လီဗာပူးလ်က အသင်း ၃ သင်းနဲ့ကစားသွားတာဖြစ်ပြီး အကောင်းဆုံးမဟုတ်သေးဘူးလို့ တန်းဟတ် သတိပေး

မန်ချက်စတာယူနိုက်တက်ဟာ ဘန်ကောက်မှာကစားတဲ့ ရာသီကြိုခြေစမ်းပွဲ ပထမဆုံးပွဲစဉ်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်ကြီး လီဗာပူးလ်ကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

နည်းပြသစ်တန်းဟတ်အတွက် ပြီးပြည့်စုံတဲ့တာထွက်ဖြစ်ခဲ့တယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ နယ်သာလန်သားနည်းပြကတော့ တစ်ဖက်သတ်အောင်ပွဲအကြောင်း

ဂုဏ်ယူဖို့ငြင်းဆန်ခဲ့ပါတယ်။ သူ့အသင်းရဲ့အမှားတွေကို အများကြီးမြင်နေရဆဲဖြစ်သလို အခုရလဒ်အပေါ်မှာလည်း လွန်ကဲတဲ့တွက်ဆမှုမျိုး လုပ်မှာမဟုတ်ဘူးလို့ ဖွင့်ဟသွားခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ကို နှစ်ကျော့ပေါင်းရလဒ် ၉-၀ ဂိုးနဲ့တီးသွားခဲ့တဲ့ ကြိုးကြာနီတွေကို လက်စားပြန်ချေနိုင်ခဲ့တာကြောင့် မန်ယူပရိသတ်တွေပျော်နေကြပေမယ့် တန်းဟတ်ကတော့

“ ဒီနေ့ ကျွန်တော်ကျေနပ်ပါတယ်။ စိတ်ဓာတ်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခုမှ စတာကို ကျွန်တော်တို့သိပါတယ်။ ဘောလုံးပေးရာမှာ ကျွန်တော်တို့

အမှားတစ်ချို့လုပ်ခဲ့တယ်။ အခွင့်အရေးတစ်ချို့ပေးခဲ့တယ်။ ဒါပေမဲ့ အခွင့်အရေးတွေတော့ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ အမှားတွေဖြတ်တောက်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်။

ဒါပေမဲ့ ကျွန်တော်တို့ပျော်ပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိတာကိုလည်း ကျွန်တော်သိပါတယ်။ အသင်းကို စတင်တည်ဆောက်နေပြီဖြစ်သလို

ပထမဆုံးပွဲအတွက်လည်း ကျွန်တော်ပျော်ရပါတယ်။ ဒါပေမဲ့ အချိန်တော့ အများကြီးယူရလိမ့်မယ်။ အမှားတွေအများကြီး ကျွန်တော်တွေ့နေတယ်။ လီဗာပူးလ်က အသင်း ၃ သင်းနဲ့ကစားသွားတာပါ။

ဒါက သူတို့ရဲ့အတောင့်တင်းဆုံးပုံစံ မဟုတ်သေးပါဘူး။ ဒီရလဒ်ကို ကျွန်တော်တို့ လွန်လွန်ကဲကဲတွက်မှာ မဟုတ်ပါဘူး ” လို့ တန်းဟတ်က မန်ယူရုပ်သံကနေ ပြောသွားခဲ့တာပါ။

(zawgyi)

မန္ခ်က္စတာယူႏိုက္တက္ဟာ ဘန္ေကာက္မွာကစားတဲ့ ရာသီႀကိဳေျခစမ္းပြဲ ပထမဆုံးပြဲစဥ္မွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ႀကီး လီဗာပူးလ္ကို ၄-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

နည္းျပသစ္တန္းဟတ္အတြက္ ၿပီးျပည့္စုံတဲ့တာထြက္ျဖစ္ခဲ့တယ္ဆိုရင္လည္း မွားမယ္မထင္ပါဘူး။ ဒါေပမဲ့ နယ္သာလန္သားနည္းျပကေတာ့ တစ္ဖက္သတ္ေအာင္ပြဲအေၾကာင္း ဂုဏ္ယူဖို႔ျငင္းဆန္ခဲ့ပါတယ္။

သူ႔အသင္းရဲ႕အမွားေတြကို အမ်ားႀကီးျမင္ေနရဆဲျဖစ္သလို အခုရလဒ္အေပၚမွာလည္း လြန္ကဲတဲ့တြက္ဆမႈမ်ိဳး လုပ္မွာမဟုတ္ဘူးလို႔ ဖြင့္ဟသြားခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းက သူတို႔ကို

ႏွစ္ေက်ာ့ေပါင္းရလဒ္ ၉-၀ ဂိုးနဲ႔တီးသြားခဲ့တဲ့ ႀကိဳးၾကာနီေတြကို လက္စားျပန္ေခ်ႏိုင္ခဲ့တာေၾကာင့္ မန္ယူပရိသတ္ေတြေပ်ာ္ေနၾကေပမယ့္ တန္းဟတ္ကေတာ့ “ ဒီေန႔ ကြၽန္ေတာ္ေက်နပ္ပါတယ္။

စိတ္ဓာတ္ေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အခုမွ စတာကို ကြၽန္ေတာ္တို႔သိပါတယ္။ ေဘာလုံးေပးရာမွာ ကြၽန္ေတာ္တို႔ အမွားတစ္ခ်ိဳ႕လုပ္ခဲ့တယ္။ အခြင့္အေရးတစ္ခ်ိဳ႕ေပးခဲ့တယ္။

ဒါေပမဲ့ အခြင့္အေရးေတြေတာ့ အမ်ားႀကီးဖန္တီးႏိုင္ခဲ့ပါတယ္။ အမွားေတြျဖတ္ေတာက္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားရမယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ေပ်ာ္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ကစားသမားေကာင္းေတြရွိတာကိုလည္း

ကြၽန္ေတာ္သိပါတယ္။ အသင္းကို စတင္တည္ေဆာက္ေနၿပီျဖစ္သလို ပထမဆုံးပြဲအတြက္လည္း ကြၽန္ေတာ္ေပ်ာ္ရပါတယ္။ ဒါေပမဲ့ အခ်ိန္ေတာ့ အမ်ားႀကီးယူရလိမ့္မယ္။ အမွားေတြအမ်ားႀကီး ကြၽန္ေတာ္ေတြ႕ေနတယ္။

လီဗာပူးလ္က အသင္း ၃ သင္းနဲ႔ကစားသြားတာပါ။ ဒါက သူတို႔ရဲ႕အေတာင့္တင္းဆုံးပုံစံ မဟုတ္ေသးပါဘူး။ ဒီရလဒ္ကို ကြၽန္ေတာ္တို႔ လြန္လြန္ကဲကဲတြက္မွာ မဟုတ္ပါဘူး ” လို႔ တန္းဟတ္က မန္ယူ႐ုပ္သံကေန ေျပာသြားခဲ့တာပါ။