
ချယ်လ်ဆီးနည်းပြဂရေဟမ်ပေါ်တာအနေနဲ့ အသင်းနည်းပြထိုင်ခုံပေါ်မှာ
ဆက်ရှိချင်တယ်ဆိုရင် လာမယ့်ပွဲစဉ်(၂)ပွဲကို မဖြစ်မနေ အနိုင်ယူရတော့မှာ
ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ တနင်္ဂနွေနေ့တုန်းက စပါးအသင်းနဲ့ ပရီးမီးယားလိဂ်
လန်ဒန်ဒါဘီပွဲမှာ (၂-ဝ)ဂိုးနဲရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက်
တစ်ဂိုးမှမသွင်းနိုင်ဘဲ ပွဲတိုင်းရှုံးနိမ့်ခဲ့သလို နောက်ဆုံး(၆)ပွဲမှာလည်း
နိုင်ပွဲပျောက်ဆုံးပြီး (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဂရေဟမ်ပေါ်တာအတွက် ဖိအားများနေပြီး
လာမယ့် လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ၊ ဒေ့ါမွန်နဲ့ ချန်ပီယံလိဂ်ဒုတိယ
အကျော့တွေမှာ ရလဒ်မကောင်းရင်တော့ ဂရေဟမ်ပေါ်တာဟာ သေချာပေါက်
အထုတ်ခံရမှာဖြစ်တယ်လို့ ဗြိတိန်သတင်းစာ The Telegraph က သုံးသပ်
ဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၅)ပွဲဆက်တိုက် နိုင်ပွဲ
ပျောက်ခဲ့ပြီး (၂၄)ပွဲကစားအပြီး၊ (၃၁)မှတ်သာရရှိခဲ့လို့ အဆင့်(၄)နေရာက
စပါးအသင်းနဲ့ (၁၄)မှတ်အကွာ အဆင့်(၁၀)နေရာမှာ ရပ်တည်နေပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ FA ဖလား၊ လိဂ်ဖလားပြိုင်ပွဲတွေမှာ
တတိယအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် ဆုဖလားမျှော်လင့်ချက်အဖြစ်
ချန်ပီယံလိဂ်တစ်လုံးသာ ကျန်ရှိတော့ပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်
ပထမအကျော့တုန်းက ဒေ့ါမွန်ကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့်
နောက်တစ်ဆင့်တက်ခွင့်ရဖို့ အိမ်ကွင်းမှာ မဖြစ်မနေ အနိုင်ကစားရမှာပါ။
[Zawgyi]
ခ်ယ္လ္ဆီးနည္းျပဂေရဟမ္ေပၚတာအေနနဲ႔ အသင္းနည္းျပထိုင္ခုံေပၚမွာ
ဆက္ရွိခ်င္တယ္ဆိုရင္ လာမယ့္ပြဲစဥ္(၂)ပြဲကို မျဖစ္မေန အႏိုင္ယူရေတာ့မွာ
ျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ တနဂၤေႏြေန႔တုန္းက စပါးအသင္းနဲ႔ ပရီးမီးယားလိဂ္
လန္ဒန္ဒါဘီပြဲမွာ (၂-ဝ)ဂိုးနဲရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲစုံ(၃)ပြဲဆက္တိုက္
တစ္ဂိုးမွမသြင္းႏိုင္ဘဲ ပြဲတိုင္းရႈံးနိမ့္ခဲ့သလို ေနာက္ဆုံး(၆)ပြဲမွာလည္း
ႏိုင္ပြဲေပ်ာက္ဆုံးၿပီး (၁)ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။
အသင္းရဲ႕ ရလဒ္ဆိုးေတြေၾကာင့္ ဂေရဟမ္ေပၚတာအတြက္ ဖိအားမ်ားေနၿပီး
လာမယ့္ လိဒ္စ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ၊ ေဒ့ါမြန္နဲ႔ ခ်န္ပီယံလိဂ္ဒုတိယ
အေက်ာ့ေတြမွာ ရလဒ္မေကာင္းရင္ေတာ့ ဂေရဟမ္ေပၚတာဟာ ေသခ်ာေပါက္
အထုတ္ခံရမွာျဖစ္တယ္လို႔ ၿဗိတိန္သတင္းစာ The Telegraph က သုံးသပ္
ေဖာ္ျပခဲ့ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး(၅)ပြဲဆက္တိုက္ ႏိုင္ပြဲ
ေပ်ာက္ခဲ့ၿပီး (၂၄)ပြဲကစားအၿပီး၊ (၃၁)မွတ္သာရရွိခဲ့လို႔ အဆင့္(၄)ေနရာက
စပါးအသင္းနဲ႔ (၁၄)မွတ္အကြာ အဆင့္(၁၀)ေနရာမွာ ရပ္တည္ေနပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ဒီရာသီမွာ FA ဖလား၊ လိဂ္ဖလားၿပိဳင္ပြဲေတြမွာ
တတိယအဆင့္ကေန ထြက္ခဲ့ရတဲ့အတြက္ ဆုဖလားေမွ်ာ္လင့္ခ်က္အျဖစ္
ခ်န္ပီယံလိဂ္တစ္လုံးသာ က်န္ရွိေတာ့ေပမယ့္ ရႈံးထြက္(၁၆)သင္းအဆင့္
ပထမအေက်ာ့တုန္းက ေဒ့ါမြန္ကို (၁-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္
ေနာက္တစ္ဆင့္တက္ခြင့္ရဖို႔ အိမ္ကြင္းမွာ မျဖစ္မေန အႏိုင္ကစားရမွာပါ။