
မန်ချက်စတာယူနိုက်တက် ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ
လိဂ်ဖလားဗိုလ်လုပွဲကို မထင်မှတ်ဘဲ လွဲချော်မယ့်အနေအထားနဲ့
ရင်ဆိုင်နေရပါတယ်။
အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ်လက်ရွေးစင်ကစားသမား
ကတ်စ်မဲရိုးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပြိုင်ဘက်ကွင်းလယ်လူ
ဝီလ်ဟုချ်ကို လည်ပင်းညှစ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင် မာရင်နာက
VAR ကြည့်ပြီးတော့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
အဲဒီအနီကတ်ကြောင့် ကတ်စ်မဲရိုးဟာ ယူနိုက်တက်အသင်းရဲ့ လာမယ့်
ပရီးမီးယားလိဂ်(၃)ပွဲကို လွဲချော်မှာဖြစ်ပြီး အခုတစ်ပတ်အတွင်း
ကစားမယ့် လိဒ်စ်အသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းပွဲ၊ လာမယ့်ဖေဖော်ဝါရီ
(၁၉)ရက်ကျရင် လက်စတာနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲတွေမှာ
ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ကတ်စ်မဲရိုးအနေနဲ့ နောက်တစ်ပတ် ကြာသပတေးနေ့မှာ ဘာစီလိုနာနဲ့
ကစားမယ့် ယူရိုပါလိဂ်ပွဲ၊ ဖေဖော်ဝါရီ(၂၆)ရက်မှာ လိဂ်ဖလားဗိုလ်လုပွဲ
အဖြစ် နယူးကာဆယ်နဲ့ကစားမယ့်ပွဲတွေမှာ ပါဝင်ကစားဖို့ရှိပါတယ်။ ဒါပေမဲ့လည်း
ယူနိုက်တက်အသင်းသာ ကတ်စ်မဲရိုးရဲ့ အနီကတ်အတွက် အယူခံဝင်မယ်ဆိုရင်
လိဂ်ဖလားဗိုလ်လုပွဲကို ကတ်စ်မဲရိုး မထင်မှတ်ဘဲ လွဲချော်မယ့်အနေအထား
ရှိနေပါပြီ။
နည်းပြအဲရစ်တန်ဟက်က ကတ်စ်မဲရိုးရဲ့ အနီကတ်နဲ့ပတ်သက်ပြီး အယူခံဝင်ဖို့
ရှိ၊ မရှိကို အလေးအနက်ထား စဉ်းစားနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အယူခံအောင်သွားရင်တော့ အသင်းအတွက် ကြီးမားတဲ့အကျိုးကျေးဇူး
ရလာနိုင်ပေမယ့် FA ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အယူခံကို
ပယ်ချမယ်ဆိုရင် နောက်ထပ်တစ်ပွဲပယ် ပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့်
နယူးကာဆယ်နဲ့ကစားမယ့် လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်မှာဖြစ်ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ ဝါရင့္ကြင္းလယ္လူ ကတ္စ္မဲ႐ိုးဟာ
လိဂ္ဖလားဗိုလ္လုပြဲကို မထင္မွတ္ဘဲ လြဲေခ်ာ္မယ့္အေနအထားနဲ႔
ရင္ဆိုင္ေနရပါတယ္။
အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ ဘရာဇီးလ္လက္ေ႐ြးစင္ကစားသမား
ကတ္စ္မဲ႐ိုးဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ၿပိဳင္ဘက္ကြင္းလယ္လူ
ဝီလ္ဟုခ်္ကို လည္ပင္းညႇစ္ခဲ့တဲ့အတြက္ ကြင္းလယ္ဒိုင္ မာရင္နာက
VAR ၾကည့္ၿပီးေတာ့ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ပါတယ္။
အဲဒီအနီကတ္ေၾကာင့္ ကတ္စ္မဲ႐ိုးဟာ ယူႏိုက္တက္အသင္းရဲ႕ လာမယ့္
ပရီးမီးယားလိဂ္(၃)ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး အခုတစ္ပတ္အတြင္း
ကစားမယ့္ လိဒ္စ္အသင္းနဲ႔ အိမ္ကြင္း၊ အေဝးကြင္းပြဲ၊ လာမယ့္ေဖေဖာ္ဝါရီ
(၁၉)ရက္က်ရင္ လက္စတာနဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲေတြမွာ
ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။
ကတ္စ္မဲ႐ိုးအေနနဲ႔ ေနာက္တစ္ပတ္ ၾကာသပေတးေန႔မွာ ဘာစီလိုနာနဲ႔
ကစားမယ့္ ယူ႐ိုပါလိဂ္ပြဲ၊ ေဖေဖာ္ဝါရီ(၂၆)ရက္မွာ လိဂ္ဖလားဗိုလ္လုပြဲ
အျဖစ္ နယူးကာဆယ္နဲ႔ကစားမယ့္ပြဲေတြမွာ ပါဝင္ကစားဖို႔ရွိပါတယ္။ ဒါေပမဲ့လည္း
ယူႏိုက္တက္အသင္းသာ ကတ္စ္မဲ႐ိုးရဲ႕ အနီကတ္အတြက္ အယူခံဝင္မယ္ဆိုရင္
လိဂ္ဖလားဗိုလ္လုပြဲကို ကတ္စ္မဲ႐ိုး မထင္မွတ္ဘဲ လြဲေခ်ာ္မယ့္အေနအထား
ရွိေနပါၿပီ။
နည္းျပအဲရစ္တန္ဟက္က ကတ္စ္မဲ႐ိုးရဲ႕ အနီကတ္နဲ႔ပတ္သက္ၿပီး အယူခံဝင္ဖို႔
ရွိ၊ မရွိကို အေလးအနက္ထား စဥ္းစားေနတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
အယူခံေအာင္သြားရင္ေတာ့ အသင္းအတြက္ ႀကီးမားတဲ့အက်ိဳးေက်းဇူး
ရလာႏိုင္ေပမယ့္ FA ရဲ႕ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕က အယူခံကို
ပယ္ခ်မယ္ဆိုရင္ ေနာက္ထပ္တစ္ပြဲပယ္ ျပစ္ဒဏ္က်ခံရမွာျဖစ္တာေၾကာင့္
နယူးကာဆယ္နဲ႔ကစားမယ့္ လိဂ္ဖလားဗိုလ္လုပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။