လီဗာပူးလ်ကို ၄ ဂိုးပြတ်နိုင်တဲ့ပွဲမှာ မန်ယူအတွက် ဘယ်သူအကောင်းဆုံးဖြစ်ခဲ့လဲ( Player Ratings )

လီဗာပူးလ်ကို မန်ယူဂိုးပြတ်အနိုင်ရတဲ့နောက် အဲရစ်တန်းဟတ်ရဲ့အိပ်မက်တွေစတင်ပြီလို့ ဗြိတိန်မီဒီယာတွေက ချီးကျူးရေးသားနေကြပါတယ်။ ဘန်ကောက်မြို့က ရာဇမင်္ဂလာကွင်းမှာ

သရဲနီတွေဟာ ဆန်ချို၊ ဖရက်ဒ်၊ မာရှယ်၊ ပယ်လီစထရီတို့ရဲ့သွင်းဂိုးတွေနဲ့ ၄ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ လီဗာပူးလ်ကစားပုံ မကောင်းခဲ့တာမဟုတ်ဘဲ ပထမပိုင်းမှာရတဲ့ အခွင့်အရေးတွေကို

မန်ယူဂိုးသမားဒီဂီယာ ကာကွယ်နိုင်ခဲ့တာကြောင့် ချေပဂိုးတစ်ဂိုးမှ မရခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ထူးခြားတာက မန်ယူကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ ကစားဟန်ပါပဲ။

လေ့ကျင့်ကွင်းမှာ ဘောလုံးနောက်ပြန်ပေးရင်တောင် မကြိုက်ဘူးလို့ သတင်းထွက်ခဲ့တဲ့ နယ်သာလန်သားနည်းပြလက်ထက်မှာ ဘောလုံးရရင် တိုက်စစ်လမ်းကြောင်းက

ဦးတည်ချက်ရှိလာတာတွေ့ရပါတယ်။ ပြီးတော့ ကစားသမားတွေကလည်း ပြိုင်ပွဲတစ်ရပ်လိုအားစိုက်ပြီး နည်းပြသစ်ကျေနပ်အောင် ကစားပြနိုင်ခဲ့ကြပါတယ်။ ရာသီကြိုခြေစမ်းပွဲ

ပထမဆုံးပွဲစဉ်ဖြစ်နေတာကြောင့် မန်ယူရဲ့ခြေစွမ်းအမှန်ကို အကဲဖြတ်ဖို့စောလွန်းနေသေးပေမယ့် ဒါတွေကတော့ တိုးတက်မှုအဖြစ်မြင်သာနေပါတယ်။ ၄-၂-၃-၁ ကစားကွက်နဲ့

မန်ယူခြေစွမ်းပြသွားနိုင်ခဲ့တဲ့ ဒီနေ့ပွဲမှာ Ratings အမြင့်ဆုံးကစားသမားကတော့ ၉/၁၀ ရှိခဲ့တဲ့ ဖရက်ဒ်ပါ။ ကွင်းလယ်ခံစစ်သမားဟာ မထင်မှတ်ဘဲ သူ့ဆီရောက်လာတဲ့ဘောလုံးကို

လီဗာပူးလ်ဂိုးသမားအလစ်ဆန်ရဲ့အပေါ်ကို လှလှပပကျော်ကန်ပြီး ဒုတိယဂိုးအဖြစ်သွင်းပေးနိုင်ခဲ့ပါတယ်။ စွမ်းဆောင်မှု ဒုတိယအကောင်းဆုံးဖြစ်ခဲ့သူကတော့ ညာတောင်ပံမှာ

လူမှန်နေရာမှန်နဲ့ခြေစွမ်းပြပြီး အဖွင့်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူးဆန်ချို( ၈/၁၀ )ပါ။ သူ့နောက်မှာ ၇/၁၀ ရှိခဲ့ကြသူတွေကတော့ မာရှယ်၊ ဖာနန်ဒက်စ်နဲ့ ဒါလော့ဖြစ်ပါတယ်။

ဒီဂီယာ၊ ဗာရန်း၊ လင်ဒီလော့ဖ်၊ လုခ်ရှောနဲ့ တွန်မီလ်နေးတို့က ၆/၁၀ ရှိခဲ့ကြပြီး ရက်ရှ်ဖို့ဒ်က ၅/၁၀ နဲ့ ပွဲထွက်ကစားသမားတွေထဲမှာ Ratings အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။

(zawgyi)

လီဗာပူးလ္ကို မန္ယူဂိုးျပတ္အႏိုင္ရတဲ့ေနာက္ အဲရစ္တန္းဟတ္ရဲ႕အိပ္မက္ေတြစတင္ၿပီလို႔ ၿဗိတိန္မီဒီယာေတြက ခ်ီးက်ဴးေရးသားေနၾကပါတယ္။ ဘန္ေကာက္ၿမိဳ႕က ရာဇမဂၤလာကြင္းမွာ

သရဲနီေတြဟာ ဆန္ခ်ိဳ၊ ဖရက္ဒ္၊ မာရွယ္၊ ပယ္လီစထရီတို႔ရဲ႕သြင္းဂိုးေတြနဲ႔ ၄ ဂိုးျပတ္အႏိုင္ရခဲ့တာပါ။ လီဗာပူးလ္ကစားပုံ မေကာင္းခဲ့တာမဟုတ္ဘဲ ပထမပိုင္းမွာရတဲ့ အခြင့္အေရးေတြကို

မန္ယူဂိုးသမားဒီဂီယာ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ေခ်ပဂိုးတစ္ဂိုးမွ မရခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာ ထူးျခားတာက မန္ယူကစားသမားေတြရဲ႕စိတ္ဓာတ္နဲ႔ ကစားဟန္ပါပဲ။ ေလ့က်င့္ကြင္းမွာ

ေဘာလုံးေနာက္ျပန္ေပးရင္ေတာင္ မႀကိဳက္ဘူးလို႔ သတင္းထြက္ခဲ့တဲ့ နယ္သာလန္သားနည္းျပလက္ထက္မွာ ေဘာလုံးရရင္ တိုက္စစ္လမ္းေၾကာင္းက ဦးတည္ခ်က္ရွိလာတာေတြ႕ရပါတယ္။

ၿပီးေတာ့ ကစားသမားေတြကလည္း ၿပိဳင္ပြဲတစ္ရပ္လိုအားစိုက္ၿပီး နည္းျပသစ္ေက်နပ္ေအာင္ ကစားျပႏိုင္ခဲ့ၾကပါတယ္။ ရာသီႀကိဳေျခစမ္းပြဲ ပထမဆုံးပြဲစဥ္ျဖစ္ေနတာေၾကာင့္ မန္ယူရဲ႕ေျခစြမ္းအမွန္ကို

အကဲျဖတ္ဖို႔ေစာလြန္းေနေသးေပမယ့္ ဒါေတြကေတာ့ တိုးတက္မႈအျဖစ္ျမင္သာေနပါတယ္။ ၄-၂-၃-၁ ကစားကြက္နဲ႔ မန္ယူေျခစြမ္းျပသြားႏိုင္ခဲ့တဲ့ ဒီေန႔ပြဲမွာ Ratings အျမင့္ဆုံးကစားသမားကေတာ့ ၉/၁၀ ရွိခဲ့တဲ့ ဖရက္ဒ္ပါ။

ကြင္းလယ္ခံစစ္သမားဟာ မထင္မွတ္ဘဲ သူ႔ဆီေရာက္လာတဲ့ေဘာလုံးကို လီဗာပူးလ္ဂိုးသမားအလစ္ဆန္ရဲ႕အေပၚကို လွလွပပေက်ာ္ကန္ၿပီး ဒုတိယဂိုးအျဖစ္သြင္းေပးႏိုင္ခဲ့ပါတယ္။

စြမ္းေဆာင္မႈ ဒုတိယအေကာင္းဆုံးျဖစ္ခဲ့သူကေတာ့ ညာေတာင္ပံမွာ လူမွန္ေနရာမွန္နဲ႔ေျခစြမ္းျပၿပီး အဖြင့္ဂိုးသြင္းေပးခဲ့တဲ့ တိုက္စစ္မႉးဆန္ခ်ိဳ( ၈/၁၀ )ပါ။ သူ႔ေနာက္မွာ ၇/၁၀ ရွိခဲ့ၾကသူေတြကေတာ့

မာရွယ္၊ ဖာနန္ဒက္စ္နဲ႔ ဒါေလာ့ျဖစ္ပါတယ္။ ဒီဂီယာ၊ ဗာရန္း၊ လင္ဒီေလာ့ဖ္၊ လုခ္ေရွာနဲ႔ တြန္မီလ္ေနးတို႔က ၆/၁၀ ရွိခဲ့ၾကၿပီး ရက္ရွ္ဖို႔ဒ္က ၅/၁၀ နဲ႔ ပြဲထြက္ကစားသမားေတြထဲမွာ Ratings အနိမ့္ဆုံးျဖစ္ခဲ့ပါတယ္။