လိဒ်နဲ့ကစားမယ့် မန်ယူရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ရွှေ့လိုက်ပြီ

စက်တင်ဘာလ ၁၈ ရက်နေ့မှာ လိဒ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်ရဲ့ နိုင်ငံတော်ဈာပန အခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့မှာ

ကျင်းပမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင်အင်အားကို ပုံအောသုံးစွဲထားရတဲ့အတွက် ဘောလုံးပွဲစဉ်တွေအတွက် လုံခြုံရေး အင်အား အပြည့်မပေးနိုင်တော့လို့ အခုလိုမျိုး ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ တနင်္လာနေ့မှာ ဆွေးနွေးတိုင်ပင်မှုတွေ

ပြုလုပ်ခဲ့ကြပြီးတဲ့နောက် ပြီးခဲ့တဲ့ တစ်ပတ်က ရွှေ့ဆိုင်းခဲ့တဲ့ ပွဲစဉ်တွေကို အစားပြန်ကန်မယ့်ရက်ကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဲဒီအစည်းအဝေး ဆုံးဖြတ်ချက်အရ ချဲလ်ဆီး-လီဗာပူး၊ မန်ယူ-လိဒ် ပွဲစဉ်တွေကို ရွှေ့ဆိုင်းမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပွဲစဉ် ၇ ပွဲကိုတော့ မဖြစ် မနေ ကစားသွားမှာဖြစ်တယ်လို့ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားကို ကမ္ဘာတစ်ဝန်းလုံးက ခေါင်းဆောင်ကြီးတွေ တက်ရောက်မှာဖြစ်တာကြောင့် လုံခြုံရေးအင် အားကို

အထူးတင်းကြပ်တိုးမြှင့်ချထားတာလည်းဖြစ်ပါတယ်။ မန်ယူနဲ့ လိဒ်တို့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ရဲတပ်ဖွဲ့ဝင် အင်အား ၉၀၀ က လုံခြုံရေး ယူပေးခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ မန်ချက် စတာ ရဲတပ်ဖွဲ့ဝင်တွေဟာ ဗြိတိန်ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားအတွက်

စကော့တလန်နဲ့ လန်ဒန်မြို့ဆီကို သွားရောက်နေရတာကြောင့် အင်အား နည်းပါးနေပြီဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ ပဲလေ့စ်တို့ ကစားမယ့် ပွဲစဉ်ကိုတော့ ဗြိတိန်မှာ မီးရထားလုပ်သားတွေ သပိတ်မှောက်မှုကြောင့် ရွှေ့ဆိုင်းခဲ့တာဖြစ် ပါတယ်။ ဒါပေမဲ့ ဘုရင်မကြီးကွယ်လွန်တဲ့အတွက် အဲဒီသပိတ်မှောက်မှုကို

ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် ဘရိုက်တန်-ပဲလေ့စ်ပွဲစဉ်ကို ပြန်ကစားဖို့ အတွက်တော့ မဆွေးနွေးကြတော့ပါဘူး။ ဗြိတိန်ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ခီရှီဒါနဲ့ ဂျပန်ဘုရင်မင်းမြတ်တို့လည်း တက်ရောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(zawgyi)

စက္တင္ဘာလ ၁၈ ရက္ေန႔မွာ လိဒ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ မန္ယူအသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ကိုလည္း ေ႐ႊ႕ဆိုင္းလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။ ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလိဇဘက္ရဲ႕ ႏိုင္ငံေတာ္ဈာပန အခမ္းအနားကို စက္တင္ဘာ ၁၉ ရက္ေန႔မွာ က်င္းပမွာျဖစ္တာေၾကာင့္

ရဲတပ္ဖြဲ႕ဝင္အင္အားကို ပုံေအာသုံးစြဲထားရတဲ့အတြက္ ေဘာလုံးပြဲစဥ္ေတြအတြက္ လုံၿခဳံေရး အင္အား အျပည့္မေပးႏိုင္ေတာ့လို႔ အခုလိုမ်ိဳး ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြဟာ တနလၤာေန႔မွာ ေဆြးေႏြးတိုင္ပင္မႈေတြ ျပဳလုပ္ခဲ့ၾကၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့

တစ္ပတ္က ေ႐ႊ႕ဆိုင္းခဲ့တဲ့ ပြဲစဥ္ေတြကို အစားျပန္ကန္မယ့္ရက္ကိုလည္း ေဆြးေႏြးတိုင္ပင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ အဲဒီအစည္းအေဝး ဆုံးျဖတ္ခ်က္အရ ခ်ဲလ္ဆီး-လီဗာပူး၊ မန္ယူ-လိဒ္ ပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းမယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ပြဲစဥ္ ၇ ပြဲကိုေတာ့ မျဖစ္ မေန

ကစားသြားမွာျဖစ္တယ္လို႔ Daily Mail သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘုရင္မႀကီးရဲ႕ ႏိုင္ငံေတာ္ ဈာပန အခမ္းအနားကို ကမာၻတစ္ဝန္းလုံးက ေခါင္းေဆာင္ႀကီးေတြ တက္ေရာက္မွာျဖစ္တာေၾကာင့္ လုံၿခဳံေရးအင္ အားကို အထူးတင္းၾကပ္တိုးျမႇင့္ခ်ထားတာလည္းျဖစ္ပါတယ္။

မန္ယူနဲ႔ လိဒ္တို႔ ေနာက္ဆုံးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာ ရဲတပ္ဖြဲ႕ဝင္ အင္အား ၉၀၀ က လုံၿခဳံေရး ယူေပးခဲ့တာပါ။ ဒါေပမဲ့ လက္ရွိမွာေတာ့ မန္ခ်က္ စတာ ရဲတပ္ဖြဲ႕ဝင္ေတြဟာ ၿဗိတိန္ဘုရင္မႀကီးရဲ႕ ဈာပနအခမ္းအနားအတြက္ စေကာ့တလန္နဲ႔ လန္ဒန္ၿမိဳ႕ဆီကို

သြားေရာက္ေနရတာေၾကာင့္ အင္အား နည္းပါးေနၿပီျဖစ္ပါတယ္။ ဘ႐ိုက္တန္နဲ႔ ပဲေလ့စ္တို႔ ကစားမယ့္ ပြဲစဥ္ကိုေတာ့ ၿဗိတိန္မွာ မီးရထားလုပ္သားေတြ သပိတ္ေမွာက္မႈေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ ပါတယ္။ ဒါေပမဲ့ ဘုရင္မႀကီးကြယ္လြန္တဲ့အတြက္ အဲဒီသပိတ္ေမွာက္မႈကို ယာယီရပ္ဆိုင္းလိုက္ၿပီျဖစ္ေပမယ့္

ဘ႐ိုက္တန္-ပဲေလ့စ္ပြဲစဥ္ကို ျပန္ကစားဖို႔ အတြက္ေတာ့ မေဆြးေႏြးၾကေတာ့ပါဘူး။ ၿဗိတိန္ဘုရင္မႀကီးရဲ႕ ႏိုင္ငံေတာ္ ဈာပန အခမ္းအနားကို အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ တက္ေရာက္မွာျဖစ္ၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္ ခီရွီဒါနဲ႔ ဂ်ပန္ဘုရင္မင္းျမတ္တို႔လည္း တက္ေရာက္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။