လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ဒါလော့တ်ကို ဂျူဗင်တပ်စ် ကမ်းလှမ်းသွားမယ်

ဂျူဗင်တပ်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါလော့တ်ကို

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ကမ်းလှမ်းမှုပြုလုပ်သွားမယ်လို့
သတင်းထွက်နေပါတယ်။

အီတလီနာမည်ကျော် သတင်းစာ La Gazzetta dello Sport က ဂျူဗင်တပ်စ်
အသင်းဟာ ညာနောက်ခံလူအဖြစ် အသုံးပြုနေတဲ့ ဝါရင့်ကစားသမား ကွာဒရာဒိုကို
စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒါလော့တ်ကို ခေါ်ယူဖို့
စီစဉ်နေတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီဟာ ကွာဒရာဒိုရဲ့နေရာမှာ ဒါလော့တ်နဲ့ တိုက်ရိုက်
အစားထိုးချင်တာဖြစ်ပြီး ဒါလော့တ်ကို မဖြစ်မနေခေါ်ပေးဖို့ အသင်းဘုတ်အဖွဲ့ကို
တောင်းဆိုထားပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမား ဒါလော့တ်ဟာ
ဒီရာသီ နည်းပြအဲရစ်တန်ဟက်လက်ထက်မှာ ပုံမှန်ကစားခွင့်ရရှိနေပြီး ပြိုင်ပွဲစုံ

ပွဲ(၂၀)ကစား၊ (၁)ဂိုးသွင်းယူခဲ့ပါတယ်။

ဒါလောတ့်ရဲ့ စာချုပ်က ဒီရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပေမယ့် ယူနိုက်တက်

အသင်းဟာ မကြာသေးခင်က ဒါလော့တ်ကို နောက်ထပ် (၁၂)လ စာချုပ်သက်တမ်း
တိုးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ခြေစွမ်းပြကစားနေတဲ့ ဒါလော့တ်ကို
လက်လွှတ်ခံမယ့်အနေအထား မရှိတာကြောင့် ဂျူဗင်တပ်စ်အသင်းအတွက်
မျှော်လင့်ချက် မရှိသလောက်ဖြစ်နေပါပြီ။

[Zawgyi]

ဂ်ဴဗင္တပ္စ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့တ္ကို
လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ ကမ္းလွမ္းမႈျပဳလုပ္သြားမယ္လို႔
သတင္းထြက္ေနပါတယ္။

အီတလီနာမည္ေက်ာ္ သတင္းစာ La Gazzetta dello Sport က ဂ်ဴဗင္တပ္စ္
အသင္းဟာ ညာေနာက္ခံလူအျဖစ္ အသုံးျပဳေနတဲ့ ဝါရင့္ကစားသမား ကြာဒရာဒိုကို

စာခ်ဳပ္သက္တမ္းမတိုးဖို႔ ဆုံးျဖတ္ခဲ့ၿပီးတဲ့ေနာက္ ဒါေလာ့တ္ကို ေခၚယူဖို႔
စီစဥ္ေနတာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္နည္းျပအယ္လီဂရီဟာ ကြာဒရာဒိုရဲ႕ေနရာမွာ ဒါေလာ့တ္နဲ႔ တိုက္႐ိုက္
အစားထိုးခ်င္တာျဖစ္ၿပီး ဒါေလာ့တ္ကို မျဖစ္မေနေခၚေပးဖို႔ အသင္းဘုတ္အဖြဲ႕ကို
ေတာင္းဆိုထားပါတယ္။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ ေပၚတူဂီလက္ေ႐ြးစင္ကစားသမား ဒါေလာ့တ္ဟာ
ဒီရာသီ နည္းျပအဲရစ္တန္ဟက္လက္ထက္မွာ ပုံမွန္ကစားခြင့္ရရွိေနၿပီး ၿပိဳင္ပြဲစုံ
ပြဲ(၂၀)ကစား၊ (၁)ဂိုးသြင္းယူခဲ့ပါတယ္။

ဒါေလာတ့္ရဲ႕ စာခ်ဳပ္က ဒီရာသီကုန္မွာ သက္တမ္းျပည့္မွာျဖစ္ေပမယ့္ ယူႏိုက္တက္
အသင္းဟာ မၾကာေသးခင္က ဒါေလာ့တ္ကို ေနာက္ထပ္ (၁၂)လ စာခ်ဳပ္သက္တမ္း
တိုးခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ေျခစြမ္းျပကစားေနတဲ့ ဒါေလာ့တ္ကို

လက္လႊတ္ခံမယ့္အေနအထား မရွိတာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းအတြက္
ေမွ်ာ္လင့္ခ်က္ မရွိသေလာက္ျဖစ္ေနပါၿပီ။