M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးကြယ်ပွင့်ဒီဘရူနီဟာ လာမယ့်ရာသီသူ့ရဲ့အသင်းဖော်သစ်ဖြစ်လာမယ့်
တိုက်စ်မှုးဟာလန်းကို ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် ဒီဘရူနီဟာ အဲဒီနော်ဝေသားဆီက
သူမျှော်မှန်းထားတဲ့ သွင်းဂိုးအရေအတွက်ကိုပါ ဖွင့်ဟခဲ့တာပါ။
ဟာလန်းရောက်လာတဲ့အတွက် ဒီဘရူနီဟာ တစ်ဦးချင်းအနေနဲ့အရလည်း
ဂိုးဖန်တီးနိုင်မှုအကြိမ်ရေ ပိုများလာဖို့ ရှိပါတယ်။ ဒေါ့မန်အတွက် ပြိုင်ပွဲအရပ်ရပ်
၈၉ ပွဲမှာ ၈၆ ဂိုးသွင်းသွင်းယူခဲ့တဲ့ဟာလန်းဟာ မန်စီးတီးတိုက်စစ်မှာ
အဓိကသော့ချက်ဖြစ်လာမယ့် အရည်အသွေးတွေအားလုံးကိုလည်း ပိုင်ဆိုင်ထားတာပါ။
ဘယ်လ်ဂျီယံသတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာတော့ ဒီဘရူနီဟာ ဟာလန်းဆီက
သူ့ရဲ့မျှော်မှန်းထားတာတွေကို အခုလိုဖွင့်ဟခဲ့ပါတယ်။ ”အာလင်းဟာလန်းဟာ
ထိပ်တန်းတိုက်စစ်မှုးတစ်ယောက်ပါ။ သူ့အပြောင်းအရွှေ့က အသင်းတစ်သင်းအနေနဲ့
ကျွန်တော်တို့ကြီးထွားအောင် ကူညီပေးနိုင်သင့်ပါတယ်။ အားလုံးကတော့
အများကြီးမျှော်မှန်းထားကြတာပါ။ သူတို့က နံပါတ် ၉ ကစားသမားတစ်ယောက်ကို
အမြဲရှာဖွေခဲ့ကြတာဆိုတော့။ ဒါပေမဲ့ တစ်ရာသီကို ဂိုး ၂၀၊ ၂၅ သွင်းနိုင်တဲ့
တိုက်စစ်မှုးမျိုးရှိတယ်ဆိုရင် ကောင်းမယ်လို့ ထင်ပါတယ်”လို့ ဒီဘရူနီက ဆိုခဲ့တာပါ။
ဒါ့အပြင် ဒီဘရူနီက အဲဒီ ၂၁ နှစ်အရွယ် ကစားသမားရဲ့အဆုံးသတ်က
သူ့ရဲ့ဂိုးဖန်တီးမှုပိုများအောင် အကူအညီဖြစ်စေနိုင်ကြောင်းလည်း ဆိုပါတယ်။
”သူရောက်လာတာက ကျွန်တော့်ကိုလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
ဒီရာသီထက် ကျွန်တော် ဂိုးဖန်တီးမှုပိုလုပ်နိုင်တဲ့နှစ်တွေရှိခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော့်ရဲ့အခွင့်အရေးဖန်တီးနိုင်မှုနဲ့တခြားအရာတွေကတော့
တည်ငြိမ်နေဆဲပါ။ ကိန်းဂဏန်းတွေဆိုတာ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့်
အဲဒါတွေက ခင်ဗျားကို ဇာတ်လမ်းအပြည့်အစုံ ဘယ်တော့မှ ပြောနိုင်မှာ
မဟုတ်ပါဘူး”လို့ ဒီဘရူနီက ဆက်လက်ပြောကြားခဲ့တာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လာမယ့်ရာသီစီးတီးအတွက် ဟာလန်း ဘယ်နှစ်ဂိုးသွင်းမယ်ဆိုတာ ခန့်မှန်းလိုက်တဲ့ဒီဘရူနီ
Leave a Reply