လီဝမ်ဒေါစကီးကို သင်ခန်းစာပေးဖို့ မြူးနစ်မှာ မူလာ စောင့်နေတယ်

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေ ဆက်လက်ကစားကြမယ့် ဒီညမှာ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲ ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ မကြာခဏရေစက်ဆုံလေ့ရှိတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ ပွဲစဉ်ပါပဲ။

ပြီးခဲ့တဲ့ရာသီ အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့ကြစဉ်က ဘာစီလိုနာဟာ ၈-၂ ဂိုးဆိုတဲ့ သမိုင်းဝင်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရာသီမှာတော့ ဘိုင်ယန်မြူးနစ်က အင်တာမီလန်ကို ၂-၀ ဂိုး၊ ဘာစီလိုနာက ဗစ်တိုးရီးယားပယ်လ်ဇန်ကို ၅-၁ ဂိုးနဲ့

အနိုင်ရထားတာကြောင့် ကြည့်ကောင်းဦးမှာ သေချာပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နွေဈေးကွက်မှာ မြူးနစ်ကိုစွန့်ခွာပြီး ဘာစီလိုနာကိုပြောင်းရွှေ့သွားတဲ့ လီဝမ်ဒေါစကီးနဲ့ အသင်းဟောင်း ပြန်ဆုံမှာက စောင့်ကြည့်ချင်စရာဖြစ်နေတာပါ။

ဒါပေမဲ့ အသင်းဖော်ဟောင်း တိုက်စစ်မှူးမူလာကတော့ နူးကမ့်ကိုရွေးချယ်သွားတာ ပိုလန်သားမှားယွင်းကြောင်း သက်သေပြမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကြုံးဝါးလိုက်ပါတယ်။ “ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။

ဒါပေမဲ့ ဘိုင်ယန်ကိုစွန့်ခွာသွားတာ မှားယွင်းကြောင်းကိုတော့ ဒီနေ့ သူသိအောင် လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ် ” လို့ မူလာက ပြောခဲ့တာပါ။ လီဝမ်ဒေါစကီးဟာ ဘိုင်ယန်နဲ့အတူ အောင်မြင်မှုတွေသရဖူဆောင်းနိုင်ခဲ့သလို ဘာစီလိုနာမှာလည်း အမြန်ဆုံးအထိုင်ကျသွားခဲ့ပါတယ်။

ကက်တာလန်အတွက် ပြိုင်ပွဲစုံ ၆ ပွဲမှာ ၉ ဂိုး သွင်းပေးထားသလို ၉ ဂိုး ဖန်တီးပေးထားတာပါ။ ဘာစီလိုနာကလည်း ဇာဗီလက်ထက်မှာ ရလဒ်ရောခြေစွမ်းပါကောင်းနေပြီး ၉ ပွဲမှာ ၂၉ ဂိုး သွင်းထားတာကြောင့် မူလာပြောသလောက်လွယ်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

(zawgyi)

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြ ဆက္လက္ကစားၾကမယ့္ ဒီညမွာ စိတ္ဝင္စားစရာပြဲေကာင္းတစ္ပြဲ ရွိေနပါတယ္။ ခ်န္ပီယံလိဂ္မွာ မၾကာခဏေရစက္ဆုံေလ့ရွိတဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ဘာစီလိုနာ ပြဲစဥ္ပါပဲ။ ၿပီးခဲ့တဲ့ရာသီ အုပ္စုအဆင့္မွာ ရင္ဆိုင္ခဲ့ၾကစဥ္က

ဘာစီလိုနာဟာ ၈-၂ ဂိုးဆိုတဲ့ သမိုင္းဝင္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒီရာသီမွာေတာ့ ဘိုင္ယန္ျမဴးနစ္က အင္တာမီလန္ကို ၂-၀ ဂိုး၊ ဘာစီလိုနာက ဗစ္တိုးရီးယားပယ္လ္ဇန္ကို ၅-၁ ဂိုးနဲ႔ အႏိုင္ရထားတာေၾကာင့္ ၾကည့္ေကာင္းဦးမွာ ေသခ်ာပါတယ္။

အထူးသျဖင့္ ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာ ျမဴးနစ္ကိုစြန႔္ခြာၿပီး ဘာစီလိုနာကိုေျပာင္းေ႐ႊ႕သြားတဲ့ လီဝမ္ေဒါစကီးနဲ႔ အသင္းေဟာင္း ျပန္ဆုံမွာက ေစာင့္ၾကည့္ခ်င္စရာျဖစ္ေနတာပါ။ ဒါေပမဲ့ အသင္းေဖာ္ေဟာင္း တိုက္စစ္မႉးမူလာကေတာ့

ႏူးကမ့္ကိုေ႐ြးခ်ယ္သြားတာ ပိုလန္သားမွားယြင္းေၾကာင္း သက္ေသျပမယ္လို႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ႀကဳံးဝါးလိုက္ပါတယ္။ “ သူက ထိပ္တန္းကစားသမားတစ္ေယာက္ပါ။ ဒါေပမဲ့ ဘိုင္ယန္ကိုစြန႔္ခြာသြားတာ မွားယြင္းေၾကာင္းကိုေတာ့

ဒီေန႔ သူသိေအာင္ လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ မူလာက ေျပာခဲ့တာပါ။ လီဝမ္ေဒါစကီးဟာ ဘိုင္ယန္နဲ႔အတူ ေအာင္ျမင္မႈေတြသရဖူေဆာင္းႏိုင္ခဲ့သလို ဘာစီလိုနာမွာလည္း အျမန္ဆုံးအထိုင္က်သြားခဲ့ပါတယ္။

ကက္တာလန္အတြက္ ၿပိဳင္ပြဲစုံ ၆ ပြဲမွာ ၉ ဂိုး သြင္းေပးထားသလို ၉ ဂိုး ဖန္တီးေပးထားတာပါ။ ဘာစီလိုနာကလည္း ဇာဗီလက္ထက္မွာ ရလဒ္ေရာေျခစြမ္းပါေကာင္းေနၿပီး ၉ ပြဲမွာ ၂၉ ဂိုး သြင္းထားတာေၾကာင့္ မူလာေျပာသေလာက္လြယ္ပါ့မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။