





ဥရောပညတွေဆို သူဟာ အားကိုးရသူတစ်ယောက်ဆိုတာ လီဗာပူးတိုက်စစ်မှုး
ဖာမီနိုတစ်ယောက် ထပ်မံသက်သေပြနိုင်ခဲ့ပါတယ်။ အဲဒီဘရာဇီးသားဟာ သူကိုယ်တိုင်





ဂိုးသွင်းနိုင်ရေးထက် အသင်းအတွက် ပိုဦးစားပေးသူတစ်ယောက်ဆိုတာ သိထားကြပြီးသားပါ။
တိုက်စစ်မှာ အပြိုင်အဆိုင်များလာလို့ သူဟာ ဒီရာသီ လီဗာပူးမှာ ပုံမှန်ပွဲထွက်ခွင့်
မရတော့ပေမယ့် ဝင်ကစားရတဲ့အချိန်မှာ အကောင်းဆုံးပေးဆပ်နိုင်ခဲ့ပါတယ်။





အရင်ကတည်းက ချန်ပီယံလိဂ်ဂိုးသွင်းမှတ်တမ်းကောင်းရှိထားတဲ့ ဖာမီနိုဟာ
ဘင်ဖီကာနဲ့ဒုတိယအကျော့မှာလည်း ၂ ဂိုးသွင်းနိုင်ခဲ့တာပါ။





အန်ဖီးလ်က ၃-၃ သရေကျသွားခဲ့တဲ့ အဲဒီပွဲမှာ ဖာမီနိုရဲ့သွင်းဂိုးတွေက
လီဗာပူးအသင်းဆီမီးတက်ဖို့ အရေးပါခဲ့ပါတယ်။ ရှားရှားပါးပါးပွဲထွက်ပါနိုင်ခဲ့တဲ့
ဖာမီနိုဟာ ဒုတိယပိုင်း ၅၅ မိနစ်နဲ့ ၆၅ မိနစ်တွေမှာ လီဗာပူးအတွက် ၂-၁၊ ၃-၁ ဖြစ်စေမယ့်





ဂိုးတွေကို သွင်းယူခဲ့တာပါ။ ပထမပိုးနဲ့တင် သူဟာ လီဗာပူးအတွက် ချန်ပီယံလိဂ်သွင်းဂိုး
၂၀ ရှိသွားခဲ့ပြီး ဒုတိယဂိုးကတော့ ၂၁ ဂိုးမြောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ





ချန်ပီယံလိဂ်မှာ လီဗာပူးအတွက် ဂိုး ၂၀ နဲ့အထက် သွင်းနိုင်ခဲ့တဲ့ စတုတ္ထမြောက်
ကစားသမားဖြစ်လာပါတယ်။ လီဗာပူးအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးက ၃၃ ဂိုးနဲ့
ဆာလာဖြစ်ပြီး မာနီက ၂၂ ဂိုး၊ ဂျရတ်က ၂၁ ဂိုးသွင်းယူထားတာပါ။





zawgyi
လီဗာပူးအတြက္ ခ်န္ပီယံလိဂ္သြင္းဂိုး ၂၀ အထက္သြင္းယူႏိုင္တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာတဲ့ ဖာမီႏို





ဥေရာပညေတြဆို သူဟာ အားကိုးရသူတစ္ေယာက္ဆိုတာ လီဗာပူးတိုက္စစ္မႈး
ဖာမီႏိုတစ္ေယာက္ ထပ္မံသက္ေသျပႏိုင္ခဲ့ပါတယ္။ အဲဒီဘရာဇီးသားဟာ သူကိုယ္တိုင္
ဂိုးသြင္းႏိုင္ေရးထက္ အသင္းအတြက္ ပိုဦးစားေပးသူတစ္ေယာက္ဆိုတာ သိထားၾကၿပီးသားပါ။





တိုက္စစ္မွာ အၿပိဳင္အဆိုင္မ်ားလာလို႔ သူဟာ ဒီရာသီ လီဗာပူးမွာ ပုံမွန္ပြဲထြက္ခြင့္
မရေတာ့ေပမယ့္ ဝင္ကစားရတဲ့အခ်ိန္မွာ အေကာင္းဆုံးေပးဆပ္ႏိုင္ခဲ့ပါတယ္။





အရင္ကတည္းက ခ်န္ပီယံလိဂ္ဂိုးသြင္းမွတ္တမ္းေကာင္းရွိထားတဲ့ ဖာမီႏိုဟာ
ဘင္ဖီကာနဲ႔ဒုတိယအေက်ာ့မွာလည္း ၂ ဂိုးသြင္းႏိုင္ခဲ့တာပါ။
အန္ဖီးလ္က ၃-၃ သေရက်သြားခဲ့တဲ့ အဲဒီပြဲမွာ ဖာမီႏိုရဲ႕သြင္းဂိုးေတြက





လီဗာပူးအသင္းဆီမီးတက္ဖို႔ အေရးပါခဲ့ပါတယ္။ ရွားရွားပါးပါးပြဲထြက္ပါႏိုင္ခဲ့တဲ့
ဖာမီႏိုဟာ ဒုတိယပိုင္း ၅၅ မိနစ္နဲ႔ ၆၅ မိနစ္ေတြမွာ လီဗာပူးအတြက္ ၂-၁၊ ၃-၁ ျဖစ္ေစမယ့္





ဂိုးေတြကို သြင္းယူခဲ့တာပါ။ ပထမပိုးနဲ႔တင္ သူဟာ လီဗာပူးအတြက္ ခ်န္ပီယံလိဂ္သြင္းဂိုး
၂၀ ရွိသြားခဲ့ၿပီး ဒုတိယဂိုးကေတာ့ ၂၁ ဂိုးေျမာက္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူဟာ
ခ်န္ပီယံလိဂ္မွာ လီဗာပူးအတြက္ ဂိုး ၂၀ နဲ႔အထက္ သြင္းႏိုင္ခဲ့တဲ့ စတုတၳေျမာက္





ကစားသမားျဖစ္လာပါတယ္။ လီဗာပူးအတြက္ ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံးက ၃၃ ဂိုးနဲ႔
ဆာလာျဖစ္ၿပီး မာနီက ၂၂ ဂိုး၊ ဂ်ရတ္က ၂၁ ဂိုးသြင္းယူထားတာပါ။
Leave a Reply