လန်ဒန်မြောက်လေမှာ ဂျီဆပ်ရဲ့ဂိုးမိုးတွေ ပါလာတယ် ..

မေရီလန်းမှာ ခြေစွမ်းပြနေတဲ့ဂျီဆပ်ကိုကြည့်ပြီး ချဲလ်ဆီးကတော့ နှမျောနေလောက်ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့်လေးအတွက် သူတို့ရဲ့ချက်လက်မှတ်ထုတ်ချိန်က အတော်လေးနောက်ကျခဲ့တယ်လေ။

အာဆင်နယ်ဟာ ဒီအပြောင်းအရွှေ့မှာ အတော်လေးလက်သွက်ခြေသွက်ရှိခဲ့ပြီး ပေါင် ၄၅ သန်းဆိုတဲ့ပမာဏကို ရက်ရက်ရောရောရှိခဲ့တယ်။ ဒီအကျိုးဆက်ကို ဂန်းနားတွေ လောလောဆယ်ရနေပါပြီ။

ရာသီမစသေးပေမယ့် ဈေးကွက်မှာ လူဝယ်မှန်ခဲ့တယ်ဆိုတဲ့ ယုံကြည်မှုလောက်တော့ ဆုပ်ကိုင်နိုင်ခဲ့ပြီပေါ့။ ဂျီဆပ်ဟာ အာဆင်နယ်ဂျာစီကို ပထမဆုံးဝတ်ကစားတဲ့ပွဲမှာပဲ ဂိုးသွင်းနိုင်ခဲ့တယ်။

အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းဖို့ စက္ကန့် ၉၀ သာ အချိန်ယူခဲ့ရတယ်။ ၇၅ မိနစ်မှာ ဒုတိယဂိုးသွင်းတယ်။ အမြောက်တပ်ဖွဲ့နဲ့ မယုံနိုင်လောက်အောင် အသားကျမြန်ခဲ့တယ်။

နုယင်ဘတ်နဲ့ပွဲပြီးတဲ့နောက် စောင့်ကြည့်ရဦးမှာပါဆိုသူတွေကို ဘရာဇီးလ်တို့ရဲ့သွေးသားထဲက ဘောလုံးဝိညဉ်တွေ ထုတ်ပြခဲ့ပြန်တယ်။ ဘယ်လ်တီမိုးမှာ ဒီတစ်ခါရင်ဆိုင်ရတာက အဲဗာတန်။

အာတီတာက နုယင်ဘတ်နဲ့ပွဲတုန်းကလို မဟုတ်ဘဲ ဂျီဆပ်ကို ပွဲထွက်စာရင်းမှာသုံးခဲ့တယ်။ ဘရာဇီးလ်တိုက်စစ်မှူးက ၃၃ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပေးခဲ့တယ်။

ထောင့်ကန်ဘောကကျလာတဲ့ဘောလုံးကို ထောင့်ကျဉ်းအနေအထားကနေ သူကန်သွင်းသွားပုံက သက်သောင့်သက်သာပဲ။ ဒါ့အပြင် ၃ မိနစ်အကြာမှာ ဆာကာဂိုးသွင်းနိုင်ဖို့

တိကျတဲ့ပေးပို့မှုနဲ့ ဖန်တီးပေးနိုင်ခဲ့တယ်။ သူ့ရဲ့အာဆင်နယ်မှတ်တမ်းမှာ ၂ ပွဲကစား ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးဆိုတဲ့ မှတ်ကျောက်ကိုထုဆစ်နိုင်ခဲ့ပြီ။

ဂန်းနားပရိသတ်တွေကတော့ စစ်မှန်တဲ့ နံပါတ် ၉ ကို ပိုင်ဆိုင်ခွင့်ရပြီလို့ ပျော်နေကြတယ်။ တနည်းအားဖြင့် လန်ဒန်မြောက်လေမှာ ဂျီဆပ်ရဲ့ဂိုးမိုးတွေ ပါလာပါပြီ ..

(zawgyi)

ေမရီလန္းမွာ ေျခစြမ္းျပေနတဲ့ဂ်ီဆပ္ကိုၾကည့္ၿပီး ခ်ဲလ္ဆီးကေတာ့ ႏွေမ်ာေနေလာက္ပါတယ္။ ဘရာဇီးလ္ၾကယ္ပြင့္ေလးအတြက္ သူတို႔ရဲ႕ခ်က္လက္မွတ္ထုတ္ခ်ိန္က အေတာ္ေလးေနာက္က်ခဲ့တယ္ေလ။

အာဆင္နယ္ဟာ ဒီအေျပာင္းအေ႐ႊ႕မွာ အေတာ္ေလးလက္သြက္ေျခသြက္ရွိခဲ့ၿပီး ေပါင္ ၄၅ သန္းဆိုတဲ့ပမာဏကို ရက္ရက္ေရာေရာရွိခဲ့တယ္။ ဒီအက်ိဳးဆက္ကို ဂန္းနားေတြ ေလာေလာဆယ္ရေနပါၿပီ။

ရာသီမစေသးေပမယ့္ ေဈးကြက္မွာ လူဝယ္မွန္ခဲ့တယ္ဆိုတဲ့ ယုံၾကည္မႈေလာက္ေတာ့ ဆုပ္ကိုင္ႏိုင္ခဲ့ၿပီေပါ့။ ဂ်ီဆပ္ဟာ အာဆင္နယ္ဂ်ာစီကို ပထမဆုံးဝတ္ကစားတဲ့ပြဲမွာပဲ ဂိုးသြင္းႏိုင္ခဲ့တယ္။

အသင္းသစ္အတြက္ ပထမဆုံးဂိုးသြင္းဖို႔ စကၠန႔္ ၉၀ သာ အခ်ိန္ယူခဲ့ရတယ္။ ၇၅ မိနစ္မွာ ဒုတိယဂိုးသြင္းတယ္။ အေျမာက္တပ္ဖြဲ႕နဲ႔ မယုံႏိုင္ေလာက္ေအာင္ အသားက်ျမန္ခဲ့တယ္။ ႏုယင္ဘတ္နဲ႔ပြဲၿပီးတဲ့ေနာက္ ေစာင့္ၾကည့္ရဦးမွာပါဆိုသူေတြကို

ဘရာဇီးလ္တို႔ရဲ႕ေသြးသားထဲက ေဘာလုံးဝိညဥ္ေတြ ထုတ္ျပခဲ့ျပန္တယ္။ ဘယ္လ္တီမိုးမွာ ဒီတစ္ခါရင္ဆိုင္ရတာက အဲဗာတန္။ အာတီတာက ႏုယင္ဘတ္နဲ႔ပြဲတုန္းကလို မဟုတ္ဘဲ ဂ်ီဆပ္ကို ပြဲထြက္စာရင္းမွာသုံးခဲ့တယ္။

ဘရာဇီးလ္တိုက္စစ္မႉးက ၃၃ မိနစ္မွာ ဦးေဆာင္ဂိုးသြင္းေပးခဲ့တယ္။ ေထာင့္ကန္ေဘာကက်လာတဲ့ေဘာလုံးကို ေထာင့္က်ဥ္းအေနအထားကေန သူကန္သြင္းသြားပုံက သက္ေသာင့္သက္သာပဲ။

ဒါ့အျပင္ ၃ မိနစ္အၾကာမွာ ဆာကာဂိုးသြင္းႏိုင္ဖို႔ တိက်တဲ့ေပးပို႔မႈနဲ႔ ဖန္တီးေပးႏိုင္ခဲ့တယ္။ သူ႔ရဲ႕အာဆင္နယ္မွတ္တမ္းမွာ ၂ ပြဲကစား ၃ ဂိုးသြင္း ၁ ဂိုးဖန္တီးဆိုတဲ့ မွတ္ေက်ာက္ကိုထုဆစ္ႏိုင္ခဲ့ၿပီ။

ဂန္းနားပရိသတ္ေတြကေတာ့ စစ္မွန္တဲ့ နံပါတ္ ၉ ကို ပိုင္ဆိုင္ခြင့္ရၿပီလို႔ ေပ်ာ္ေနၾကတယ္။ တနည္းအားျဖင့္ လန္ဒန္ေျမာက္ေလမွာ ဂ်ီဆပ္ရဲ႕ဂိုးမိုးေတြ ပါလာပါၿပီ ..