လီဗာပူးလ်နဲ့ပွဲမှာ ဘောလုံး ၈ ကြိမ်သာထိတာကြောင့် ဟာလန်းကို မန်စီးတီးပရိသတ်တွေ အထင်သေးသွားကြ

မန်စီးတီးတိုက်စစ်မှူးသစ်ဟာလန်းဟာ လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဘောလုံး ၈ ကြိမ်သာထိခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ

ဒီလအစောပိုင်းမှာ ပေါင် ၅၁ သန်းနဲ့ မန်စီးတီးကိုရောက်လာသူဖြစ်ပြီး မိုးပြာရောင်အသင်းကို ဦးဆောင်မယ့်သူလို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ ဆဲလ်ဘတ်နဲ့ ဒေါ့တ်မန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ဟာလန်းဟာ

ပရီးမီးယားလိဂ်နဲ့အထိုင်ကျဖို့တော့ အချိန်ယူရဖွယ်ရှိနေပါတယ်။ ကင်းပါဝါမှာကစားခဲ့တဲ့ ဒီပွဲရဲ့ပထမပိုင်းတစ်ပိုင်းလုံးနီးပါး နော်ဝေသားရဲ့ပတ်သက်မှုက ထင်ထင်ရှားရှား မရှိခဲ့ပါဘူး။

ဗန်ဒိုက်နဲ့ မာတစ်ကို မကျော်နိုင်ခဲ့တဲ့နောက် လီဗာပူးလ်ရဲ့ဦးဆောင်မှုကို မန်စီးတီးခံခဲ့ရပါတယ်။ ဟာလန်းဟာ နာရီဝက်ကျော်မှ အခွင့်အရေး ၂ ကြိမ်ကို ကိုယ်တိုင်ဖန်တီးနိုင်ခဲ့တာပါ။

ပထမတစ်ကြိမ်မှာ လီဗာပူးလ်ဂိုးသမားအက်ဒရီယန်နဲ့ တစ်ယောက်ချင်းကန်ခွင့်ရပေမယ့် စပိန်သားတည့်တည့် ကန်မိခဲ့ပါတယ်။ စက္ကန့်ပိုင်းအကြာမှာပဲ ကန်ဆယ်လိုဖြတ်တင်ပေးတာကို

ပိတ်ပေမယ့် ဘောလုံးက လေထဲရောက်သွားခဲ့တာပါ။ ဒါ့အပြင် ပွဲပြီးကာနီးမှာ ၆ ကိုက်အကွာကရတဲ့ အပိုင်အခွင့်အရေးကို ဘားတန်းထိအောင် ကန်သွားခဲ့ပါသေးတယ်။ ဒါကြောင့် မန်စီးတီးပရိသတ်တွေက

ဆိုရှယ်မီဒီယာပေါ်မှာ “ ဟာလန်းကို ဒုတိယပိုင်းမှ ကစားခိုင်းသင့်ပါတယ် ” ၊ “ ဘောလုံးကိုထိရုံလောက်လေးနဲ့တော့ နည်းစနစ်ပိုင်းမှာ အံမဝင်ဘူးဆိုတာ သူသက်သေပြခဲ့တာပါ ” ၊ “ ဟာလန်းရဲ့အခွင့်အရေးမျိုးကို

နူနက်ဇ်သာလွဲရင်တော့ 90k လောက် likes ရှိတဲ့ ဗွီဒီယိုတစ်ခု အခုပဲတက်နေပြီပေါ့ ” ၊ “ ပရီးမီးယားလိဂ်အသင်းတွေရဲ့ခံစစ်အစွမ်းကို နဖူးတွေ့ဒူးတွေ့ဖြစ်ချိန်မှာ ဟာလန်းတုန်လှုပ်သွားလိမ့်မယ် ” စတဲ့ မှတ်ချက်တွေပေးနေကြတာပါ။

(zawgyi)

မန္စီးတီးတိုက္စစ္မႉးသစ္ဟာလန္းဟာ လီဗာပူးလ္ကို ၃-၁ ဂိုးနဲ႔ရႈံးနိမ့္တဲ့ ကြန္ျမဴနတီဒိုင္းပြဲမွာ ေဘာလုံး ၈ ႀကိမ္သာထိခဲ့တာေၾကာင့္ ေဝဖန္ခံေနရပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးဟာ

ဒီလအေစာပိုင္းမွာ ေပါင္ ၅၁ သန္းနဲ႔ မန္စီးတီးကိုေရာက္လာသူျဖစ္ၿပီး မိုးျပာေရာင္အသင္းကို ဦးေဆာင္မယ့္သူလို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမဲ့ ဆဲလ္ဘတ္နဲ႔ ေဒါ့တ္မန္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ဟာလန္းဟာ

ပရီးမီးယားလိဂ္နဲ႔အထိုင္က်ဖို႔ေတာ့ အခ်ိန္ယူရဖြယ္ရွိေနပါတယ္။ ကင္းပါဝါမွာကစားခဲ့တဲ့ ဒီပြဲရဲ႕ပထမပိုင္းတစ္ပိုင္းလုံးနီးပါး ေနာ္ေဝသားရဲ႕ပတ္သက္မႈက ထင္ထင္ရွားရွား မရွိခဲ့ပါဘူး။

ဗန္ဒိုက္နဲ႔ မာတစ္ကို မေက်ာ္ႏိုင္ခဲ့တဲ့ေနာက္ လီဗာပူးလ္ရဲ႕ဦးေဆာင္မႈကို မန္စီးတီးခံခဲ့ရပါတယ္။ ဟာလန္းဟာ နာရီဝက္ေက်ာ္မွ အခြင့္အေရး ၂ ႀကိမ္ကို ကိုယ္တိုင္ဖန္တီးႏိုင္ခဲ့တာပါ။

ပထမတစ္ႀကိမ္မွာ လီဗာပူးလ္ဂိုးသမားအက္ဒရီယန္နဲ႔ တစ္ေယာက္ခ်င္းကန္ခြင့္ရေပမယ့္ စပိန္သားတည့္တည့္ ကန္မိခဲ့ပါတယ္။ စကၠန႔္ပိုင္းအၾကာမွာပဲ ကန္ဆယ္လိုျဖတ္တင္ေပးတာကို ပိတ္ေပမယ့္

ေဘာလုံးက ေလထဲေရာက္သြားခဲ့တာပါ။ ဒါ့အျပင္ ပြဲၿပီးကာနီးမွာ ၆ ကိုက္အကြာကရတဲ့ အပိုင္အခြင့္အေရးကို ဘားတန္းထိေအာင္ ကန္သြားခဲ့ပါေသးတယ္။ ဒါေၾကာင့္ မန္စီးတီးပရိသတ္ေတြက

ဆိုရွယ္မီဒီယာေပၚမွာ “ ဟာလန္းကို ဒုတိယပိုင္းမွ ကစားခိုင္းသင့္ပါတယ္ ” ၊ “ ေဘာလုံးကိုထိ႐ုံေလာက္ေလးနဲ႔ေတာ့ နည္းစနစ္ပိုင္းမွာ အံမဝင္ဘူးဆိုတာ သူသက္ေသျပခဲ့တာပါ ” ၊ “ ဟာလန္းရဲ႕အခြင့္အေရးမ်ိဳးကို

ႏူနက္ဇ္သာလြဲရင္ေတာ့ 90k ေလာက္ likes ရွိတဲ့ ဗြီဒီယိုတစ္ခု အခုပဲတက္ေနၿပီေပါ့ ” ၊ “ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ခံစစ္အစြမ္းကို နဖူးေတြ႕ဒူးေတြ႕ျဖစ္ခ်ိန္မွာ ဟာလန္းတုန္လႈပ္သြားလိမ့္မယ္ ” စတဲ့ မွတ္ခ်က္ေတြေပးေနၾကတာပါ။