လူကာကူနေရာမှာ ပေါင် သန်း ၅၀ တန် စတာလင်းနဲ့ ချဲလ်ဆီး အစားထိုး

ချဲလ်ဆီးအသင်းကတော့ မန်စီးတီးတိုက်စစ်မှူးစတာလင်းကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားပြီလို့သိရပါတယ်။ စနေနေ့ စတင်မယ့် သူတို့ရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်အမီ

အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ချင်နေတယ်လို့လည်း ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဖေါ်ပြပါတယ်။ အင်္ဂလန်သားဟာ ချဲလ်ဆီးရဲ့နွေရာသီ ဦးစားပေးအဓိကပစ်မှတ်ဖြစ်ခဲ့တာပါ။

ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင်ရှိလိမ့်မယ်လို့လည်း ရေးသားထားပါတယ်။ အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှူးအတွက်တော့

အီတီဟတ်မှာကျင်လည်ခဲ့တဲ့ ၇ နှစ်တာကာလ အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ ချဲလ်ဆီးနည်းပြတူချယ်က အခရာကျခဲ့ပြီး

သီတင်းနှစ်ပတ်ကြာမြင့်မယ့် ရာသီကြိုခရီးစဉ်မှာ လိုက်ပါနိုင်ဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လန်ဒန်အနောက်ပိုင်းကလပ်ဟာ လော့စ်အိန်ဂျယ်လိစ်ကို ခရီးဆန့်မှာဖြစ်ပြီး

သီတင်းတစ်ပတ်ကြာလေ့ကျင့်ပြီးတဲ့နောက် လက်စ်ဗီးဂတ်စ်မှာ မက္ကဆီကိုရဲ့ကလပ်အမေရိကနဲ့ ခြေစမ်းဖို့ရှိနေပါတယ်။ အဲဒီနောက် ချာလော့တီမှာ အိမ်ရှင်မေဂျာလိဂ်အသင်းနဲ့ ခြေစမ်းပြီး အော်လန်ဒိုမှာ

အာဆင်နယ်နဲ့ နောက်ဆုံးခြေစမ်းမှာဖြစ်ပါတယ်။ စတာလင်းရဲ့အပြောင်းအရွှေ့ဟာ ဟာလန်းကိုရထားတဲ့ မန်စီးတီးရော လူကာကူမရှိတော့တဲ့ ချဲလ်ဆီးအတွက်ပါ အဆင်ပြေတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့တာပါ။

(zawgyi)

ခ်ဲလ္ဆီးအသင္းကေတာ့ မန္စီးတီးတိုက္စစ္မႉးစတာလင္းကိုေခၚယူဖို႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိသြားၿပီလို႔သိရပါတယ္။ စေနေန႔ စတင္မယ့္ သူတို႔ရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္အမီ

အေျပာင္းအေ႐ႊ႕ကိစၥ အၿပီးသတ္ခ်င္ေနတယ္လို႔လည္း ၿဗိတိန္အေျခစိုက္ The Sun သတင္းစာက ေဖၚျပပါတယ္။ အဂၤလန္သားဟာ ခ်ဲလ္ဆီးရဲ႕ေႏြရာသီ ဦးစားေပးအဓိကပစ္မွတ္ျဖစ္ခဲ့တာပါ။

ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၅၀ ဝန္းက်င္ရွိလိမ့္မယ္လို႔လည္း ေရးသားထားပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးအတြက္ေတာ့ အီတီဟတ္မွာက်င္လည္ခဲ့တဲ့ ၇ ႏွစ္တာကာလ

အဆုံးသတ္သြားေတာ့မွာျဖစ္ပါတယ္။ ဒီအေျပာင္းအေ႐ႊ႕မွာ ခ်ဲလ္ဆီးနည္းျပတူခ်ယ္က အခရာက်ခဲ့ၿပီး သီတင္းႏွစ္ပတ္ၾကာျမင့္မယ့္ ရာသီႀကိဳခရီးစဥ္မွာ လိုက္ပါႏိုင္ဖို႔ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

လန္ဒန္အေနာက္ပိုင္းကလပ္ဟာ ေလာ့စ္အိန္ဂ်ယ္လိစ္ကို ခရီးဆန႔္မွာျဖစ္ၿပီး သီတင္းတစ္ပတ္ၾကာေလ့က်င့္ၿပီးတဲ့ေနာက္ လက္စ္ဗီးဂတ္စ္မွာ မကၠဆီကိုရဲ႕ကလပ္အေမရိကနဲ႔ ေျခစမ္းဖို႔ရွိေနပါတယ္။

အဲဒီေနာက္ ခ်ာေလာ့တီမွာ အိမ္ရွင္ေမဂ်ာလိဂ္အသင္းနဲ႔ ေျခစမ္းၿပီး ေအာ္လန္ဒိုမွာ အာဆင္နယ္နဲ႔ ေနာက္ဆုံးေျခစမ္းမွာျဖစ္ပါတယ္။ စတာလင္းရဲ႕အေျပာင္းအေ႐ႊ႕ဟာ ဟာလန္းကိုရထားတဲ့ မန္စီးတီးေရာ လူကာကူမရွိေတာ့တဲ့ ခ်ဲလ္ဆီးအတြက္ပါ အဆင္ေျပတဲ့အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္ခဲ့တာပါ။