
အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ တောင်ပံတိုက်စစ်ကစားသမား
ဂတ်ပိုဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ဖို့နီးစပ်ခဲ့ပေမယ့်
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း လီဗာပူးလ်
အသင်းကို ပေါင်(၃၇)သန်းနဲ့ ရောက်ရှိခဲ့ါတယ်။
ဒါပေမဲ့ ဂတ်ပိုဟာ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး
(၆)ပွဲကစားအပြီးမှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိသလို အဲဒီ(၆)ပွဲမှာလည်း
(၁)ပွဲသာ အနိုင်ရခဲ့ပါတယ်။
လီဗာပူးလ်ကို မရောက်ခင် ဒီရာသီအစပိုင်းက PSV အသင်းအတွက်
ပြိုင်ပွဲစုံ(၂၄)ပွဲကစား၊ (၁၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၇)ကြိမ်အထိ ပြုလုပ်ခဲ့သလို
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂတ်ပိုက ခြေစွမ်းပြီး (၃)ဂိုး
သွင်းခဲ့ပါတယ်။
ဒါပေမဲ့ လီဗာပူးလ်အသင်းမှာတော့ ဂတ်ပိုရဲ့ စွမ်းဆောင်ရည်က
တစ်ဟုန်ထိုးကျဆင်းသွားပြီး မိနစ်ပေါင်း(၄၉၇)မိနစ်ကစားအပြီးမှာ
ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက်က တစ်ပွဲပျမ်းမျှ
(၄)ကြိမ်သာရှိသလို တစ်ပွဲပျမ်းမျှဘောလုံးထိချက် (၃၂)ကြိမ်၊
အခွင့်အရေးဖန်တီးနိုင်မှု(၂)ကြိမ်၊ အပိုင်အခွင့်အရေးဖန်တီးနိုင်မှု (ဝ)၊
ဂိုးပေါက်ကန်ချက်အလိုက် ဂိုးသွင်းနိုင်မှု(ဝ)၊ ဂိုးဖန်တီးမှုနဲ့ သွင်းဂိုး(ဝ)
ဖြစ်နေတာကြောင့် မကြာခင် ‘007’ဖြစ်တော့မယ်လို့ လှောင်ပြောင်
ခံနေရပါတယ်။
[Zawgyi]
အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ေတာင္ပံတိုက္စစ္ကစားသမား
ဂတ္ပိုဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ဖို႔နီးစပ္ခဲ့ေပမယ့္
ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း လီဗာပူးလ္
အသင္းကို ေပါင္(၃၇)သန္းနဲ႔ ေရာက္ရွိခဲ့ါတယ္။
ဒါေပမဲ့ ဂတ္ပိုဟာ လီဗာပူးလ္အသင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရၿပီး
(၆)ပြဲကစားအၿပီးမွာ သြင္းဂိုးမရွိ၊ ဂိုးဖန္တီးမႈမရွိသလို အဲဒီ(၆)ပြဲမွာလည္း
(၁)ပြဲသာ အႏိုင္ရခဲ့ပါတယ္။
လီဗာပူးလ္ကို မေရာက္ခင္ ဒီရာသီအစပိုင္းက PSV အသင္းအတြက္
ၿပိဳင္ပြဲစုံ(၂၄)ပြဲကစား၊ (၁၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၇)ႀကိမ္အထိ ျပဳလုပ္ခဲ့သလို
ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ဂတ္ပိုက ေျခစြမ္းၿပီး (၃)ဂိုး
သြင္းခဲ့ပါတယ္။
ဒါေပမဲ့ လီဗာပူးလ္အသင္းမွာေတာ့ ဂတ္ပိုရဲ႕ စြမ္းေဆာင္ရည္က
တစ္ဟုန္ထိုးက်ဆင္းသြားၿပီး မိနစ္ေပါင္း(၄၉၇)မိနစ္ကစားအၿပီးမွာ
ၿပိဳင္ဘက္ပယ္နယ္တီဧရိယာအတြင္း ေဘာလုံးထိခ်က္က တစ္ပြဲပ်မ္းမွ်
(၄)ႀကိမ္သာရွိသလို တစ္ပြဲပ်မ္းမွ်ေဘာလုံးထိခ်က္ (၃၂)ႀကိမ္၊
အခြင့္အေရးဖန္တီးႏိုင္မႈ(၂)ႀကိမ္၊ အပိုင္အခြင့္အေရးဖန္တီးႏိုင္မႈ (ဝ)၊
ဂိုးေပါက္ကန္ခ်က္အလိုက္ ဂိုးသြင္းႏိုင္မႈ(ဝ)၊ ဂိုးဖန္တီးမႈနဲ႔ သြင္းဂိုး(ဝ)
ျဖစ္ေနတာေၾကာင့္ မၾကာခင္ ‘007’ျဖစ္ေတာ့မယ္လို႔ ေလွာင္ေျပာင္
ခံေနရပါတယ္။