လာမယ့်ဇန်နဝါရီကျရင် အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ စီရော်နယ်လ်ဒို သဘောတူလိုက်ပြီ

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ လာမယ့်ဇန်နဝါရီ(၁)ရက်ကျရင်

ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့
စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့လက
မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် ကလပ်
လက်မဲ့ဖြစ်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းသစ်ရှာဖွေရမှာဖြစ်ပါတယ်။

အခု စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က စီရော်နယ်လ်ဒိုဟာ
အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရသွားပြီလို့ အတိအလင်း
ဖော်ပြခဲ့ပါတယ်။ တကယ်လို့ စီရော်နယ်လ်ဒိုသာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့
ဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ လစာငွေအများဆုံး အားကစားသမားအဖြစ် ရပ်တည်နိုင်မှာပါ။

Marca ရဲ့ ဖော်ပြချက်အရ စီရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာတို့ဟာ ကနဦးအဖြစ်
ပေါင်(၈၆)သန်းနဲ့ သဘောတူညီမှုရသွားပြီး ကြော်ငြာခနဲ့ တခြားစပွန်တာကြေးတွေအရ

စာချုပ်တန်ဖိုးဟာ မယုံနိုင်လောက်အောင် မြင့်တက်သွားနိုင်တယ်လို့ သိရပါတယ်။

စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဆော်ဒီထိပ်သီးကလပ်တစ်သင်းဖြစ်တဲ့ အယ်လ်ဟီလယ်

အသင်းက စိတ်ဝင်စားနေပေမယ့်လည်း အခု အယ်လ်နာဆာအသင်းဟာ လက်ဦးမှု
ရယူနိုင်ဖို့ နီးစပ်နေပါပြီ။

အယ်လ်နာဆာဟာ ဆော်ဒီပြည်တွင်းကလပ်တွေထဲမှာ အောင်မြင်မှုအများဆုံး
အသင်းတစ်သင်းအဖြစ် ရပ်တည်နေပြီး အမှတ်ပေးဖလားကို (၉)ကြိမ်အထိ
ရယူနိုင်ခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ လာမယ့္ဇန္နဝါရီ(၁)ရက္က်ရင္
ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ေတာ့မွာျဖစ္တယ္လို႔
စပိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့လက
မန္ခ်က္စတာယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာေၾကာင့္ ကလပ္
လက္မဲ့ျဖစ္ေနၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အသင္းသစ္ရွာေဖြရမွာျဖစ္ပါတယ္။

အခု စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ Marca က စီေရာ္နယ္လ္ဒိုဟာ
အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရသြားၿပီလို႔ အတိအလင္း

ေဖာ္ျပခဲ့ပါတယ္။ တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕
ျဖစ္မယ္ဆိုရင္ ကမာၻေပၚမွာ လစာေငြအမ်ားဆုံး အားကစားသမားအျဖစ္ ရပ္တည္ႏိုင္မွာပါ။

Marca ရဲ႕ ေဖာ္ျပခ်က္အရ စီေရာ္နယ္လ္ဒိုနဲ႔ အယ္လ္နာဆာတို႔ဟာ ကနဦးအျဖစ္
ေပါင္(၈၆)သန္းနဲ႔ သေဘာတူညီမႈရသြားၿပီး ေၾကာ္ျငာခနဲ႔ တျခားစပြန္တာေၾကးေတြအရ
စာခ်ဳပ္တန္ဖိုးဟာ မယုံႏိုင္ေလာက္ေအာင္ ျမင့္တက္သြားႏိုင္တယ္လို႔ သိရပါတယ္။

စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ေဆာ္ဒီထိပ္သီးကလပ္တစ္သင္းျဖစ္တဲ့ အယ္လ္ဟီလယ္
အသင္းက စိတ္ဝင္စားေနေပမယ့္လည္း အခု အယ္လ္နာဆာအသင္းဟာ လက္ဦးမႈ
ရယူႏိုင္ဖို႔ နီးစပ္ေနပါၿပီ။

အယ္လ္နာဆာဟာ ေဆာ္ဒီျပည္တြင္းကလပ္ေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံး
အသင္းတစ္သင္းအျဖစ္ ရပ္တည္ေနၿပီး အမွတ္ေပးဖလားကို (၉)ႀကိမ္အထိ
ရယူႏိုင္ခဲ့ပါတယ္။