
မန်ချက်စတာယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား
ဆန်ချိုဟာ လိဒ်စ်အသင်းနဲ့ပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး
အရေးပါတဲ့ ချေပဂိုးသွင်းယူခဲ့ပါတယ်။
လိဒ်စ်နဲ့ပွဲ၊ ဒုတိယပိုင်း(၅၉)မိနစ်မှာ နည်းပြအဲရစ်တန်ဟက်က
တိုက်စစ်မှူးဝက်ဟော့တ်အစား ဆန်ချိုကို လူစားဝင်ကစားစေခဲ့ပြီး
ဆန်ချိုအနေနဲ့ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ချယ်လ်ဆီးနဲ့
(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံး
အကြိမ် ပြန်ကစားခွင့်ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လိဒ်စ်အသင်း တောင်ပံတိုက်စစ်ကစားသမား
နွန်တို၊ နောက်ခံလူဗာရန်းရဲ့ OG ဂိုးတွေကြောင့် (၂-ဝ)ဂိုးပြတ်
ရှုံးနိမ့်နေတာကနေ ရပ်ရှ်ဖို့ဒ်ရဲ့ ခေါင်းတိုက်ချေပဂိုး၊ ဆန်ချို သွင်းယူခဲ့တဲ့
ဒုတိယချေပဂိုးတွေနဲ့ သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလတုန်းက ရှရစ်ဖ်ကို (၂-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲမှာ ဂိုးသွင်းပြီးနောက်ပိုင်း (၅)လနီးပါးအကြာမှ
ယူနိုက်တက်အတွက် ဂိုးပေါက်ပြန်ရှာတွေ့ခဲ့သလို ဒီရာသီ ပြိုင်ပွဲစုံမှာ
(၁၆)ပွဲကစား၊ (၄)ဂိုးမြောက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆန်ချိုဟာ (၃)ဂိုးသွင်းယူခဲ့တဲ့အပြင်
ထူးခြားတဲ့အချက်က သူ့ ဂိုးသွင်းတဲ့ပွဲတိုင်းက ‘L’နဲ့စတဲ့ ပြိုင်ဘက်
အသင်းတွေဖြစ်နေပြီး လီဗာပူးလ်(Liverpool)၊ လက်စတာ(Leicester)နဲ့
အခု လိဒ်စ် (Leeds)တို့ကို ဂိုးသွင်းခဲ့တာပါ။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ ေတာင္ပံတိုက္စစ္ကစားသမား
ဆန္ခ်ိဳဟာ လိဒ္စ္အသင္းနဲ႔ပြဲမွာ လူစားဝင္ကစားခြင့္ရခဲ့ၿပီး
အေရးပါတဲ့ ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။
လိဒ္စ္နဲ႔ပြဲ၊ ဒုတိယပိုင္း(၅၉)မိနစ္မွာ နည္းျပအဲရစ္တန္ဟက္က
တိုက္စစ္မႉးဝက္ေဟာ့တ္အစား ဆန္ခ်ိဳကို လူစားဝင္ကစားေစခဲ့ၿပီး
ဆန္ခ်ိဳအေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက ခ်ယ္လ္ဆီးနဲ႔
(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ ပထမဆုံး
အႀကိမ္ ျပန္ကစားခြင့္ရတာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ လိဒ္စ္အသင္း ေတာင္ပံတိုက္စစ္ကစားသမား
ႏြန္တို၊ ေနာက္ခံလူဗာရန္းရဲ႕ OG ဂိုးေတြေၾကာင့္ (၂-ဝ)ဂိုးျပတ္
ရႈံးနိမ့္ေနတာကေန ရပ္ရွ္ဖို႔ဒ္ရဲ႕ ေခါင္းတိုက္ေခ်ပဂိုး၊ ဆန္ခ်ိဳ သြင္းယူခဲ့တဲ့
ဒုတိယေခ်ပဂိုးေတြနဲ႔ သေရတစ္မွတ္ရယူႏိုင္ခဲ့ပါတယ္။
ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ႏွစ္၊ စက္တင္ဘာလတုန္းက ရွရစ္ဖ္ကို (၂-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ ယူ႐ိုပါလိဂ္ပြဲမွာ ဂိုးသြင္းၿပီးေနာက္ပိုင္း (၅)လနီးပါးအၾကာမွ
ယူႏိုက္တက္အတြက္ ဂိုးေပါက္ျပန္ရွာေတြ႕ခဲ့သလို ဒီရာသီ ၿပိဳင္ပြဲစုံမွာ
(၁၆)ပြဲကစား၊ (၄)ဂိုးေျမာက္သြင္းယူခဲ့တာျဖစ္ပါတယ္။
ဒီရာသီ ပရီးမီးယားလိဂ္မွာ ဆန္ခ်ိဳဟာ (၃)ဂိုးသြင္းယူခဲ့တဲ့အျပင္
ထူးျခားတဲ့အခ်က္က သူ႔ ဂိုးသြင္းတဲ့ပြဲတိုင္းက ‘L’နဲ႔စတဲ့ ၿပိဳင္ဘက္
အသင္းေတြျဖစ္ေနၿပီး လီဗာပူးလ္(Liverpool)၊ လက္စတာ(Leicester)နဲ႔
အခု လိဒ္စ္ (Leeds)တို႔ကို ဂိုးသြင္းခဲ့တာပါ။