
မန်စီးတီးအသင်းမှာခြေစွမ်းပြကစားနေတဲ့ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ
ဘာနာဒိုဆေးလ်ဗားက လာမယ့်နှစ်ကျရင် အသင်းနဲ့လမ်းခွဲပြီး သူ့အသင်းဟောင်း
ဘင်ဖီကာအသင်းဆီ ပြန်ဖို့ရှိနေတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။
အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီက
အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရလို့ အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့
သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးအသင်းက ဘာနာဒိုဆေးလ်ဗားကို
လက်လွှတ်မခံဘဲ ဆက်ထိန်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဒီရာသီတစ်လျှောက်လုံး ဘာနာဒိုဆေးလ်ဗားဟာ အသင်းအတွက်
အကောင်းဆုံးခြေစွမ်းပြကစားနေပြီး (၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ထားသလို
မန်စီးတီးကွင်းလယ်ရဲ့မရှိမဖြစ်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရနေပါတယ်။
ဒါပေမဲ့လည်း ဘာနာဒိုဆေးလ်ဗားက ပေါ်တူဂီမှာ ပြန်ကစားဖို့ဆန္ဒရှိနေတဲ့အတွက်
လာမယ့်နှစ်ကျရင် မန်စီးတီးနဲ့လမ်းခွဲမယ့်အနေအထားရှိနေတာပါ။
ပေါ်တူဂီသတင်းစာ Channel 11 နဲ့ အင်တာဗျူးမှာ ဘာနာဒိုဆေးလ်ဗားက
“ကျွန်တော် ပေါ်တူဂီနိုင်ငံကို အရမ်းလွမ်းဆွတ်မိပါတယ်။
လာမယ့်(၁)နှစ်၊ (၂)နှစ်အတွင်း ပေါ်တူဂီကို ပြန်ခွင့်ရမယ်ဆိုရင် ကျွန်တော်ပြန်ဖို့
သေချာသလောက်ရှိပါတယ်။ အဲဒါက ဘင်ဖီကာအသင်းမှာ ပြန်ကစားချင်တာ
သက်သက်မဟုတ်ဘဲ ပေါ်တူဂီမှာရှိတဲ့ ကျွန်တော့်မိသားစု၊ ပေါ်တူဂီမှာနေထိုင်ရတာကို
လွမ်းဆွတ်မိလို့ဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။ ဘင်ဖီကာလူငယ်အသင်းကနေ
ထွက်ပေါ်ခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၅ မှာ မိုနာကိုအသင်းကိုပြောင်းရွှေ့ခဲ့ပြီး
(၂)နှစ်အကြာမှာ မန်စီးတီးအသင်းဆီရောက်ရှိခဲ့တာဖြစ်သလို အသင်းနဲ့အတူ
ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ FA ဖလားတွေဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
zawgyi
လာမယ့္ႏွစ္က်ရင္ မန္စီးတီးအသင္းကေနထြက္ခြာဖို႔ရွိတယ္လို႔ ဘာနာဒိုေဆးလ္ဗားဝန္ခံ
မန္စီးတီးအသင္းမွာေျခစြမ္းျပကစားေနတဲ့ ေပၚတူဂီလက္ေ႐ြးစင္ကြင္းလယ္လူ
ဘာနာဒိုေဆးလ္ဗားက လာမယ့္ႏွစ္က်ရင္ အသင္းနဲ႔လမ္းခြဲၿပီး သူ႔အသင္းေဟာင္း
ဘင္ဖီကာအသင္းဆီ ျပန္ဖို႔ရွိေနတယ္လို႔ဝန္ခံေျပာဆိုလိုက္ပါတယ္။
အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘာနာဒိုေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ရာသီက
အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ခဲ့ရလို႔ အသင္းကေနထြက္ခြာေတာ့မယ္ဆိုတဲ့
သတင္းေတြထြက္ေပၚခဲ့ေပမယ့္ မန္စီးတီးအသင္းက ဘာနာဒိုေဆးလ္ဗားကို
လက္လႊတ္မခံဘဲ ဆက္ထိန္းခဲ့တာျဖစ္ပါတယ္။
အဲဒီေနာက္ ဒီရာသီတစ္ေလွ်ာက္လုံး ဘာနာဒိုေဆးလ္ဗားဟာ အသင္းအတြက္
အေကာင္းဆုံးေျခစြမ္းျပကစားေနၿပီး (၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ထားသလို
မန္စီးတီးကြင္းလယ္ရဲ႕မရွိမျဖစ္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရေနပါတယ္။
ဒါေပမဲ့လည္း ဘာနာဒိုေဆးလ္ဗားက ေပၚတူဂီမွာ ျပန္ကစားဖို႔ဆႏၵရွိေနတဲ့အတြက္
လာမယ့္ႏွစ္က်ရင္ မန္စီးတီးနဲ႔လမ္းခြဲမယ့္အေနအထားရွိေနတာပါ။
ေပၚတူဂီသတင္းစာ Channel 11 နဲ႔ အင္တာဗ်ဴးမွာ ဘာနာဒိုေဆးလ္ဗားက
“ကြၽန္ေတာ္ ေပၚတူဂီႏိုင္ငံကို အရမ္းလြမ္းဆြတ္မိပါတယ္။
လာမယ့္(၁)ႏွစ္၊ (၂)ႏွစ္အတြင္း ေပၚတူဂီကို ျပန္ခြင့္ရမယ္ဆိုရင္ ကြၽန္ေတာ္ျပန္ဖို႔
ေသခ်ာသေလာက္ရွိပါတယ္။ အဲဒါက ဘင္ဖီကာအသင္းမွာ ျပန္ကစားခ်င္တာ
သက္သက္မဟုတ္ဘဲ ေပၚတူဂီမွာရွိတဲ့ ကြၽန္ေတာ့္မိသားစု၊ ေပၚတူဂီမွာေနထိုင္ရတာကို
လြမ္းဆြတ္မိလို႔ျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ဘင္ဖီကာလူငယ္အသင္းကေန
ထြက္ေပၚခဲ့တဲ့ ဘာနာဒိုေဆးလ္ဗားဟာ ၂၀၁၅ မွာ မိုနာကိုအသင္းကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး
(၂)ႏွစ္အၾကာမွာ မန္စီးတီးအသင္းဆီေရာက္ရွိခဲ့တာျဖစ္သလို အသင္းနဲ႔အတူ
ပရီးမီးယားလိဂ္၊ လိဂ္ဖလား၊ FA ဖလားေတြဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။
Leave a Reply