လစာ နှစ်ဆနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်တဲ့ ယူနိုက်တက် ကွင်းလယ်ဗိုလ်ချုပ်

ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူအသင်းနဲ့ ၅ နှစ်စာချုပ်သစ်ကို

ဒီကနေ့မှာဘဲလက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ စာချုပ်သစ်အရ

အဲဒီပေါ်တူဂီသားရဲ့တစ်ပတ်လစာဟာ လက်ရှိထက် ၂ ဆပိုလာပြီး

ပေါင် ၂၄၀၀၀၀ အထိရှိလာမှာဖြစ်ပါတယ်။ စာချုပ်သစ်သက်တမ်းက

၂၀၂၆ မှာကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းကုန်ရင်လည်း နောက်ထပ်

သက်တမ်းတစ်နှစ်ထပ်တိုးခွင့်ရရှိမှာဖြစ်ပါတယ်။

ဖာနန်ဒက်စ်က” မန်ယူအသင်းကိုစပြောင်းလာပြီးကတည်းက

ကလပ်နဲ့ရော အံ့အားသင့်စရာကောင်းတဲ့ ပရိသတ်တွေနဲ့ပါ

ထူးခြားလှတဲ့ဆက်ဆံရေးရှိခဲ့တာပါ။ ဒီအသင်းရဲ့ကစားပုံကိုကြည့်ပြီး

ကျွန်တော်လူလားမြောက်လာလို့ တစ်နေ့မှာ မန်ယူမှာကစားရဖို့အိပ်မက်

မက်ခဲ့ပါတယ်။ ဒီအိပ်မက်ကအခုတကယ်ပြည့်ခဲ့ပြီးလို့ ဂုဏ်ယူစရာဖြစ်ပါတယ်။

ဒီမှာ ၂ နှစ်ရှိခဲ့ပြီးဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲဝင်လာရတဲ့အချိန်က

အခုထိအံ့ဩစရာဖြစ်နေသေးတဲ့အပြင် ကျွန်တော့်နာမည်ကိုသီချင်းလုပ်ဆိုကြပြီး

စထရက်ဖို့ဒ်အန့် ရဲ့အရှေ့မှာဂိုးသွင်းရတာကလည်း မယုံနိုင်စရာကောင်းတဲ့

အခြေအနေကိုပေးစွမ်းနေတုန်းပါ။ ဒီအသင်းရဲ့ အင်္ကျီကိုဝတ်ရတာ တကယ့်ကို

ဂုဏ်တင့်တယ်ရပြီး မယုံနိုင်စရာကောင်းတဲ့ဒီကလပ်အတွက် ဆက်လက်ပြီး

တိုက်ပွဲဝင်သွားမှာပါ” လို့ပြောသွားပါတယ်။ ဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့

ရက်ပိုင်းကလည်း သူ့နိုင်ငံအသင်းပေါ်တူဂီ ကမ္ဘာ့ဖလားခြေစစ်ပွဲ

အောင်ဖို့အတွက် ၂ ဂိုးသွင်းကာကူညီပေးခဲ့ပြီးနောက် မန်ယူနဲ့လည်း

စာချုပ်သစ်ချုပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်စရာကောင်းတဲ့သီတင်းပတ်လည်း

ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီဟာ မြောက်မက်ဆီဒိုးနီးယားကို ၂-၀ နဲ့နိုင်ခဲ့တာဖြစ်ပြီး

၂ ဂိုးစလုံးကို ဖာနန်ဒက်စ်တစ်ဦးတည်းကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်ယူဟာအသက် ၂၇ နှစ်ရှိတဲ့ ဖာနန်ဒက်စ်ကိုအသင်းမှာ ဆက်ရှိစေဖို့

စည်းရုံးနိုင်ခဲ့ပေမယ့်လည်း စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေကိုတော့

အချိန်အကြာကြီးပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက

ဆိုးလ်ရှားထုတ်ပယ်ခံရပြီးနောက် ဖာနန်ဒက်စ်ရဲ့အနာဂတ်မသေချာ

တော့ဘူးလို့တောင်သတင်းထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။

မန်ယူဟာ အေဂျက်နည်းပြ အဲရစ်တန်ဟက် ကို နည်းပြသစ်ခန့်ဖို့နီးစပ်နေပြီး

တန်ဟက် ကလည်း ဖာနန်ဒက်စ်ကိုဆက်လက်အားကိုးမှာဖြစ်လို့ အခုလိုမျိုး

စာချုပ်သစ်ချုပ်နိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

သူဟာ ၂၀၂၀ က စပို့တင်းလစ္စဘွန်းကနေပေါင် ၆၈ သန်းနဲ့ မန်ယူကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။

zawgyi

လစာ ႏွစ္ဆနဲ႔ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တဲ့ ယူႏိုက္တက္ ကြင္းလယ္ဗိုလ္ခ်ဳပ္

ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ မန္ယူအသင္းနဲ႔ ၅ ႏွစ္စာခ်ဳပ္သစ္ကို

ဒီကေန႔မွာဘဲလက္မွတ္ေရးထိုးလိုက္ၿပီျဖစ္ပါတယ္။ စာခ်ဳပ္သစ္အရ

အဲဒီေပၚတူဂီသားရဲ႕တစ္ပတ္လစာဟာ လက္ရွိထက္ ၂ ဆပိုလာၿပီး

ေပါင္ ၂၄၀၀၀၀ အထိရွိလာမွာျဖစ္ပါတယ္။ စာခ်ဳပ္သစ္သက္တမ္းက

၂၀၂၆ မွာကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ရင္လည္း ေနာက္ထပ္

သက္တမ္းတစ္ႏွစ္ထပ္တိုးခြင့္ရရွိမွာျဖစ္ပါတယ္။

ဖာနန္ဒက္စ္က” မန္ယူအသင္းကိုစေျပာင္းလာၿပီးကတည္းက

ကလပ္နဲ႔ေရာ အံ့အားသင့္စရာေကာင္းတဲ့ ပရိသတ္ေတြနဲ႔ပါ

ထူးျခားလွတဲ့ဆက္ဆံေရးရွိခဲ့တာပါ။ ဒီအသင္းရဲ႕ကစားပုံကိုၾကည့္ၿပီး

ကြၽန္ေတာ္လူလားေျမာက္လာလို႔ တစ္ေန႔မွာ မန္ယူမွာကစားရဖို႔အိပ္မက္

မက္ခဲ့ပါတယ္။ ဒီအိပ္မက္ကအခုတကယ္ျပည့္ခဲ့ၿပီးလို႔ ဂုဏ္ယူစရာျဖစ္ပါတယ္။

ဒီမွာ ၂ ႏွစ္ရွိခဲ့ၿပီးျဖစ္ေပမယ့္ အိုးလ္ထရက္ဖို႔ဒ္ကြင္းႀကီးထဲဝင္လာရတဲ့အခ်ိန္က

အခုထိအံ့ဩစရာျဖစ္ေနေသးတဲ့အျပင္ ကြၽန္ေတာ့္နာမည္ကိုသီခ်င္းလုပ္ဆိုၾကၿပီး

စထရက္ဖို႔ဒ္အန႔္ ရဲ႕အေရွ႕မွာဂိုးသြင္းရတာကလည္း မယုံႏိုင္စရာေကာင္းတဲ့

အေျခအေနကိုေပးစြမ္းေနတုန္းပါ။ ဒီအသင္းရဲ႕ အက်ႌကိုဝတ္ရတာ တကယ့္ကို

ဂုဏ္တင့္တယ္ရၿပီး မယုံႏိုင္စရာေကာင္းတဲ့ဒီကလပ္အတြက္ ဆက္လက္ၿပီး

တိုက္ပြဲဝင္သြားမွာပါ” လို႔ေျပာသြားပါတယ္။ ဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ့

ရက္ပိုင္းကလည္း သူ႔ႏိုင္ငံအသင္းေပၚတူဂီ ကမာၻ႔ဖလားေျခစစ္ပြဲ

ေအာင္ဖို႔အတြက္ ၂ ဂိုးသြင္းကာကူညီေပးခဲ့ၿပီးေနာက္ မန္ယူနဲ႔လည္း

စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ခဲ့တဲ့အတြက္ ေက်နပ္စရာေကာင္းတဲ့သီတင္းပတ္လည္း

ျဖစ္ခဲ့ပါတယ္။ ေပၚတူဂီဟာ ေျမာက္မက္ဆီဒိုးနီးယားကို ၂-၀ နဲ႔ႏိုင္ခဲ့တာျဖစ္ၿပီး

၂ ဂိုးစလုံးကို ဖာနန္ဒက္စ္တစ္ဦးတည္းကသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

မန္ယူဟာအသက္ ၂၇ ႏွစ္ရွိတဲ့ ဖာနန္ဒက္စ္ကိုအသင္းမွာ ဆက္ရွိေစဖို႔

စည္း႐ုံးႏိုင္ခဲ့ေပမယ့္လည္း စာခ်ဳပ္သစ္အတြက္ေဆြးေႏြးမႈေတြကိုေတာ့

အခ်ိန္အၾကာႀကီးျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက

ဆိုးလ္ရွားထုတ္ပယ္ခံရၿပီးေနာက္ ဖာနန္ဒက္စ္ရဲ႕အနာဂတ္မေသခ်ာ

ေတာ့ဘူးလို႔ေတာင္သတင္းထြက္ေပၚခဲ့ေသးတာျဖစ္ပါတယ္။

မန္ယူဟာ ေအဂ်က္နည္းျပ အဲရစ္တန္ဟက္ ကို နည္းျပသစ္ခန႔္ဖို႔နီးစပ္ေနၿပီး

တန္ဟက္ ကလည္း ဖာနန္ဒက္စ္ကိုဆက္လက္အားကိုးမွာျဖစ္လို႔ အခုလိုမ်ိဳး

စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရပါတယ္။

သူဟာ ၂၀၂၀ က စပို႔တင္းလစၥဘြန္းကေနေပါင္ ၆၈ သန္းနဲ႔ မန္ယူကိုေျပာင္းလာခဲ့တာျဖစ္ပါတယ္။