
လာလီဂါအဖွဲ့ချုပ်ဟာ ဘာစီလိုနာအသင်းကို လာမယ့်နွေရာသီကာလ
အတွင်း အပြောင်းအရွှေ့ဆောင်ရွက်ခွင့် ပိတ်ပင်ခဲ့ပြီး တကယ်လို့
ကစားသမားခေါ်ယူခွင့်ရချင်တယ်ဆိုရင် လက်ရှိကစားသမားတွေထဲက
တချို့ကို ရောင်းချပြီးတော့ ပေါင်(၁၇၈)သန်းအထိ ဝင်ငွေရအောင်
ဆောင်ရွက်ဖို့ သတိပေးခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး
လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူခွင့်ရအောင်
လာလီဂါအဖွဲ့ချုပ် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးအခြေအနေမျိုးရောက်အောင်
ကြိုးစားရမှာဖြစ်ပါတယ်။
ကွင်းပြင်ပမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာတို့
ကွင်းတွင်းမှာလည်း ရုန်းကန်ခဲ့ရပြီး ဥရောပပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်၊
ယူရိုပါလိဂ်တို့ကနေ ထွက်ခဲ့ရတာကြောင့် ဝင်ငွေထိခိုက်ဆုံးရှုံးမှု အများကြီး
ရှိခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါအဖွဲ့ချုပ် သတ်မှတ်ထားတဲ့အတိုင်း ဘဏ္ဍာရေး
အနေအထားမျိုးဖြစ်အောင် လက်ရှိကစားသမားတွေထဲက တချို့ကို မဖြစ်မနေ
ရောင်းချရဖို့ရှိပြီး မန်ချက်စတာယူနိုက်တက်ပစ်မှတ်ဖြစ်တဲ့ ဖရန်ကီဒီယွန်း၊
အန်ဆုဖာတီအပါအဝင် စီနီယာကစားသမားတွေနဲ့ လမ်းခွဲရဖို့ရှိနေပါပြီ။
[Zawgyi]
လာလီဂါအဖြဲ႕ခ်ဳပ္ဟာ ဘာစီလိုနာအသင္းကို လာမယ့္ေႏြရာသီကာလ
အတြင္း အေျပာင္းအေ႐ႊ႕ေဆာင္႐ြက္ခြင့္ ပိတ္ပင္ခဲ့ၿပီး တကယ္လို႔
ကစားသမားေခၚယူခြင့္ရခ်င္တယ္ဆိုရင္ လက္ရွိကစားသမားေတြထဲက
တခ်ိဳ႕ကို ေရာင္းခ်ၿပီးေတာ့ ေပါင္(၁၇၈)သန္းအထိ ဝင္ေငြရေအာင္
ေဆာင္႐ြက္ဖို႔ သတိေပးခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ ဘ႑ာေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရဆဲျဖစ္ၿပီး
လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ကစားသမားသစ္ေခၚယူခြင့္ရေအာင္
လာလီဂါအဖြဲ႕ခ်ဳပ္ သတ္မွတ္ထားတဲ့ ဘ႑ာေရးအေျခအေနမ်ိဳးေရာက္ေအာင္
ႀကိဳးစားရမွာျဖစ္ပါတယ္။
ကြင္းျပင္ပမွာ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ဘာစီလိုနာတို႔
ကြင္းတြင္းမွာလည္း ႐ုန္းကန္ခဲ့ရၿပီး ဥေရာပၿပိဳင္ပြဲေတြျဖစ္တဲ့ ခ်န္ပီယံလိဂ္၊
ယူ႐ိုပါလိဂ္တို႔ကေန ထြက္ခဲ့ရတာေၾကာင့္ ဝင္ေငြထိခိုက္ဆုံးရႈံးမႈ အမ်ားႀကီး
ရွိခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ လာလီဂါအဖြဲ႕ခ်ဳပ္ သတ္မွတ္ထားတဲ့အတိုင္း ဘ႑ာေရး
အေနအထားမ်ိဳးျဖစ္ေအာင္ လက္ရွိကစားသမားေတြထဲက တခ်ိဳ႕ကို မျဖစ္မေန
ေရာင္းခ်ရဖို႔ရွိၿပီး မန္ခ်က္စတာယူႏိုက္တက္ပစ္မွတ္ျဖစ္တဲ့ ဖရန္ကီဒီယြန္း၊
အန္ဆုဖာတီအပါအဝင္ စီနီယာကစားသမားေတြနဲ႔ လမ္းခြဲရဖို႔ရွိေနပါၿပီ။