လီဗာပူးလ်ဆောင်ပုဒ်ကို ပြန်ပြင်ထားတဲ့ပဝါကိုင်ပြီး ကာရေဂါကို နောက်ပြောင်ခဲ့တဲ့ ဂယ်ရီနဗီးလ်

အိုးလ်ထရက်ဖို့ဒ်အောင်ပွဲဟာ မန်ယူပရိသတ်တွေအတွက်သာမက ကစားသမားဟောင်းတွေအတွက်ပါ ဂုဏ်ဆာစရာဖြစ်ခဲ့တယ်။ အထူးသဖြင့် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်နဲ့ လီဗာပူးလ်နောက်ခံလူဟောင်း

ကာေရေဂါကိုကြည့်လေ။ နှစ်သင်းလုံးရဲ့ဒီရာသီခြေစွမ်းနဲ့ရလဒ်ကြောင့် ခေါင်းမဖော်နိုင်ဖြစ်နေကြရတာကနေ အရင်ဆုံးလွတ်မြောက်သွားသူက ဂယ်ရီနဗီးလ်ဖြစ်ခဲ့တယ်။ တစ်ချိန်တုန်းက မြက်ခင်းစိမ်းပေါ်မှာ

အပြိုင်နွှဲခဲ့ကြဖူးတဲ့ လက်ရှိ Sky Sports ရုပ်သံ လုပ်ဖော်ကိုင်ဖက်ကို နောက်ပြောင်ခွင့်ရသွားခဲ့တယ်။ ‘I’d rather walk alone’ လို့ရေးထားတဲ့ ပဝါကိုကိုင်ပြီး ကာရေဂါကို နောက်ကနေ လှောင်ခဲ့တာပါ။

တစ်နည်းအားဖြင့် လီဗာပူးလ်ရဲ့ ‘You’ll never Walk Alone’ ဆောင်ပုဒ်ကို ငါ့ဘာသာ တစ်ယောက်တည်းလျှောက်တာပဲကောင်းပါတယ်လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အပျော်သဘောသာဖြစ်ပြီး

ဂယ်ရီနဗီးလ်ကိုယ်တိုင် မန်ယူရဲ့နိုင်ပွဲအတွက် အံ့အားသင့်ခဲ့ရတာပါ။ “ ကျွန်တော် ထင်မထားပါဘူး။ ဒီရလဒ်ကြောင့် မယုံနိုင်အောင်ဖြစ်ရပါတယ်။ မန်ယူရဲ့ပထမပိုင်းကစားပုံကိုကြည့်ပြီး ကျွန်တော် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်အောင်ဖြစ်ခဲ့ရတာပါ။

ဒါဟာ မန်ယူအတွက် ကြီးမားတဲ့ အလှည့်အပြောင်းပါပဲ။ ကစားသမားဟောင်းတစ်ဦးအနေနဲ့ရော ပရိသတ်တစ်ယောက်အနေနဲ့ပါ ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ ဒီလိုစကားတွေပြောခွင့်ရမယ်လို့ ဘယ်ထင်ခဲ့မှာလဲဗျာ ” လို့ ဂယ်ရီနဗီးလ်က ဖွင့်ဟသွားခဲ့ပါတယ်။

(zawgyi)

အိုးလ္ထရက္ဖို႔ဒ္ေအာင္ပြဲဟာ မန္ယူပရိသတ္ေတြအတြက္သာမက ကစားသမားေဟာင္းေတြအတြက္ပါ ဂုဏ္ဆာစရာျဖစ္ခဲ့တယ္။ အထူးသျဖင့္ မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္နဲ႔ လီဗာပူးလ္ေနာက္ခံလူေဟာင္း ကာေေရဂါကိုၾကည့္ေလ။

ႏွစ္သင္းလုံးရဲ႕ဒီရာသီေျခစြမ္းနဲ႔ရလဒ္ေၾကာင့္ ေခါင္းမေဖာ္ႏိုင္ျဖစ္ေနၾကရတာကေန အရင္ဆုံးလြတ္ေျမာက္သြားသူက ဂယ္ရီနဗီးလ္ျဖစ္ခဲ့တယ္။ တစ္ခ်ိန္တုန္းက ျမက္ခင္းစိမ္းေပၚမွာ အၿပိဳင္ႏႊဲခဲ့ၾကဖူးတဲ့

လက္ရွိ Sky Sports ႐ုပ္သံ လုပ္ေဖာ္ကိုင္ဖက္ကို ေနာက္ေျပာင္ခြင့္ရသြားခဲ့တယ္။ ‘I’d rather walk alone’ လို႔ေရးထားတဲ့ ပဝါကိုကိုင္ၿပီး ကာေရဂါကို ေနာက္ကေန ေလွာင္ခဲ့တာပါ။ တစ္နည္းအားျဖင့္ လီဗာပူးလ္ရဲ႕ ‘You’ll never Walk Alone’ ေဆာင္ပုဒ္ကို

ငါ့ဘာသာ တစ္ေယာက္တည္းေလွ်ာက္တာပဲေကာင္းပါတယ္လို႔ ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အေပ်ာ္သေဘာသာျဖစ္ၿပီး ဂယ္ရီနဗီးလ္ကိုယ္တိုင္ မန္ယူရဲ႕ႏိုင္ပြဲအတြက္ အံ့အားသင့္ခဲ့ရတာပါ။

“ ကြၽန္ေတာ္ ထင္မထားပါဘူး။ ဒီရလဒ္ေၾကာင့္ မယုံႏိုင္ေအာင္ျဖစ္ရပါတယ္။ မန္ယူရဲ႕ပထမပိုင္းကစားပုံကိုၾကည့္ၿပီး ကြၽန္ေတာ္ ကိုယ့္မ်က္လုံးေတာင္ ကိုယ္မယုံႏိုင္ေအာင္ျဖစ္ခဲ့ရတာပါ။

ဒါဟာ မန္ယူအတြက္ ႀကီးမားတဲ့ အလွည့္အေျပာင္းပါပဲ။ ကစားသမားေဟာင္းတစ္ဦးအေနနဲ႔ေရာ ပရိသတ္တစ္ေယာက္အေနနဲ႔ပါ ဂုဏ္ယူမိပါတယ္။ ၿပီးခဲ့တဲ့ရက္ေတြတုန္းကေတာ့ ဒီလိုစကားေတြေျပာခြင့္ရမယ္လို႔ ဘယ္ထင္ခဲ့မွာလဲဗ်ာ ” လို႔ ဂယ္ရီနဗီးလ္က ဖြင့္ဟသြားခဲ့ပါတယ္။