လန်ဒန်မှာ ရဲဝန်ထမ်းမလုံလောက်တာကြောင့် အာဆင်နယ်ရဲ့ယူရိုပါလိဂ်ပွဲစဉ် ရွှေ့ဆိုင်း

ကြာသပတေးညကစားမယ့် အာဆင်နယ်နဲ့ပီအက်စ်ဗွီတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ဘုရင်မကြီး အဲလိဇဘက်( ၂ )ရဲ့ဈာပနအခမ်းအနားကြောင့် လန်ဒန်မှာရဲဝန်ထမ်းမလုံလောက်တဲ့ အခက်အခဲရှိနေပြီး

ပွဲစဉ်ကိုရွှေ့ဆိုင်းမယ့်အကြောင်း ယူအီးအက်ဖ်အေက အတည်ပြုလိုက်တာပါ။ ဒါဟာ လန်ဒန်မှာကစားမယ့် တစ်ခြားပွဲစဉ်တွေကိုလည်း ဒီလိုအကြောင်းပြချက်မျိုးနဲ့ ရွှေ့ဆိုင်းရနိုင်တဲ့အခြေအနေကို ပိုပြီးတိုးမြင့်စေနေပါတယ်။

ဘုရင်မကြီးဈာပနအခမ်းအနားကို တနင်္လာနေ့မှ ကျင်းပမှာဖြစ်ပေမယ့် နိုင်ငံတစ်ဝှမ်းလုံး ဝမ်းနည်းခြင်း ၁၀ ရက်တာ အထိမ်းအမှတ်ကြောင့် ဒီသီတင်းတစ်ပတ်လုံး အခမ်းအနားတွေရှိနေမှာပါ။ မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ကလည်း

သမိုင်းဝင်ဖြစ်ရပ်အတွက် နိုင်ငံတစ်ဝှမ်းက ရဲတပ်ဖွဲ့တွေကို လန်ဒန်ဆီအားဖြည့်ခေါ်ယူထားပါတယ်။ တနည်းအားဖြင့် တနင်္လာနေ့မှာ ဈာပနအခမ်းအနားရှိတာကြောင့် ပရီးမီးယားလိဂ် တနင်္ဂနွေပွဲစဉ်တွေ မသေချာတော့ပါဘူး။

အဲဒီနေ့မှာ ချဲလ်ဆီးနဲ့လီဗာပူးလ်၊ ဘရန့်ဖို့ဒ်နဲ့အာဆင်နယ် ပွဲစဉ်တွေရှိနေပြီး စနေညမှာလည်း စပါးနဲ့လက်စတာပွဲစဉ် ရှိနေပါတယ်။ အသက် ၉၆ နှစ်အရွယ် ဘုရင်မကြီးနတ်ရွာစံသွားတဲ့နောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်

အင်္ဂလန်မှာရှိတဲ့ဘောလုံးပွဲတွေအားလုံး ရပ်နားခဲ့တာပါ။ လာမယ့် ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပွဲစဉ်တွေကိုတော့ သတ်မှတ်ရက်အတိုင်း ကျင်းပသွားမယ်လို့ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးက ဆဲလ်ဘတ်ကို ဧည့်ခံရဖို့ရှိနေပါတယ်။

ဒါပေမဲ့ လန်ဒန်နဲ့တစ်ခြားမြို့တွေမှာ ရဲတပ်ဖွဲ့လုံခြုံရေးအင်အား ဖြန့်ကျက်ထားရမှာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံး ကစားဖို့ကတော့ အန္တရာယ်ရှိနေပါတယ်။ ချဲလ်ဆီးနဲ့လီဗာပူးလ်ပွဲအပြင် မန်ယူနဲ့လိဒ်ပွဲစဉ်ကိုပါ ထိခိုက်လာဖွယ်ရှိပြီး ဘယ်ပွဲတွေထပ်ရွှေ့မလဲဆိုတာ တနင်္လာနေ့မှာဆုံးဖြတ်မယ်လို့ သိရပါတယ်။

(zawgyi)

ၾကာသပေတးညကစားမယ့္ အာဆင္နယ္နဲ႔ပီအက္စ္ဗြီတို႔ရဲ႕ ယူ႐ိုပါလိဂ္ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း သိရပါတယ္။ ဘုရင္မႀကီး အဲလိဇဘက္( ၂ )ရဲ႕ဈာပနအခမ္းအနားေၾကာင့္ လန္ဒန္မွာရဲဝန္ထမ္းမလုံေလာက္တဲ့ အခက္အခဲရွိေနၿပီး

ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းမယ့္အေၾကာင္း ယူအီးအက္ဖ္ေအက အတည္ျပဳလိုက္တာပါ။ ဒါဟာ လန္ဒန္မွာကစားမယ့္ တစ္ျခားပြဲစဥ္ေတြကိုလည္း ဒီလိုအေၾကာင္းျပခ်က္မ်ိဳးနဲ႔ ေ႐ႊ႕ဆိုင္းရႏိုင္တဲ့အေျခအေနကို ပိုၿပီးတိုးျမင့္ေစေနပါတယ္။

ဘုရင္မႀကီးဈာပနအခမ္းအနားကို တနလၤာေန႔မွ က်င္းပမွာျဖစ္ေပမယ့္ ႏိုင္ငံတစ္ဝွမ္းလုံး ဝမ္းနည္းျခင္း ၁၀ ရက္တာ အထိမ္းအမွတ္ေၾကာင့္ ဒီသီတင္းတစ္ပတ္လုံး အခမ္းအနားေတြရွိေနမွာပါ။ မက္ထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕ကလည္း

သမိုင္းဝင္ျဖစ္ရပ္အတြက္ ႏိုင္ငံတစ္ဝွမ္းက ရဲတပ္ဖြဲ႕ေတြကို လန္ဒန္ဆီအားျဖည့္ေခၚယူထားပါတယ္။ တနည္းအားျဖင့္ တနလၤာေန႔မွာ ဈာပနအခမ္းအနားရွိတာေၾကာင့္ ပရီးမီးယားလိဂ္ တနဂၤေႏြပြဲစဥ္ေတြ မေသခ်ာေတာ့ပါဘူး။

အဲဒီေန႔မွာ ခ်ဲလ္ဆီးနဲ႔လီဗာပူးလ္၊ ဘရန႔္ဖို႔ဒ္နဲ႔အာဆင္နယ္ ပြဲစဥ္ေတြရွိေနၿပီး စေနညမွာလည္း စပါးနဲ႔လက္စတာပြဲစဥ္ ရွိေနပါတယ္။ အသက္ ၉၆ ႏွစ္အ႐ြယ္ ဘုရင္မႀကီးနတ္႐ြာစံသြားတဲ့ေနာက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္

အဂၤလန္မွာရွိတဲ့ေဘာလုံးပြဲေတြအားလုံး ရပ္နားခဲ့တာပါ။ လာမယ့္ ခ်န္ပီယံလိဂ္နဲ႔ယူ႐ိုပါလိဂ္ပြဲစဥ္ေတြကိုေတာ့ သတ္မွတ္ရက္အတိုင္း က်င္းပသြားမယ္လို႔ အဂၤလိပ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ေၾကညာခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးက ဆဲလ္ဘတ္ကို ဧည့္ခံရဖို႔ရွိေနပါတယ္။ ဒါေပမဲ့ လန္ဒန္နဲ႔တစ္ျခားၿမိဳ႕ေတြမွာ

ရဲတပ္ဖြဲ႕လုံၿခဳံေရးအင္အား ျဖန႔္က်က္ထားရမွာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအားလုံး ကစားဖို႔ကေတာ့ အႏၲရာယ္ရွိေနပါတယ္။ ခ်ဲလ္ဆီးနဲ႔လီဗာပူးလ္ပြဲအျပင္ မန္ယူနဲ႔လိဒ္ပြဲစဥ္ကိုပါ ထိခိုက္လာဖြယ္ရွိၿပီး ဘယ္ပြဲေတြထပ္ေ႐ႊ႕မလဲဆိုတာ တနလၤာေန႔မွာဆုံးျဖတ္မယ္လို႔ သိရပါတယ္။