လိဒ်စ်နဲ့ယူနိုက်တက်ပွဲမှာ ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာကို စူပါကွန်ပြူတာ ခန့်မှန်းလိုက်ပြီ
မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေ၊ မြန်မာစံတော်ချိန်
ည(၈:၃၀)အချိန်ကျရင် သမိုင်းကြောင်းအစဉ်အလာအရ ပြိုင်ဆိုင်မှု
ပြင်းထန်တဲ့ လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်
ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က,ကစားခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်ပွဲမှာ ယူနိုက်တက်တို့
လိဒ်စ်အသင်းကို (၂-ဝ)ဂိုးပြတ်ရှုံးနေတာကနေ ချေပဂိုးတွေပြန်သွင်းပြီးတော့
သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။
အဲဒီပွဲမှာ သရေကျခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ(၁၃)ပွဲဆက်နိုင်ပွဲ
မှတ်တမ်း ရပ်တန့်ခဲ့ပြီး အဆင့်(၂)နေရာက မန်စီးတီးနဲ့အမှတ်တူနိုင်မယ့်
အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲကျရင် လိဒ်စ်အသင်းကို အနိုင်ရအောင်
ကြိုးစားရမှာဖြစ်ပြီး လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး
ဆုံတွေ့ခဲ့တဲ့ (၈)ပွဲမှာ ၂၀၀၂-၀၃ တုန်းက (၁-ဝ)ဂိုးနဲ့ ရှုံးခဲ့တာက လွဲလို့ (၄)ပွဲနိုင်၊
(၃)ပွဲသရေကျခဲ့ပါတယ်။
အခုပွဲအတွက် ရလဒ်ကို စူပါကွန်ပြူတာက ခန့်မှန်းခဲ့ပြီး ယူနိုက်တက်တို့
(၂-၁)ဂိုးနဲ့အနိုင်ယူသွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်
တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကလည်း သူ့ရဲ့ခြေစွမ်းကောင်းကို
ဆက်ထိန်းပြီး ဂိုးသွင်းနိုင်မယ်လို့လည်း စူပါကွန်ပြူတာက ခန့်မှန်းခဲ့ပါတယ်။
[Zawgyi]
(၃)ပွဲသရေကျခဲ့ပါတယ်။