လီဝမ်ဒေါစကီးနာမည်ပါတဲ့ ဘာစီလိုနာအင်္ကျီတွေ ဝယ်မရတော့ဘူး ..

ဘာစီလိုနာအသင်းရဲ့တရားဝင်ကလပ်ဆိုင်မှာ လီဝမ်ဒေါစကီးနာမည်ပါတဲ့အင်္ကျီတွေ ဝယ်မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ “ W ” စာလုံး ကုန်သွားလို့ပါ။

ဘိုင်ယန်မြူးနစ်ကနေ ပေါင် ၄၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ လီဝမ်ဒေါစကီးဟာ တကယ်လို့ ဒီပေးထွက်ရင် နံပါတ် ၉ ဝတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ လောလောဆယ်တော့ နူးကမ့်အပြင်ဘက်က အသင်းရဲ့တရားဝင်စတိုးဆိုင်ကြီးမှာ ပိုလန်သားနာမည်ပါတဲ့အင်္ကျီတွေ ဝယ်လို့မရသေးပါဘူး။

“ လီဝမ်ဒေါစကီးပါတဲ့အင်္ကျီတွေ ကျွန်တော်တို့ ဘာကြောင့်ဝယ်မရတာလဲ ” လို့ ပရိသတ်တစ်ယောက်က မေးခဲ့ပါတယ်။ ဒီတော့ ဆိုင်ဝန်ထမ်းက

“ ကျွန်တော်တို့မှာ W စာလုံး မရှိတော့လို့ပါ။ ပြီးတော့ သူ့နာမည်မှာကလည်း W စာလုံး ၂ လုံးပါနေတယ်လေ။ ကျွန်တော်တို့မှာ အဲဒါကုန်သွားပါပြီ ” လို့

ပြန်ဖြေခဲ့ပါတယ်။ W စာလုံးပါတဲ့ တစ်ခြားဘာစီလိုနာအင်္ကျီကတော့ မာတင်ဘရစ်ဝိတ်ဖြစ်ပြီး သူ့အင်္ကျီရော ပြတ်နေတာပဲလားဆိုတာတော့ ပရိသတ်က မမေးခဲ့ပါဘူး။

လီဝမ်ဒေါစကီးဟာ ဘာစီလိုနာရဲ့ရာသီကြိုခရီးစဉ်မှာ သွားရောက်ပူးပေါင်းနေပြီဖြစ်ပြီး လာလီဂါမှာ ဘဝသစ်စရတော့မှာကို မစောင့်နိုင်အောင်ဖြစ်နေတယ်လို့

ဖွင့်ဟထားပါတယ်။ သူ့အတွက် တရားဝင်နံပါတ်မရွေးရသေးပေမယ့် ဘာစီလိုနာကတော့ နံပါတ် ၉ ကို ဝတ်စေချင်နေတယ်လို့ သိရပါတယ်။

(zawgyi)

ဘာစီလိုနာအသင္းရဲ႕တရားဝင္ကလပ္ဆိုင္မွာ လီဝမ္ေဒါစကီးနာမည္ပါတဲ့အက်ႌေတြ ဝယ္မရေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ “ W ” စာလုံး ကုန္သြားလို႔ပါ။

ဘိုင္ယန္ျမဴးနစ္ကေန ေပါင္ ၄၂ သန္းနဲ႔ေျပာင္းေ႐ႊ႕လာခဲ့တဲ့ လီဝမ္ေဒါစကီးဟာ တကယ္လို႔ ဒီေပးထြက္ရင္ နံပါတ္ ၉ ဝတ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ႏူးကမ့္အျပင္ဘက္က အသင္းရဲ႕တရားဝင္စတိုးဆိုင္ႀကီးမွာ ပိုလန္သားနာမည္ပါတဲ့အက်ႌေတြ ဝယ္လို႔မရေသးပါဘူး။

“ လီဝမ္ေဒါစကီးပါတဲ့အက်ႌေတြ ကြၽန္ေတာ္တို႔ ဘာေၾကာင့္ဝယ္မရတာလဲ ” လို႔ ပရိသတ္တစ္ေယာက္က ေမးခဲ့ပါတယ္။ ဒီေတာ့ ဆိုင္ဝန္ထမ္းက

“ ကြၽန္ေတာ္တို႔မွာ W စာလုံး မရွိေတာ့လို႔ပါ။ ၿပီးေတာ့ သူ႔နာမည္မွာကလည္း W စာလုံး ၂ လုံးပါေနတယ္ေလ။ ကြၽန္ေတာ္တို႔မွာ အဲဒါကုန္သြားပါၿပီ ” လို႔ ျပန္ေျဖခဲ့ပါတယ္။

W စာလုံးပါတဲ့ တစ္ျခားဘာစီလိုနာအက်ႌကေတာ့ မာတင္ဘရစ္ဝိတ္ျဖစ္ၿပီး သူ႔အက်ႌေရာ ျပတ္ေနတာပဲလားဆိုတာေတာ့ ပရိသတ္က မေမးခဲ့ပါဘူး။

လီဝမ္ေဒါစကီးဟာ ဘာစီလိုနာရဲ႕ရာသီႀကိဳခရီးစဥ္မွာ သြားေရာက္ပူးေပါင္းေနၿပီျဖစ္ၿပီး လာလီဂါမွာ ဘဝသစ္စရေတာ့မွာကို မေစာင့္ႏိုင္ေအာင္ျဖစ္ေနတယ္လို႔

ဖြင့္ဟထားပါတယ္။ သူ႔အတြက္ တရားဝင္နံပါတ္မေ႐ြးရေသးေပမယ့္ ဘာစီလိုနာကေတာ့ နံပါတ္ ၉ ကို ဝတ္ေစခ်င္ေနတယ္လို႔ သိရပါတယ္။