လီဗာပူးလ်ဆိုနိုးပါပဲဆိုပြီး အမှတ်တရလက်မှတ်ထိုးပေးဖို့တောင် ငြင်းဆန်ခဲ့တဲ့ သရဲနီဂန္ထဝင်ဖာဒီနန်

အနီရောင်ဒါဘီဆိုတာ ပရီးမီးယားလိဂ်ရဲ့အခါးသီးဆုံးပြိုင်ဘက်ကြီး မန်ယူနဲ့လီဗာပူးလ်တို့ပွဲကို ရည်ညွှန်းပါတယ်။ မြို့ခံပြိုင်ဘက်တွေမဟုတ်ပေမယ့် အောင်မြင်မှုနဲ့အစဉ်အလာကြီးမားတဲ့

အသင်းနှစ်သင်းရဲ့တိုက်ပွဲတွေက အပြင်းထန်ဆုံးဖြစ်ခဲ့တာပါ။ သရဲနီဖြစ်ခဲ့ဖူးတဲ့ ရီယိုဖာဒီနန်မှာ ဒီစိတ်ဓာတ် ကိန်းအောင်းနေသေးတာကို ဖူလ်ဟမ်နဲ့ပွဲမှာ တွေ့ခဲ့ကြရပါတယ်။

အင်္ဂလန်နောက်ခံလူဟောင်းဟာ BT Sport ရုပ်သံရဲ့ ပွဲဝေဖန်သုံးသပ်သူအဖြစ် ကရာဗန်ကော့တေ့ချ်ကို ရောက်လာခဲ့တာပါ။ ပွဲမစခင် ပရိသတ်တွေကို အမှတ်တရလက်မှတ်ထိုးပေးနေပုံကို

သူကိုယ်တိုင် ဗွီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်ပရိသတ်တွေကိုပါ။ ဒီအချိန်မှာ ကောင်လေးတစ်ယောက်က “ ဒီမှာ လက်မှတ်ထိုးပေးလို့ရမလား ” ဆိုပြီး

သူဝတ်ထားတဲ့လီဗာပူးလ်အင်္ကျီကို ပြသတောင်းဆိုလာခဲ့ပါတယ်။ ဒီတော့ ဖာဒီနန်က “ လီဗာပူးလ်အင်္ကျီမှာ လက်မှတ်ထိုးပေးဖို့ သူက လာပြောနေတယ်ဗျာ။ ရူးများနေလားပဲ။

အဲဒီမှာ ငါ လက်မှတ်မထိုးနိုင်ဘူး။ လီဗာပူးလ်အင်္ကျီဝတ်ထားသူတစ်ယောက်ကို ငါ လက်မှတ် မထိုးပေးနိုင်ဘူး ” လို့ တုံ့ပြန်ခဲ့တာပါ။ ဒါ့အပြင် သူလက်မှတ်ထိုးပေးထားတဲ့ အဲဒီကောင်လေးရဲ့သူငယ်ချင်းကလည်း

လီဗာပူးလ်ပရိသတ်လို့ သိလိုက်ရချိန်မှာ “ ငါ့ကို အဲဒါပြန်ပေး ” လို့ နောက်ပြောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဖာဒီနန်ဟာ ငယ်ငယ်တုန်းကတော့ လီဗာပူးလ်ပွဲတွေကြည့်ပြီး ကြီးပြင်းခဲ့ရတာပါလို့ ၂၀၀၉ တုန်းက မန်ယူရုပ်သံကနေဖွင့်ဟခဲ့ဖူးပါတယ်။

(zawgyi)

အနီေရာင္ဒါဘီဆိုတာ ပရီးမီးယားလိဂ္ရဲ႕အခါးသီးဆုံးၿပိဳင္ဘက္ႀကီး မန္ယူနဲ႔လီဗာပူးလ္တို႔ပြဲကို ရည္ၫႊန္းပါတယ္။ ၿမိဳ႕ခံၿပိဳင္ဘက္ေတြမဟုတ္ေပမယ့္ ေအာင္ျမင္မႈနဲ႔အစဥ္အလာႀကီးမားတဲ့ အသင္းႏွစ္သင္းရဲ႕

တိုက္ပြဲေတြက အျပင္းထန္ဆုံးျဖစ္ခဲ့တာပါ။ သရဲနီျဖစ္ခဲ့ဖူးတဲ့ ရီယိုဖာဒီနန္မွာ ဒီစိတ္ဓာတ္ ကိန္းေအာင္းေနေသးတာကို ဖူလ္ဟမ္နဲ႔ပြဲမွာ ေတြ႕ခဲ့ၾကရပါတယ္။ အဂၤလန္ေနာက္ခံလူေဟာင္းဟာ

BT Sport ႐ုပ္သံရဲ႕ ပြဲေဝဖန္သုံးသပ္သူအျဖစ္ ကရာဗန္ေကာ့ေတ့ခ်္ကို ေရာက္လာခဲ့တာပါ။ ပြဲမစခင္ ပရိသတ္ေတြကို အမွတ္တရလက္မွတ္ထိုးေပးေနပုံကို သူကိုယ္တိုင္ ဗြီဒီယို႐ိုက္ၿပီး

ဆိုရွယ္မီဒီယာေပၚမွာ တင္ခဲ့ပါတယ္။ ဒါေပမဲ့ ဖူလ္ဟမ္ပရိသတ္ေတြကိုပါ။ ဒီအခ်ိန္မွာ ေကာင္ေလးတစ္ေယာက္က “ ဒီမွာ လက္မွတ္ထိုးေပးလို႔ရမလား ” ဆိုၿပီး သူဝတ္ထားတဲ့လီဗာပူးလ္အက်ႌကို

ျပသေတာင္းဆိုလာခဲ့ပါတယ္။ ဒီေတာ့ ဖာဒီနန္က “ လီဗာပူးလ္အက်ႌမွာ လက္မွတ္ထိုးေပးဖို႔ သူက လာေျပာေနတယ္ဗ်ာ။ ႐ူးမ်ားေနလားပဲ။ အဲဒီမွာ ငါ လက္မွတ္မထိုးႏိုင္ဘူး။

လီဗာပူးလ္အက်ႌဝတ္ထားသူတစ္ေယာက္ကို ငါ လက္မွတ္ မထိုးေပးႏိုင္ဘူး ” လို႔ တုံ႔ျပန္ခဲ့တာပါ။ ဒါ့အျပင္ သူလက္မွတ္ထိုးေပးထားတဲ့ အဲဒီေကာင္ေလးရဲ႕သူငယ္ခ်င္းကလည္း လီဗာပူးလ္ပရိသတ္လို႔ သိလိုက္ရခ်ိန္မွာ

“ ငါ့ကို အဲဒါျပန္ေပး ” လို႔ ေနာက္ေျပာင္ခဲ့ပါေသးတယ္။ ဒါေပမဲ့ ဖာဒီနန္ဟာ ငယ္ငယ္တုန္းကေတာ့ လီဗာပူးလ္ပြဲေတြၾကည့္ၿပီး ႀကီးျပင္းခဲ့ရတာပါလို႔ ၂၀၀၉ တုန္းက မန္ယူ႐ုပ္သံကေနဖြင့္ဟခဲ့ဖူးပါတယ္။