လီဗာပူးလ်အတွက်ထိုးနှက်ချက်ဖြစ်လာမယ့် အာနိုးလ် ဒဏ်ရာပြဿနာ

လီဗာပူးလ်အသင်းအဓိကညာနောက်ခံလူအာနိုးလ်ဟာ ဗုဒ္ဓဟူးနေ့က

အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့်

ရက်သတ္တပတ်တော်တော်ကြာအောင်အနားယူရဖို့ရှိနေလို့

အသင်းအတွက်ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါပြီ။

အာဆင်နယ်ကို(၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာနိုးလ်ဟာ မိနစ်(၉၀)စလုံး

ကစားခဲ့ပေမယ့် ပွဲအပြီးစမ်းသပ်စစ်ဆေးမှုတွေအရ တံကောက်ကြော

ဒဏ်ရာရရှိခဲ့တယ်လို့တွေ့ရှိခဲ့ရတဲ့အတွက် လီဗာပူးလ်အသင်းရဲ့

လာမယ့်အရေးကြီးပွဲတွေကို လွဲချော်မှာဖြစ်သလို အခုလကုန်ပိုင်းမှာ

အင်္ဂလန်အသင်းကစားဖို့ရှိနေတဲ့ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့

ပွဲတွေမှာလည်း ပါဝင်နိုင်မှာမဟုတ်တော့ပါဘူး။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ

လာမယ့်တနင်္လာနေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ယှဉ်ပြိုင်

ကစားရမှာဖြစ်ပြီး အဲဒီပွဲပြီးရင် FA ဖလားကွာတားဖိုင်နယ်အဖြစ် နော်တင်ဟမ်

ဖောရက်စ်နဲ့ရင်ဆိုင်ရမှာဖြစ်သလို လာမယ့်ဧပြီလအတွင်း ဘင်ဖီကာ၊

မန်စီးတီးတို့နဲ့ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

မီဒီယာတွေက အာနိုးလ်အနေနဲ့ရက်သတ္တပတ်တော်တော်ကြာအောင်

အနားယူရမှာလားလို့မေးမြန်းခဲ့တော့ ယာဂန်ကလော့ပ်က “ဟုတ်ပါတယ်။

အာနိုးလ်ဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့သလို အင်္ဂလန်အသင်းအတွက်လည်း

ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွက် သတင်းဆိုးဖြစ်ပြီး

သူ ဘယ်လောက်အထိအနားယူရမလဲဆိုတာစောင့်ကြည့်ရမှာပါ”လို့ဖြေကြားခဲ့ပါတယ်။

zawgyi

လီဗာပူးလ္အတြက္ထိုးႏွက္ခ်က္ျဖစ္လာမယ့္ အာႏိုးလ္ ဒဏ္ရာျပႆနာ

လီဗာပူးလ္အသင္းအဓိကညာေနာက္ခံလူအာႏိုးလ္ဟာ ဗုဒၶဟူးေန႔က

အာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာေၾကာင့္

ရက္သတၱပတ္ေတာ္ေတာ္ၾကာေအာင္အနားယူရဖို႔ရွိေနလို႔

အသင္းအတြက္ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိေနပါၿပီ။

အာဆင္နယ္ကို(၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ အာႏိုးလ္ဟာ မိနစ္(၉၀)စလုံး

ကစားခဲ့ေပမယ့္ ပြဲအၿပီးစမ္းသပ္စစ္ေဆးမႈေတြအရ တံေကာက္ေၾကာ

ဒဏ္ရာရရွိခဲ့တယ္လို႔ေတြ႕ရွိခဲ့ရတဲ့အတြက္ လီဗာပူးလ္အသင္းရဲ႕

လာမယ့္အေရးႀကီးပြဲေတြကို လြဲေခ်ာ္မွာျဖစ္သလို အခုလကုန္ပိုင္းမွာ

အဂၤလန္အသင္းကစားဖို႔ရွိေနတဲ့ ဆြစ္ဇာလန္၊ အိုင္ဗရီကို႔စ္တို႔နဲ႔

ပြဲေတြမွာလည္း ပါဝင္ႏိုင္မွာမဟုတ္ေတာ့ပါဘူး။

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနတဲ့ လီဗာပူးလ္အသင္းဟာ

လာမယ့္တနလၤာေန႔မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ယွဥ္ၿပိဳင္

ကစားရမွာျဖစ္ၿပီး အဲဒီပြဲၿပီးရင္ FA ဖလားကြာတားဖိုင္နယ္အျဖစ္ ေနာ္တင္ဟမ္

ေဖာရက္စ္နဲ႔ရင္ဆိုင္ရမွာျဖစ္သလို လာမယ့္ဧၿပီလအတြင္း ဘင္ဖီကာ၊

မန္စီးတီးတို႔နဲ႔ပြဲက်ပ္ေတြ ဆက္တိုက္ကစားရမွာျဖစ္ပါတယ္။

မီဒီယာေတြက အာႏိုးလ္အေနနဲ႔ရက္သတၱပတ္ေတာ္ေတာ္ၾကာေအာင္

အနားယူရမွာလားလို႔ေမးျမန္းခဲ့ေတာ့ ယာဂန္ကေလာ့ပ္က “ဟုတ္ပါတယ္။

အာႏိုးလ္ဟာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့သလို အဂၤလန္အသင္းအတြက္လည္း

ပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။ ဒါဟာ ကြၽန္ေတာ္တို႔အတြက္ သတင္းဆိုးျဖစ္ၿပီး

သူ ဘယ္ေလာက္အထိအနားယူရမလဲဆိုတာေစာင့္ၾကည့္ရမွာပါ”လို႔ေျဖၾကားခဲ့ပါတယ္။