
မန်ချက်စတာယူနိုက်တက်အသင်းဟာ FA ဖလား ပဉ္စမအဆင့်ပွဲအဖြစ်
ဒီည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးမနက် ၂:၁၅)မှာ ဝက်စ်ဟမ်းအသင်းကို
အိမ်ကွင်းပွဲ လက်ခံကစားသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က လိဂ်ဖလားချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့
ယူနိုက်တက်တို့ လက်ကျန်ဖလား(၃)လုံးမျှော်လင့်ချက်ထဲက အနီးစပ်ဆုံး
ဖြစ်တဲ့ FA ဖလား ဆွတ်ခူးနိုင်အောင် ဆက်လက်ကြိုးပမ်းရမှာပါ။
ဒါပေမဲ့လည်း အခု FA ဖလားပွဲပြီးရင် လာမယ့်တနင်္ဂနွေနေ့မှာ
ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးလ်နဲ့ အဝေးကွင်းပွဲ
သွားရောက်ကစားရဖို့ရှိတာကြောင့် နည်းပြအဲရစ်တန်ဟက်အနေနဲ့
ကစားသမားတွေ ပွဲပန်းမှုမရှိအောင် ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲထွက်
လူစာရင်းကို အပြောင်းအလဲလုပ်သွားဖို့ရှိပါတယ်။
ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က အဲရစ်တန်ဟက်ဟာ ဒီညပွဲမှာ
ပြီးခဲ့တဲ့လိဂ်ဖလားဗိုလ်လုပွဲတုန်းက ပွဲထွက်လူစာရင်းကို (၆)နေရာအထိ
အပြောင်းအလဲလုပ်သွားဖို့ရှိတယ်လို့ သုံးသပ်ခဲ့ပြီး ယူနိုက်တက်အသင်းရဲ့
ဖြစ်နိုင်ခြေရှိတဲ့လူစာရင်းကို ခန့်မှန်းဖော်ပြခဲ့ပါတယ်။
ဂိုးသမားနေရာမှာ ပုံမှန်အတိုင်း ဒီဂီယာပဲ ပွဲထွက်လာဖို့ရှိပေမယ့် ခံစစ်မှာ
ပြီးခဲ့တဲ့(၃)ရက်အတွင်း (၂)ပွဲဆက်တိုက်ကစားခဲ့တဲ့ ဗာရန်းကို အနားပေးပြီး
လင်ဒီလော့ဖ်ကို လီဆန်ဒရိုမာတီနက်ဇ်နဲ့ တွဲဖက်သုံးမယ့်အနေအထားပါပဲ။
ဘယ်နောက်ခံလူအဖြစ် လုခ်ရှောအစား မာလာစီယာကို ပွဲထုတ်သုံးဖို့ရှိပြီး
ညာနောက်ခံလူနေရာမှာတော့ ဒါလော့တ် ပါဝင်ကစားနိုင်ပါတယ်။
အခုနောက်ပိုင်း ပွဲတွေမှာ ဆက်တိုက်ကစားနေရတဲ့ ဖရက်ဒ်နဲ့ ကတ်စ်မဲရိုးတို့
အစား တွမ်မီနေးနဲ့ ဆာဘစ်ဇာတို့ ပါဝင်လာနိုင်ခြေရှိပြီး ဒီရာသီ ယူနိုက်တက်
အသင်းအတွက် မိနစ်အများဆုံးကစားထားတဲ့ ဘရူနိုဖာနန်ဒက်စ်ကတော့
မဖြစ်မနေ ပွဲထွက်ကစားခွင့်ရမှာပါ။
ကမ္ဘာ့ဖလားက ပြန်လာပြီးကတည်းက ယူနိုက်တက်အတွက် ဂိုးတွေဆက်တိုက်
သွင်းပြနေတဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အဲရစ်တန်ဟက်က ပွဲအနေအထား
အပေါ် မူတည်ပြီးတော့ အရန်အဖြစ်သာ အသုံးပြုဖို့ရှိပြီး တိုက်စစ်မှာ
ဂါနာချို-ဗက်ဟော့တ်-ဆန်ချိုတို့ကို ပွဲထွက်ကစားဖို့ရှိနေပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ FA ဖလား ပၪၥမအဆင့္ပြဲအျဖစ္
ဒီည(ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူးမနက္ ၂:၁၅)မွာ ဝက္စ္ဟမ္းအသင္းကို
အိမ္ကြင္းပြဲ လက္ခံကစားသြားမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္က လိဂ္ဖလားခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ခဲ့တဲ့
ယူႏိုက္တက္တို႔ လက္က်န္ဖလား(၃)လုံးေမွ်ာ္လင့္ခ်က္ထဲက အနီးစပ္ဆုံး
ျဖစ္တဲ့ FA ဖလား ဆြတ္ခူးႏိုင္ေအာင္ ဆက္လက္ႀကိဳးပမ္းရမွာပါ။
ဒါေပမဲ့လည္း အခု FA ဖလားပြဲၿပီးရင္ လာမယ့္တနဂၤေႏြေန႔မွာ
ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ လီဗာပူးလ္နဲ႔ အေဝးကြင္းပြဲ
သြားေရာက္ကစားရဖို႔ရွိတာေၾကာင့္ နည္းျပအဲရစ္တန္ဟက္အေနနဲ႔
ကစားသမားေတြ ပြဲပန္းမႈမရွိေအာင္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ပြဲထြက္
လူစာရင္းကို အေျပာင္းအလဲလုပ္သြားဖို႔ရွိပါတယ္။
ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Mail က အဲရစ္တန္ဟက္ဟာ ဒီညပြဲမွာ
ၿပီးခဲ့တဲ့လိဂ္ဖလားဗိုလ္လုပြဲတုန္းက ပြဲထြက္လူစာရင္းကို (၆)ေနရာအထိ
အေျပာင္းအလဲလုပ္သြားဖို႔ရွိတယ္လို႔ သုံးသပ္ခဲ့ၿပီး ယူႏိုက္တက္အသင္းရဲ႕
ျဖစ္ႏိုင္ေျခရွိတဲ့လူစာရင္းကို ခန႔္မွန္းေဖာ္ျပခဲ့ပါတယ္။
ဂိုးသမားေနရာမွာ ပုံမွန္အတိုင္း ဒီဂီယာပဲ ပြဲထြက္လာဖို႔ရွိေပမယ့္ ခံစစ္မွာ
ၿပီးခဲ့တဲ့(၃)ရက္အတြင္း (၂)ပြဲဆက္တိုက္ကစားခဲ့တဲ့ ဗာရန္းကို အနားေပးၿပီး
လင္ဒီေလာ့ဖ္ကို လီဆန္ဒ႐ိုမာတီနက္ဇ္နဲ႔ တြဲဖက္သုံးမယ့္အေနအထားပါပဲ။
ဘယ္ေနာက္ခံလူအျဖစ္ လုခ္ေရွာအစား မာလာစီယာကို ပြဲထုတ္သုံးဖို႔ရွိၿပီး
ညာေနာက္ခံလူေနရာမွာေတာ့ ဒါေလာ့တ္ ပါဝင္ကစားႏိုင္ပါတယ္။
အခုေနာက္ပိုင္း ပြဲေတြမွာ ဆက္တိုက္ကစားေနရတဲ့ ဖရက္ဒ္နဲ႔ ကတ္စ္မဲ႐ိုးတို႔
အစား တြမ္မီေနးနဲ႔ ဆာဘစ္ဇာတို႔ ပါဝင္လာႏိုင္ေျခရွိၿပီး ဒီရာသီ ယူႏိုက္တက္
အသင္းအတြက္ မိနစ္အမ်ားဆုံးကစားထားတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့
မျဖစ္မေန ပြဲထြက္ကစားခြင့္ရမွာပါ။
ကမာၻ႔ဖလားက ျပန္လာၿပီးကတည္းက ယူႏိုက္တက္အတြက္ ဂိုးေတြဆက္တိုက္
သြင္းျပေနတဲ့ တိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ကို အဲရစ္တန္ဟက္က ပြဲအေနအထား
အေပၚ မူတည္ၿပီးေတာ့ အရန္အျဖစ္သာ အသုံးျပဳဖို႔ရွိၿပီး တိုက္စစ္မွာ
ဂါနာခ်ိဳ-ဗက္ေဟာ့တ္-ဆန္ခ်ိဳတို႔ကို ပြဲထြက္ကစားဖို႔ရွိေနပါတယ္။