လီဝမ်ဒေါစကီးနေရာမှာ ဟယ်ရီကိန်းနဲ့အစားထိုးချင်တယ်လို့ အိုလီဗာခန်း အတည်ပြု

ဘိုင်ယန်မြူးနစ်ဟာ လီဝမ်ဒေါစကီးကို ဘာစီလိုနာဆီ ပေါင် ၄၂.၅ သန်းနဲ့ လက်လွှတ်လိုက်ရတဲ့နောက် ဗဟိုတိုက်စစ်မှူးသစ် ရှာပုံတော်ဖွင့်လာပါတယ်။

ဂျာမန်အခြေစိုက် Bild သတင်းစာကတော့ ဘာဗေးရီးယန်းတွေဟာ ပိုလန်တိုက်စစ်မှူးနေရာမှာ စပါးရဲ့ဟယ်ရီကိန်းနဲ့အစားထိုးချင်နေတယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ ဖေါ်ပြခဲ့ပါတယ်။

ဒါ့အပြင် အသက် ၂၈ နှစ်အရွယ်အင်္ဂလန်သားကို လန်ဒန်မြောက်ပိုင်းကလပ်ဆီက ဆွဲထုတ်နိုင်မယ်လို့လည်း ဘွန်ဒက်စ်လီဂါကလပ်က ယုံကြည်နေကြောင်း ရေးသားခဲ့ပါတယ်။

အခုတော့ ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် ဂန္ထဝင်ဂိုးသမားကြီးအိုလီဗာခန်းကိုယ်တိုင် ဟယ်ရီကိန်းဟာ သူတို့ရဲ့ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ အတည်ပြုလိုက်ပါပြီ။

“ သူက စပါးနဲ့စာချုပ်ရှိနေပါတယ်။ သေချာတာကတော့ သူဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေအားလုံးက အနာဂတ်ရဲ့အိပ်မက်တစ်ခုပါ။

အခုတော့ လက်ရှိရာသီအတွက် အသင်းရဲ့စုစည်းမှုကို ကျွန်တော်တို့ကြည့်ရပါမယ်။ ဒီတော့ ဘာဆက်ဖြစ်မလဲ ကြည့်ရအောင် ” လို့ ဂျာမန်သားကြီးက Bild သတင်းစာကို ဖွင့်ဟလိုက်တာပါ။

ဟယ်ရီကိန်းဟာ ဒီရာသီပြီးရင် စပါးနဲ့စာချုပ်တစ်နှစ်သာ ကျန်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ဟာ လာမယ့်ရာသီအတွက် ယာယီတိုက်စစ်မှူးတစ်ယောက်ခေါ်ယူဖို့သာ

ကြိုးစားဖွယ်ရှိပြီး ၂၀၂၃ မှာတော့ ဟယ်ရီကိန်းအတွက်လှုပ်ရှားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေဈေးကွက်တုန်းကလည်း

မန်စီးတီးရောက်လုနီးပါးဖြစ်ခဲ့ပေမယ့် စပါးဥက္ကဌဒန်နီရယ်လီဗိုင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ တင်းခံခဲ့တာကြောင့် မအောင်မြင်ခဲ့တာပါ။

(zawgyi)

ဘိုင္ယန္ျမဴးနစ္ဟာ လီဝမ္ေဒါစကီးကို ဘာစီလိုနာဆီ ေပါင္ ၄၂.၅ သန္းနဲ႔ လက္လႊတ္လိုက္ရတဲ့ေနာက္ ဗဟိုတိုက္စစ္မႉးသစ္ ရွာပုံေတာ္ဖြင့္လာပါတယ္။ ဂ်ာမန္အေျခစိုက္ Bild သတင္းစာကေတာ့

ဘာေဗးရီးယန္းေတြဟာ ပိုလန္တိုက္စစ္မႉးေနရာမွာ စပါးရဲ႕ဟယ္ရီကိန္းနဲ႔အစားထိုးခ်င္ေနတယ္လို႔ ဒီသီတင္းပတ္အေစာပိုင္းမွာ ေဖၚျပခဲ့ပါတယ္။ ဒါ့အျပင္ အသက္ ၂၈ ႏွစ္အ႐ြယ္အဂၤလန္သားကို

လန္ဒန္ေျမာက္ပိုင္းကလပ္ဆီက ဆြဲထုတ္ႏိုင္မယ္လို႔လည္း ဘြန္ဒက္စ္လီဂါကလပ္က ယုံၾကည္ေနေၾကာင္း ေရးသားခဲ့ပါတယ္။ အခုေတာ့ ဘိုင္ယန္ျမဴးနစ္အမႈေဆာင္ခ်ဳပ္ ဂႏၴဝင္ဂိုးသမားႀကီးအိုလီဗာခန္းကိုယ္တိုင္

ဟယ္ရီကိန္းဟာ သူတို႔ရဲ႕ဦးစားေပးပစ္မွတ္ျဖစ္တယ္လို႔ အတည္ျပဳလိုက္ပါၿပီ။ “ သူက စပါးနဲ႔စာခ်ဳပ္ရွိေနပါတယ္။ ေသခ်ာတာကေတာ့ သူဟာ ထိပ္တန္းတိုက္စစ္မႉးတစ္ေယာက္ ဆိုတာပါပဲ။

ဒါေပမဲ့ ဒါေတြအားလုံးက အနာဂတ္ရဲ႕အိပ္မက္တစ္ခုပါ။ အခုေတာ့ လက္ရွိရာသီအတြက္ အသင္းရဲ႕စုစည္းမႈကို ကြၽန္ေတာ္တို႔ၾကည့္ရပါမယ္။ ဒီေတာ့ ဘာဆက္ျဖစ္မလဲ ၾကည့္ရေအာင္ ” လို႔

ဂ်ာမန္သားႀကီးက Bild သတင္းစာကို ဖြင့္ဟလိုက္တာပါ။ ဟယ္ရီကိန္းဟာ ဒီရာသီၿပီးရင္ စပါးနဲ႔စာခ်ဳပ္တစ္ႏွစ္သာ က်န္ေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဘိုင္ယန္ျမဴးနစ္ဟာ လာမယ့္ရာသီအတြက္

ယာယီတိုက္စစ္မႉးတစ္ေယာက္ေခၚယူဖို႔သာ ႀကိဳးစားဖြယ္ရွိၿပီး ၂၀၂၃ မွာေတာ့ ဟယ္ရီကိန္းအတြက္လႈပ္ရွားလိမ့္မယ္လို႔ သုံးသပ္ထားပါတယ္။ သူဟာ ၿပီးခဲ့တဲ့ေႏြေဈးကြက္တုန္းကလည္း

မန္စီးတီးေရာက္လုနီးပါးျဖစ္ခဲ့ေပမယ့္ စပါးဥကၠဌဒန္နီရယ္လီဗိုင္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၁၅၀ တင္းခံခဲ့တာေၾကာင့္ မေအာင္ျမင္ခဲ့တာပါ။