
မန်ချက်စတာယူနိုက်တက်အသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်
ဒုတိယအကျော့အဖြစ် နော်တင်ဟမ်ဖော်ရက်စ်အသင်းကို
အိမ်ကွင်းပွဲ လက်ခံကစားရမှာဖြစ်ပြီး အသင်းရဲ့ကစားသမား
နှစ်ဦးဖြစ်တဲ့ မာစီယဲလ်နဲ့ ဆန်ချိုတို့ ပါဝင်ကစားနိုင်ဖို့ရှိပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမအကျော့အဝေးကွင်းပွဲတုန်းက
နော်တင်ဟမ်ဖော်ရက်စ်ကို (၃-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့်
၂၀၁၇ နောက်ပိုင်း လိဂ်ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ
အဆင့်တက်ရောက်ခွင့်ရဖို့ အခြေအနေကောင်းသွားပြီး (၆)နှစ်နီးပါး
ဖလားလက်မဲ့ဖြစ်နေတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။
နော်တင်ဟမ်ဖော်ရက်စ်နဲ့ကစားမယ့်ပွဲကို ဒါလော့တ်၊ တွမ်ဇီဘီ၊
ဗန်ဒီဘိခ်တို့အပြင် အခုနောက်ဆုံး ဝါရင့်ကွင်းလယ်လူ
အဲရစ်ဆင်ကလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပေမယ့်
အဓိက,ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်ချိုနဲ့ မာစီယဲလ်တို့ ပါဝင်လာဖို့
ရှိပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ချယ်လ်ဆီးနဲ့ (၁-၁)ဂိုးစီ
သရေကျခဲ့တဲ့ပွဲနောက်ပိုင်းကတည်းက ယူနိုက်တက်အသင်းမှာ ပါဝင်
ကစားခွင့်မရသေးဘဲ အခုလောလောဆယ် အသင်းနဲ့အတူ
လေ့ကျင့်ခန်းဆင်းခွင့်ရပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာတော့ လူစာရင်းမှာ
မပါဝင်ခဲ့ပါဘူး။
မာစီယဲလ်ဟာလည်း မန်ချက်စတာဒါဘီပွဲပြီးကတည်းက ဒဏ်ရာကြောင့်
အနားယူနေရပြီး အခုအချိန်မှာ ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်လို့
နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲ လူစာရင်းမှာ ပါဝင်လာဖို့ရှိပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လိဂ္ဖလားဆီမီးဖိုင္နယ္
ဒုတိယအေက်ာ့အျဖစ္ ေနာ္တင္ဟမ္ေဖာ္ရက္စ္အသင္းကို
အိမ္ကြင္းပြဲ လက္ခံကစားရမွာျဖစ္ၿပီး အသင္းရဲ႕ကစားသမား
ႏွစ္ဦးျဖစ္တဲ့ မာစီယဲလ္နဲ႔ ဆန္ခ်ိဳတို႔ ပါဝင္ကစားႏိုင္ဖို႔ရွိပါတယ္။
ယူႏိုက္တက္အသင္းဟာ ပထမအေက်ာ့အေဝးကြင္းပြဲတုန္းက
ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို (၃-ဝ)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္
၂၀၁၇ ေနာက္ပိုင္း လိဂ္ဖလားၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ဗိုလ္လုပြဲ
အဆင့္တက္ေရာက္ခြင့္ရဖို႔ အေျခအေနေကာင္းသြားၿပီး (၆)ႏွစ္နီးပါး
ဖလားလက္မဲ့ျဖစ္ေနတာကို အဆုံးသတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။
ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ကစားမယ့္ပြဲကို ဒါေလာ့တ္၊ တြမ္ဇီဘီ၊
ဗန္ဒီဘိခ္တို႔အျပင္ အခုေနာက္ဆုံး ဝါရင့္ကြင္းလယ္လူ
အဲရစ္ဆင္ကလည္း ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ေပမယ့္
အဓိက,ကစားသမားႏွစ္ဦးျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ မာစီယဲလ္တို႔ ပါဝင္လာဖို႔
ရွိပါတယ္။
ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက ခ်ယ္လ္ဆီးနဲ႔ (၁-၁)ဂိုးစီ
သေရက်ခဲ့တဲ့ပြဲေနာက္ပိုင္းကတည္းက ယူႏိုက္တက္အသင္းမွာ ပါဝင္
ကစားခြင့္မရေသးဘဲ အခုေလာေလာဆယ္ အသင္းနဲ႔အတူ
ေလ့က်င့္ခန္းဆင္းခြင့္ရၿပီျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ပြဲေတြမွာေတာ့ လူစာရင္းမွာ
မပါဝင္ခဲ့ပါဘူး။
မာစီယဲလ္ဟာလည္း မန္ခ်က္စတာဒါဘီပြဲၿပီးကတည္းက ဒဏ္ရာေၾကာင့္
အနားယူေနရၿပီး အခုအခ်ိန္မွာ ဒဏ္ရာက ျပန္လည္သက္သာလာၿပီျဖစ္လို႔
ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ပြဲ လူစာရင္းမွာ ပါဝင္လာဖို႔ရွိပါတယ္။