လာမယ့်နှစ်အစပိုင်းလောက်ကျရင် ယူနိုက်တက်အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ဖို့ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ လာမယ့်လ

အနည်းငယ်အတွင်းမှာပဲ အသင်းကို အပြီးသတ်ရောင်းချသွားဖို့ရှိတယ်လို့
သတင်းထွက်နေပါတယ်။

အခုနောက်ပိုင်းနှစ်အတွင်း ပရိသတ်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေ မကြာခဏ
ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ယူနိုက်တက်အသင်းကို ရောင်းချဖို့စီစဉ်နေပြီလို့
ဂလေဇာမိသားစုဟာ ပြီးခဲ့တဲ့လက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ ဂလေဇာမိသားစု မထွက်မချင်း ဆန္ဒပြသွားဖို့
ရှိပြီး နော်တင်ဟမ်ဖော်ရက်စ်နဲ့ကစားခဲ့တဲ့ပွဲမတိုင်ခင်မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
ဂလေဇာမိသားစုဟာ အသင်းရောင်းချရေးကိစ္စအတွက် ရင်းနှီးမြုပ်နှံမှုဘဏ်အဖွဲ့အစည်း

ဖြစ်တဲ့ Raine Group ကုမ္ပဏီကို တာဝန်ပေးထားပြီး လာမယ့် ၂၀၂၃ နှစ်အစပိုင်းမှာပဲ
အသင်းကို အပြီးသတ်ရောင်းချနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နာမည်ကျော်
The Athletic အားကစားမီဒီယာရဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဒေးဗစ်အွန်စတိန်းက

အတည်ပြုခဲ့ပါတယ်။

ဒေးဗစ်အွန်စတိန်းက “ယူနိုက်တက်အသင်းကို ရောင်းချရေးကိစ္စအတွက် တာဝန်

ယူထားတဲ့ Raine Bank အဖွဲ့ဟာ ၂၀၂၃၊ ဇန်နဝါရီကနေ မတ်လအတွင်း အဲဒီကိစ္စကို
အပြီးသတ်ဆောင်ရွက်သွားဖို့ရှိပါတယ်။ အဲဒါကြောင့် ဂလေဇာမိသားစုအနေနဲ့
လာမယ့်ဇန်နဝါရီလအတွင်း ကစားသမားသစ်ခေါ်ယူဖို့ ငွေအများကြီး သုံးစွဲသွားမယ့်
အနေအထား မရှိတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Raine Bank ဟာ ယူနိုက်တက်အသင်းအတွက် ခေါ်ဈေးအဖြစ် ပေါင်(၇)ဘီလီယံနဲ့
(၈)ဘီလီယံအတွင်း သတ်မှတ်ထားပြီး ယူနိုက်တက်ကို ဝယ်ယူဖို့ နာမည်ကျော်
သန်းကြွယ်သူဌေးတချို့က အပြိုင်စိတ်ဝင်စားနေကြပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစုဟာ လာမယ့္လ
အနည္းငယ္အတြင္းမွာပဲ အသင္းကို အၿပီးသတ္ေရာင္းခ်သြားဖို႔ရွိတယ္လို႔

သတင္းထြက္ေနပါတယ္။

အခုေနာက္ပိုင္းႏွစ္အတြင္း ပရိသတ္ေတြရဲ႕ ဆန႔္က်င္ဆႏၵျပမႈေတြ မၾကာခဏ

ရင္ဆိုင္ခဲ့ရၿပီးတဲ့ေနာက္ ယူႏိုက္တက္အသင္းကို ေရာင္းခ်ဖို႔စီစဥ္ေနၿပီလို႔
ဂေလဇာမိသားစုဟာ ၿပီးခဲ့တဲ့လက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဂေလဇာမိသားစု မထြက္မခ်င္း ဆႏၵျပသြားဖို႔
ရွိၿပီး ေနာ္တင္ဟမ္ေဖာ္ရက္စ္နဲ႔ကစားခဲ့တဲ့ပြဲမတိုင္ခင္မွာလည္း ဆႏၵျပခဲ့ၾကပါတယ္။
ဂေလဇာမိသားစုဟာ အသင္းေရာင္းခ်ေရးကိစၥအတြက္ ရင္းႏွီးျမဳပ္ႏွံမႈဘဏ္အဖြဲ႕အစည္း

ျဖစ္တဲ့ Raine Group ကုမၸဏီကို တာဝန္ေပးထားၿပီး လာမယ့္ ၂၀၂၃ ႏွစ္အစပိုင္းမွာပဲ
အသင္းကို အၿပီးသတ္ေရာင္းခ်ႏိုင္ဖို႔ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ နာမည္ေက်ာ္
The Athletic အားကစားမီဒီယာရဲ႕ ဂ်ာနယ္လစ္တစ္ဦးျဖစ္သူ ေဒးဗစ္အြန္စတိန္းက
အတည္ျပဳခဲ့ပါတယ္။

ေဒးဗစ္အြန္စတိန္းက “ယူႏိုက္တက္အသင္းကို ေရာင္းခ်ေရးကိစၥအတြက္ တာဝန္
ယူထားတဲ့ Raine Bank အဖြဲ႕ဟာ ၂၀၂၃၊ ဇန္နဝါရီကေန မတ္လအတြင္း အဲဒီကိစၥကို

အၿပီးသတ္ေဆာင္႐ြက္သြားဖို႔ရွိပါတယ္။ အဲဒါေၾကာင့္ ဂေလဇာမိသားစုအေနနဲ႔
လာမယ့္ဇန္နဝါရီလအတြင္း ကစားသမားသစ္ေခၚယူဖို႔ ေငြအမ်ားႀကီး သုံးစြဲသြားမယ့္
အေနအထား မရွိေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

Raine Bank ဟာ ယူႏိုက္တက္အသင္းအတြက္ ေခၚေဈးအျဖစ္ ေပါင္(၇)ဘီလီယံနဲ႔
(၈)ဘီလီယံအတြင္း သတ္မွတ္ထားၿပီး ယူႏိုက္တက္ကို ဝယ္ယူဖို႔ နာမည္ေက်ာ္
သန္းႂကြယ္သူေဌးတခ်ိဳ႕က အၿပိဳင္စိတ္ဝင္စားေနၾကပါတယ္။