လီဗာပူးလ်နဲ့ပွဲမှာ မန်ယူအသင်း ၁၁၃.၈ ကီလိုမီတာ ပြေးခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲကထက် ၁၉ ကီလိုမီတာ ပိုပြေးခဲ့ကြ

လီဗာပူးလ်ကို မန်ယူအနိုင်ရတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ကို ဗြိတိန်အခြေစိုက် Daily Mail သတင်းစာက ဖေါ်ပြလာခဲ့ပါတယ်။ အဲဒါကတော့ သရဲနီတွေဟာ မခိုမကပ်ဘဲ ပြေးခဲ့ကြတာပါပဲ။

မန်ယူဟာ ဒီပွဲမှာ ၂-၁ ဂိုးနဲ့ အနိုင်ရပေမယ့် အချက်အလက်အတော်များများမှာ လီဗာပူးလ်ကို မယှဉ်နိုင်ခဲ့ပါဘူး။ သူတို့ဟာ ဘောလုံးပိုင်ဆိုင်မှု ၂၉.၆ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂျာဂင်ကလော့ပ်ရဲ့အသင်းက ၇၀.၄ ရာခိုင်နှုန်းရှိခဲ့တာပါ။

ဒါ့အပြင် လေထဲမှာဘောလုံးယှဉ်လုတာ၊ ဘောလုံးဖျက်ထုတ်နှုန်း၊ ပေးပို့မှု၊ ဖြတ်တင်ဘောတိကျမှု၊ ဂိုးပေါက်ခြိမ်းခြောက်မှု စတာတွေမှာလည်း လီဗာပူးလ်က အသာရခဲ့ပါတယ်။ ဒါပေမဲ့ ရင်ဆိုင်ထိုးဖောက်ရာမှာ

လီဗာပူးလ်ကစားသမားတွေကို အကြိမ်ရေတော်တော်များများ ကျော်ဖြတ်နိုင်ခဲ့တာက မန်ယူရဲ့အားသာချက် ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့ နည်းပြတန်းဟတ်က သူတို့ကို အပြင်းအထန်မောင်းထားခဲ့တာပါ။

ဘရန့်ဖို့ဒ်ကို အရှက်တကွဲရှုံးနိမ့်တဲ့နောက် နားရက်မပေးဘဲ လေ့ကျင့်စေခဲ့တာပါ။ မန်ယူကစားသမားတွေဟာ ဘရန့်ဖို့ဒ်နဲ့ပွဲကထက် ဒီပွဲမှာ ၁၉ ကီလိုမီတာ ပိုပြေးခဲ့ကြပါတယ်။

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ၉၅.၆ ကီလိုမီတာသာ ပြေးခဲ့ကြတဲ့ သရဲနီတွေ ၁၁၃.၈ ကီလိုမီတာ ပြေးခဲ့ကြတာဖြစ်ပါတယ်။ အကွာအဝေးတင် မဟုတ်ပါဘူး။

အကြိမ်အရေအတွက်အရလည်း အများကြီး ကြိုးစားခဲ့တာကိုမြင်နိုင်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ၆၅ ကြိမ်သာ ပြေးခဲ့ကြတဲ့ သရဲနီတွေဟာ လီဗာပူးလ်နဲ့ပွဲမှာတော့ ၁၅၅ ကြိမ် ပြေးခဲ့ကြတာပါ

(zawgyi)

လီဗာပူးလ္ကို မန္ယူအႏိုင္ရတဲ့ အဓိကအေၾကာင္းရင္းတစ္ရပ္ကို ၿဗိတိန္အေျခစိုက္ Daily Mail သတင္းစာက ေဖၚျပလာခဲ့ပါတယ္။ အဲဒါကေတာ့ သရဲနီေတြဟာ မခိုမကပ္ဘဲ ေျပးခဲ့ၾကတာပါပဲ။

မန္ယူဟာ ဒီပြဲမွာ ၂-၁ ဂိုးနဲ႔ အႏိုင္ရေပမယ့္ အခ်က္အလက္အေတာ္မ်ားမ်ားမွာ လီဗာပူးလ္ကို မယွဥ္ႏိုင္ခဲ့ပါဘူး။ သူတို႔ဟာ ေဘာလုံးပိုင္ဆိုင္မႈ ၂၉.၆ ရာခိုင္ႏႈန္းသာရွိခဲ့ၿပီး ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းက

၇၀.၄ ရာခိုင္ႏႈန္းရွိခဲ့တာပါ။ ဒါ့အျပင္ ေလထဲမွာေဘာလုံးယွဥ္လုတာ၊ ေဘာလုံးဖ်က္ထုတ္ႏႈန္း၊ ေပးပို႔မႈ၊ ျဖတ္တင္ေဘာတိက်မႈ၊ ဂိုးေပါက္ၿခိမ္းေျခာက္မႈ စတာေတြမွာလည္း လီဗာပူးလ္က

အသာရခဲ့ပါတယ္။ ဒါေပမဲ့ ရင္ဆိုင္ထိုးေဖာက္ရာမွာ လီဗာပူးလ္ကစားသမားေတြကို အႀကိမ္ေရေတာ္ေတာ္မ်ားမ်ား ေက်ာ္ျဖတ္ႏိုင္ခဲ့တာက မန္ယူရဲ႕အားသာခ်က္ ျဖစ္ခဲ့ပါတယ္။

ဒီလိုျဖစ္ဖို႔ နည္းျပတန္းဟတ္က သူတို႔ကို အျပင္းအထန္ေမာင္းထားခဲ့တာပါ။ ဘရန႔္ဖို႔ဒ္ကို အရွက္တကြဲရႈံးနိမ့္တဲ့ေနာက္ နားရက္မေပးဘဲ ေလ့က်င့္ေစခဲ့တာပါ။ မန္ယူကစားသမားေတြဟာ

ဘရန႔္ဖို႔ဒ္နဲ႔ပြဲကထက္ ဒီပြဲမွာ ၁၉ ကီလိုမီတာ ပိုေျပးခဲ့ၾကပါတယ္။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ၉၅.၆ ကီလိုမီတာသာ ေျပးခဲ့ၾကတဲ့ သရဲနီေတြ ၁၁၃.၈ ကီလိုမီတာ ေျပးခဲ့ၾကတာျဖစ္ပါတယ္။

အကြာအေဝးတင္ မဟုတ္ပါဘူး။ အႀကိမ္အေရအတြက္အရလည္း အမ်ားႀကီး ႀကိဳးစားခဲ့တာကိုျမင္ႏိုင္ပါတယ္။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ၆၅ ႀကိမ္သာ ေျပးခဲ့ၾကတဲ့ သရဲနီေတြဟာ လီဗာပူးလ္နဲ႔ပြဲမွာေတာ့ ၁၅၅ ႀကိမ္ ေျပးခဲ့ၾကတာပါ