
မနေ့ကတော့ ဆွန်ဟောင်မင် ကိန်း အတွဲအဖက်ကနေစပါးအသင်းဟာ
ဝက်စ်ဟမ်း အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ စပါးအသင်းအတွက်
၂၀၂၂ခုနှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ် (၂)ပွဲဆက် နိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။
စပါး 3-1 ဝက်စ်ဟမ်း ပွဲမှာ ဂိုးသွင်းသူတွေကတော့ (ဇူးမား (og)၉မိနစ်
ဆွန်ဟောင်မင် ၂၄မိနစ် ၈၈မိနစ်) (ဘန်ရာမာ ၃၅မိနစ်) တို့ ဖြစ်ပါတယ်။
ကိန်းရဲ့ဂိုးဖန်တီးမှုတွေက တစ်ကြိမ်ဆိုတစ်ကြိမ် ဂိုးရနိုင်တဲ့ အကွက်တွေချည်းဖြစ်သလို၊
ဆွန်ဟောင်မင်ကလည်း ဝက်စ်ဟမ်းခံစစ်က ဇူးမားနဲ့ ဘန်ဂျွန်ဆင်ကို
ကောင်းကောင်းကြီး အရူးလုပ်နိုင်ခဲ့ပါတယ်။ တစ်ပွဲလုံးနီးပါး တန်ပြန်တိုက်စစ်ကိုသာ
အဓိကအသုံးပြုသွားတဲ့ ကွန်တီရဲ့ဗျူဟာ အလုပ်ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်း
တိုက်စစ်ကိုလည်း လှုပ်မရအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းက နှစ်ဂိုးဖန်တီး ဆွန်ဟောင်မင်က နှစ်ဂိုးသွင်းပြီး
ယူနိုက်တက်ကို ကျော်တက်ကာ အဆင့် ၅ နေရာကို တက်ရောက်သွားခဲ့ပါပြီ။
ဟယ်ရီကိန်းဟာ တော့တင်ဟမ်ကစားသမားဘ၀ တစ်လျှောက်
ဂိုးဖန်တီးမှု အကြိမ် ၅၀ ပြည့်ခဲ့ပြီဖြစ်သလို ဆွန်ဟောင်မင်နဲ့အတူ
နှစ်ဦးပေါင်း ပရီးမီးယားလိဂ် သွင်းဂိုး ၃၈ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ နှစ်ယောက်တွဲ သွင်းဂိုးအများဆုံး စံချိန်ကိုလည်း
ဆက်ထိန်းထားပါသေးတယ်။
zawgyi
လိုက္ဖက္ညီလြန္းတဲ့ ကိန္းနဲ႔ ဆြန္အတြဲရဲ႕ မွတ္တမ္းေကာင္း
မေန႔ကေတာ့ ဆြန္ေဟာင္မင္ ကိန္း အတြဲအဖက္ကေနစပါးအသင္းဟာ
ဝက္စ္ဟမ္း အသင္းကို အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ဒီႏိုင္ပြဲဟာ စပါးအသင္းအတြက္
၂၀၂၂ခုႏွစ္အတြင္း ပထမဆုံး ပရီးမီးယားလိဂ္ (၂)ပြဲဆက္ ႏိုင္ပြဲ ျဖစ္လာခဲ့ပါတယ္။
စပါး 3-1 ဝက္စ္ဟမ္း ပြဲမွာ ဂိုးသြင္းသူေတြကေတာ့ (ဇူးမား (og)၉မိနစ္
ဆြန္ေဟာင္မင္ ၂၄မိနစ္ ၈၈မိနစ္) (ဘန္ရာမာ ၃၅မိနစ္) တို႔ ျဖစ္ပါတယ္။
ကိန္းရဲ႕ဂိုးဖန္တီးမႈေတြက တစ္ႀကိမ္ဆိုတစ္ႀကိမ္ ဂိုးရႏိုင္တဲ့ အကြက္ေတြခ်ည္းျဖစ္သလို၊
ဆြန္ေဟာင္မင္ကလည္း ဝက္စ္ဟမ္းခံစစ္က ဇူးမားနဲ႔ ဘန္ဂြၽန္ဆင္ကို
ေကာင္းေကာင္းႀကီး အ႐ူးလုပ္ႏိုင္ခဲ့ပါတယ္။ တစ္ပြဲလုံးနီးပါး တန္ျပန္တိုက္စစ္ကိုသာ
အဓိကအသုံးျပဳသြားတဲ့ ကြန္တီရဲ႕ဗ်ဴဟာ အလုပ္ျဖစ္ခဲ့ၿပီး ဝက္စ္ဟမ္း
တိုက္စစ္ကိုလည္း လႈပ္မရေအာင္ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။
ဟယ္ရီကိန္းက ႏွစ္ဂိုးဖန္တီး ဆြန္ေဟာင္မင္က ႏွစ္ဂိုးသြင္းၿပီး
ယူႏိုက္တက္ကို ေက်ာ္တက္ကာ အဆင့္ ၅ ေနရာကို တက္ေရာက္သြားခဲ့ပါၿပီ။
ဟယ္ရီကိန္းဟာ ေတာ့တင္ဟမ္ကစားသမားဘ၀ တစ္ေလွ်ာက္
ဂိုးဖန္တီးမႈ အႀကိမ္ ၅၀ ျပည့္ခဲ့ၿပီျဖစ္သလို ဆြန္ေဟာင္မင္နဲ႔အတူ
ႏွစ္ဦးေပါင္း ပရီးမီးယားလိဂ္ သြင္းဂိုး ၃၈ ဂိုးထိ သြင္းယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ ႏွစ္ေယာက္တြဲ သြင္းဂိုးအမ်ားဆုံး စံခ်ိန္ကိုလည္း
ဆက္ထိန္းထားပါေသးတယ္။
Leave a Reply