လိဂ်ဖလားကွာတားဖိုင်နယ်မှာ League One ကလပ် ချာလ်တန်နဲ့ အိမ်ကွင်းပွဲ ရင်ဆိုင်ရမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိဂ်ဖလားကွာတားဖိုင်နယ်ပွဲအဖြစ်

League One ကလပ် ချာလ်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ လက်ခံ
ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ စတုတ္ထအဆင့်မှာ ဘန်လေကို (၂-ဝ)ဂိုးနဲ့အနိုင်ယူခဲ့ပြီး
ချာလ်တန်အသင်းကလည်း ပရီးမီးယားလိဂ်က ဘရိုက်တန်ကို ပယ်နယ်တီ
အဆုံးအဖြတ်နဲ့ အနိုင်ယူပြီးတော့ ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပထမဆုံးအဖြစ်
ကွာတားဖိုင်နယ်အဆင့် တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

ကွာတားဖိုင်နယ်တက်ခွင့်ရသွားတဲ့ အသင်းတွေထဲမှာ ချာလ်တန်အသင်းက
ပရီးမီးယားလိဂ်က မဟုတ်တဲ့ တစ်သင်းတည်းသော ကလပ်ဖြစ်ပြီး လိဂ်ဖလား
ကွာတားဖိုင်နယ်အဆင့်၊ အဝေးကွင်းမှာ ချာလ်တန်တို့ ပြိုင်ဘက်ကို နောက်ဆုံး

အနိုင်ရခဲ့တာက ၁၉၈၉၊ နိုဝင်ဘာလတုန်းကဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်လက်ထက် ၂၀၀၇၊ ဖေဖော်ဝါရီမှာ

ချာလ်တန်နဲ့ နောက်ဆုံးရင်ဆိုင်ခဲ့ဖူးပြီး (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်အသင်း
အနေနဲ့ ၂၀၁၇ နောက်ပိုင်း ဝေးကွာနေတဲ့ လိဂ်ဖလားချန်ပီယံဆု ကိုင်မြှောက်ခွင့်ရဖို့
ပစ်မှတ်ထားနေတာကြောင့် ချာလ်တန်အသင်းကို ကျော်ဖြတ်နိုင်အောင် ကြိုးစားရမှာ
ဖြစ်ပါတယ်။

လက်ရှိချန်ပီယံလိဂ် လီဗာပူးလ်ကို အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တဲ့ မန်စီးတီး
အသင်းကတော့ ကွာတားဖိုင်နယ်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဆောက်သမ်တန်အသင်းနဲ့
အဝေးကွင်းပွဲ ရင်ဆိုင်ရမှာပါ။

တခြားပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝုလ်ဗ် – နော်တင်ဟမ်ဖော်ရက်စ်၊
နယူးကာဆယ် – လက်စတာအသင်းတို့ ဆုံတွေ့နေကြပါတယ်။ လိဂ်ဖလားကွာတားဖိုင်နယ်

ပွဲတွေကို လာမယ့်နှစ်၊ ဇန်နဝါရီ(၁၀)ရက်ကျရင် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဘယ်အသင်းတွေ
ဆီမီးဖိုင်နယ်တက်ခွင့်ရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လိဂ္ဖလားကြာတားဖိုင္နယ္ပြဲအျဖစ္
League One ကလပ္ ခ်ာလ္တန္ကို အိမ္ကြင္းအိုးလ္ထရက္ဖို႔ဒ္မွာ လက္ခံ
ကစားရမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ စတုတၳအဆင့္မွာ ဘန္ေလကို (၂-ဝ)ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီး
ခ်ာလ္တန္အသင္းကလည္း ပရီးမီးယားလိဂ္က ဘ႐ိုက္တန္ကို ပယ္နယ္တီ
အဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီးေတာ့ ၂၀၀၆-၀၇ ရာသီေနာက္ပိုင္း ပထမဆုံးအျဖစ္
ကြာတားဖိုင္နယ္အဆင့္ တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။

ကြာတားဖိုင္နယ္တက္ခြင့္ရသြားတဲ့ အသင္းေတြထဲမွာ ခ်ာလ္တန္အသင္းက
ပရီးမီးယားလိဂ္က မဟုတ္တဲ့ တစ္သင္းတည္းေသာ ကလပ္ျဖစ္ၿပီး လိဂ္ဖလား

ကြာတားဖိုင္နယ္အဆင့္၊ အေဝးကြင္းမွာ ခ်ာလ္တန္တို႔ ၿပိဳင္ဘက္ကို ေနာက္ဆုံး
အႏိုင္ရခဲ့တာက ၁၉၈၉၊ ႏိုဝင္ဘာလတုန္းကျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္လက္ထက္ ၂၀၀၇၊ ေဖေဖာ္ဝါရီမွာ
ခ်ာလ္တန္နဲ႔ ေနာက္ဆုံးရင္ဆိုင္ခဲ့ဖူးၿပီး (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ယူႏိုက္တက္အသင္း
အေနနဲ႔ ၂၀၁၇ ေနာက္ပိုင္း ေဝးကြာေနတဲ့ လိဂ္ဖလားခ်န္ပီယံဆု ကိုင္ေျမႇာက္ခြင့္ရဖို႔
ပစ္မွတ္ထားေနတာေၾကာင့္ ခ်ာလ္တန္အသင္းကို ေက်ာ္ျဖတ္ႏိုင္ေအာင္ ႀကိဳးစားရမွာ
ျဖစ္ပါတယ္။

လက္ရွိခ်န္ပီယံလိဂ္ လီဗာပူးလ္ကို အျပန္အလွန္သြင္းဂိုးေတြနဲ႔ အႏိုင္ယူခဲ့တဲ့ မန္စီးတီး
အသင္းကေတာ့ ကြာတားဖိုင္နယ္မွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ေဆာက္သမ္တန္အသင္းနဲ႔

အေဝးကြင္းပြဲ ရင္ဆိုင္ရမွာပါ။

တျခားပြဲစဥ္ေတြမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ ဝုလ္ဗ္ – ေနာ္တင္ဟမ္ေဖာ္ရက္စ္၊

နယူးကာဆယ္ – လက္စတာအသင္းတို႔ ဆုံေတြ႕ေနၾကပါတယ္။ လိဂ္ဖလားကြာတားဖိုင္နယ္
ပြဲေတြကို လာမယ့္ႏွစ္၊ ဇန္နဝါရီ(၁၀)ရက္က်ရင္ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ဘယ္အသင္းေတြ
ဆီမီးဖိုင္နယ္တက္ခြင့္ရမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။