လီယွန်နယ်မက်ဆီကို ဘယ်လိုတားဆီးကြမလဲဆိုတဲ့ မယုံနိုင်စရာဗွီဒီယိုတစ်ခု ပျံ့နှံ့နေ

လီယွန်နယ်မက်ဆီကို ဘယ်လိုတားဆီးကြမလဲဆိုတဲ့ မယုံနိုင်စရာဗွီဒီယိုတစ်ခု အွန်လိုင်းမှာပျံ့နှံ့နေပါတယ်။ အာဂျင်တီးနားကြယ်ပွင့်ဟာ ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကစားသမားတစ်ဦးအဖြစ်

သတ်မှတ်ခံထားရသူပါ။ Magical_Messi’ ဆိုတဲ့ အကောင့်ကဖန်တီးလိုက်တဲ့ ဒီဗွီဒီယိုမှာတော့ မက်ဆီကိုရပ်တန့်ဖို့ စစ်မှန်တဲ့နည်းလမ်းရှိမရှိဆိုတာ

ဘောလုံးကမ္ဘာရဲ့အထင်ကရတွေပြောစကားနဲ့အတူ တွေးစရာပေးထားပါတယ်။ ဗွီဒီယိုအစမှာ မက်ဆီနာမည်ကိုမေ့နေတယ်လို့ မော်ရင်ညို နောက်ပြောင်ပုံနဲ့ဖွင့်ထားပါတယ်။

“ မက်ဆီမှာဘောလုံးရှိနေရင်၊ တစ်ယောက်ချင်းရင်ဆိုင်ရမယ်ဆိုရင်၊ မင်း သေပြီ။ ဘောလုံးနဲ့အတူ သူ့ကိုရပ်တန့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ” လို့ စပါယ်ရှယ်ဝမ်းက ပြောသွားခဲ့ပါတယ်။

နောက်ထပ်ပေါ်လာတာက ရီယိုဖာဒီနန်ဖြစ်ပြီး ရွှေဘောလုံးဆုစံချိန်ရှင်ကို ဘယ်လိုတားဆီးမလဲလို့မေးချိန်မှာ “ ကျွန်တော်က နှစ်ကြိမ်လောက်စမ်းကြည့်တဲ့အဖွဲ့ထဲပါတယ်။

ပျက်မသွားပါဘူး။ ဘော်ဒီအားကိုးနဲ့ ဒဏ်ရာပြင်းပြင်းရသွားဖို့ထက် အဲဒီအချိန်မှာ ကျွန်တော် ဘာမှမသိခဲ့ဘူး။ သူ့ကို တစ်ဦးချင်းမှာ ယှဉ်နိုင်သူမရှိပါဘူး။

သူ့ကို ရပ်တန့်နိုင်ဖို့ဆိုရင် ကစားသမား ၃ ယောက်လောက် ဝိုင်းထားဖို့လိုပါတယ် ” လို့ မန်ယူနောက်ခံလူဟောင်းက ဆိုပါတယ်။ အဲဒီနောက် မက်ဆီရဲ့စွမ်းရည်ကို အသိဆုံးလူသားတစ်ယောက်ဖြစ်တဲ့

ဆရာဟောင်းဂွါဒီယိုလာပေါ်လာပါတယ်။ စပိန်သားနည်းပြဟာ ဘိုင်ယန်၊ မန်စီးတီးတို့ကိုကိုင်တွယ်ပြီး မက်ဆီနဲ့ပြန်လည်ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူ့ရဲ့အစီအစဉ်ကတော့ ရှင်းပါတယ်။

ဘောလုံးကို မက်ဆီနဲ့ဝေးဝေးမှာ ထားရုံကလွဲလို့ တခြားနည်းလမ်းမရှိပါဘူးတဲ့။ မက်ဆီကိုတားဆီးဖို့ စစ်မှန်တဲ့နည်းလမ်း ရှာမတွေ့သေးဘူးလို့ ပြောသွားခဲ့ကြတာပါ။

(zawgyi)

လီယြန္နယ္မက္ဆီကို ဘယ္လိုတားဆီးၾကမလဲဆိုတဲ့ မယုံႏိုင္စရာဗြီဒီယိုတစ္ခု အြန္လိုင္းမွာပ်ံ႕ႏွံ႔ေနပါတယ္။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေဘာလုံးေလာကရဲ႕အႀကီးက်ယ္ဆုံးကစားသမားတစ္ဦးအျဖစ္

သတ္မွတ္ခံထားရသူပါ။ Magical_Messi’ ဆိုတဲ့ အေကာင့္ကဖန္တီးလိုက္တဲ့ ဒီဗြီဒီယိုမွာေတာ့ မက္ဆီကိုရပ္တန႔္ဖို႔ စစ္မွန္တဲ့နည္းလမ္းရွိမရွိဆိုတာ ေဘာလုံးကမာၻရဲ႕အထင္ကရေတြေျပာစကားနဲ႔အတူ

ေတြးစရာေပးထားပါတယ္။ ဗြီဒီယိုအစမွာ မက္ဆီနာမည္ကိုေမ့ေနတယ္လို႔ ေမာ္ရင္ညိဳ ေနာက္ေျပာင္ပုံနဲ႔ဖြင့္ထားပါတယ္။ “ မက္ဆီမွာေဘာလုံးရွိေနရင္၊ တစ္ေယာက္ခ်င္းရင္ဆိုင္ရမယ္ဆိုရင္၊ မင္း ေသၿပီ။

ေဘာလုံးနဲ႔အတူ သူ႔ကိုရပ္တန႔္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး ” လို႔ စပါယ္ရွယ္ဝမ္းက ေျပာသြားခဲ့ပါတယ္။ ေနာက္ထပ္ေပၚလာတာက ရီယိုဖာဒီနန္ျဖစ္ၿပီး ေ႐ႊေဘာလုံးဆုစံခ်ိန္ရွင္ကို ဘယ္လိုတားဆီးမလဲလို႔ေမးခ်ိန္မွာ

“ ကြၽန္ေတာ္က ႏွစ္ႀကိမ္ေလာက္စမ္းၾကည့္တဲ့အဖြဲ႕ထဲပါတယ္။ ပ်က္မသြားပါဘူး။ ေဘာ္ဒီအားကိုးနဲ႔ ဒဏ္ရာျပင္းျပင္းရသြားဖို႔ထက္ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္ ဘာမွမသိခဲ့ဘူး။

သူ႔ကို တစ္ဦးခ်င္းမွာ ယွဥ္ႏိုင္သူမရွိပါဘူး။ သူ႔ကို ရပ္တန႔္ႏိုင္ဖို႔ဆိုရင္ ကစားသမား ၃ ေယာက္ေလာက္ ဝိုင္းထားဖို႔လိုပါတယ္ ” လို႔ မန္ယူေနာက္ခံလူေဟာင္းက ဆိုပါတယ္။ အဲဒီေနာက္ မက္ဆီရဲ႕စြမ္းရည္ကို

အသိဆုံးလူသားတစ္ေယာက္ျဖစ္တဲ့ ဆရာေဟာင္းဂြါဒီယိုလာေပၚလာပါတယ္။ စပိန္သားနည္းျပဟာ ဘိုင္ယန္၊ မန္စီးတီးတို႔ကိုကိုင္တြယ္ၿပီး မက္ဆီနဲ႔ျပန္လည္ရင္ဆိုင္ခဲ့ဖူးပါတယ္။

သူ႔ရဲ႕အစီအစဥ္ကေတာ့ ရွင္းပါတယ္။ ေဘာလုံးကို မက္ဆီနဲ႔ေဝးေဝးမွာ ထား႐ုံကလြဲလို႔ တျခားနည္းလမ္းမရွိပါဘူးတဲ့။ မက္ဆီကိုတားဆီးဖို႔ စစ္မွန္တဲ့နည္းလမ္း ရွာမေတြ႕ေသးဘူးလို႔ ေျပာသြားခဲ့ၾကတာပါ။