မယုံနိုင်ဘူးလို့ မှတ်ချက်ပေးနေကြတာပါ။ ဟာလန်းဟာ အဂွဲရိုးနောက်ပိုင်း ကစားသမားသစ်တစ်ယောက်အနေနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ၂ ဂိုးသွင်းနိုင်တဲ့

ပထမဆုံး မန်စီးတီးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒီပွဲကို သူ့ရဲ့ဖခင်ဖြစ်သူ မန်စီးတီးကစားသမားဟောင်း အယ်လ်ဖီဟာလန်းလည်း လာရောက်အားပေးသွားခဲ့ပါတယ်။

(zawgyi)

ဝက္စ္ဟမ္းကို အေဝးကြင္းမွာ ဝ-၂ ဂိုးနဲ႔အႏိုင္ရတဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ အႏိုင္ဂိုးေတြအားလုံးသြင္းေပးခဲ့တဲ့ တိုက္စစ္မႉးသစ္ဟာလန္းကို မန္စီးတီးပရိသတ္ေတြ ေက်နပ္ေနၾကပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ပထမပိုင္းမွာ သူ႔ေၾကာင့္ရတဲ့ ပင္နယ္တီကေန ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဒီဘ႐ိုင္းဖန္တီးေပးတာကို အေကာင္းဆုံး အဆုံးသတ္ႏိုင္ခဲ့တာပါ။

ပရီးမီးယားလိဂ္မွာ စတင္ေျခခ်တာနဲ႔ ဂိုးေတြသြင္းႏိုင္ခဲ့တာေၾကာင့္ ကာယကံရွင္လည္း ေပ်ာ္႐ႊင္ေနပါတယ္။ “ ေကာင္းတာေပါ့ဗ်ာ။ ၂ ဂိုးျပတ္ႏိုင္တယ္။ ဂိုးေတြအားလုံးသြင္းႏိုင္ခဲ့တယ္။ ဒီထက္ေကာင္းတာေတာင္

ဒီေလာက္မေကာင္းႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္တို႔ ဒီအတိုင္းဆက္သြားၾကရမွာပါ ” လို႔ ပြဲအၿပီးမွာ ဟာလန္းက ဖြင့္ဟလိုက္ပါတယ္။ မန္စီးတီးပရိသတ္ေတြကလည္း ဆိုရွယ္မီဒီယာေပၚမွာ

သူတို႔တိုက္စစ္မႉးကို ခ်ီးမြန္းခန္းဖြင့္ေနၾကတာပါပဲ။ “ လုံးဝေၾကာက္စရာေကာင္းတယ္။ သူက လူေကာင္ႀကီးသေလာက္ျမန္တယ္ ” လို႔ ပရိသတ္တစ္ေယာက္က ေရးထားသလို ေနာက္တစ္ေယာက္ကလည္း

“ ဟာလန္းရဲ႕အျမန္ႏႈန္းက ႐ူးေလာက္တယ္ ” လို႔ ေရးထားပါတယ္။ တခ်ိဳ႕ပရိသတ္ေတြဆိုရင္ ဒီခႏၶာကိုယ္ႀကီးနဲ႔ ဒီလိုျမန္တာ ယုံေတာင္မယုံႏိုင္ဘူးလို႔ မွတ္ခ်က္ေပးေနၾကတာပါ။ ဟာလန္းဟာ အဂြဲ႐ိုးေနာက္ပိုင္း

ကစားသမားသစ္တစ္ေယာက္အေနနဲ႔ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ၂ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး မန္စီးတီးကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ဒီပြဲကို သူ႔ရဲ႕ဖခင္ျဖစ္သူ မန္စီးတီးကစားသမားေဟာင္း အယ္လ္ဖီဟာလန္းလည္း လာေရာက္အားေပးသြားခဲ့ပါတယ္။