လက်ဝှေ့ကြိုးဝိုင်းထဲမှာ ကွန်တီနဲ့ရင်ဆိုင်ရင် အနိုင်ရမယ်ဆိုတဲ့ရေပန်းစားမှုအပေါ် တူချယ်ရဲ့အဖြေ

လက်စတာနဲ့ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးနည်းပြတူချယ်က ကွန်တီနဲ့ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ပတ်သက်ပြီး နောက်ပြောင်သွားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့စပါး ၂ ဂိုးစီသရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ

နည်းပြနှစ်ယောက်ဟာ ပွဲအတွင်းမှာငြိခဲ့ကြသလို ပွဲအပြီးလက်ဆွဲနှုတ်ဆက်ရာမှာလည်း ပြဿနာတက်ခဲ့ကြပါတယ်။ အက်ဖ်အေက ဒီဖြစ်ရပ်ကိုစစ်ဆေးပြီးတဲ့နောက် ကွန်တီကို ဒဏ်ငွေ ပေါင် ၁၅၀၀၀၊

တူချယ်ကို ဒဏ်ငွေ ပေါင် ၃၅၀၀၀ နဲ့ တစ်ပွဲပယ်ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက တကယ်လို့ ကွန်တီနဲ့တူချယ် လက်ဝှေ့ကြိုးဝိုင်းထဲမှာရင်ဆိုင်ဖြစ်ကြရင်

ဘယ်သူနိုင်မလဲဆိုတဲ့ ဘွတ်ကီတစ်ခုရဲ့ဖွင့်လှစ်မှုပါပဲ။ အရပ်ပိုမြင့်တဲ့ တူချယ်က အနိုင်ရမယ်လို့လည်း ရေပန်းစားနေပါတယ်။ ဂျာမန်သားနည်းပြကတော့ ဒီအကြောင်းကို သူမသိကြောင်း ဟာသနှောပြီးပြောသွားခဲ့တာပါ။

“ ကျွန်တော်က အနိုင်ရမယ်လို့ ရေပန်းစားနေသတဲ့လား။ အံ့သြစရာပဲ။ ကျွန်တော့်မှာ ကြွက်သားမှမရှိတာ ” လို့ Sky Sports သတင်းဌာနကို ပြောသွားခဲ့တာပါ။ ဒါကြောင့်လည်း သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ချိန်မှာ

ရိုင်းစိုင်းတဲ့စကားတွေ မသုံးရဲခဲ့ပါဘူးလို့လည်း ချဲလ်ဆီးနည်းပြက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။ “ လူတွေက ကျွန်တော့်ကိုမေးကြတယ်။ ခင်ဗျား ဆဲခဲ့သေးလားပေါ့။ ကျွန်တော် ဘယ်လုပ်နိုင်မှာလဲလို့ ဖြေခဲ့ရတယ်။ ကျွန်တော့်မှာ လက်ရုံးကြွက်သားတွေမှ မရှိတာလေ ” လို့ ဖွင့်ဟသွားခဲ့တာပါ။

(zawgyi)

လက္စတာနဲ႔ပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ခ်ဲလ္ဆီးနည္းျပတူခ်ယ္က ကြန္တီနဲ႔ျဖစ္ခဲ့တဲ့ ျပႆနာနဲ႔ပတ္သက္ၿပီး ေနာက္ေျပာင္သြားခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔စပါး ၂ ဂိုးစီသေရက်ခဲ့တဲ့ လန္ဒန္ဒါဘီပြဲမွာ

နည္းျပႏွစ္ေယာက္ဟာ ပြဲအတြင္းမွာၿငိခဲ့ၾကသလို ပြဲအၿပီးလက္ဆြဲႏႈတ္ဆက္ရာမွာလည္း ျပႆနာတက္ခဲ့ၾကပါတယ္။ အက္ဖ္ေအက ဒီျဖစ္ရပ္ကိုစစ္ေဆးၿပီးတဲ့ေနာက္ ကြန္တီကို ဒဏ္ေငြ ေပါင္ ၁၅၀၀၀၊

တူခ်ယ္ကို ဒဏ္ေငြ ေပါင္ ၃၅၀၀၀ နဲ႔ တစ္ပြဲပယ္ဆိုင္းငံ့ျပစ္ဒဏ္ ခ်မွတ္ခဲ့တာပါ။ ဒါေပမဲ့ အံ့အားသင့္စရာေကာင္းတာက တကယ္လို႔ ကြန္တီနဲ႔တူခ်ယ္ လက္ေဝွ႔ႀကိဳးဝိုင္းထဲမွာရင္ဆိုင္ျဖစ္ၾကရင္

ဘယ္သူႏိုင္မလဲဆိုတဲ့ ဘြတ္ကီတစ္ခုရဲ႕ဖြင့္လွစ္မႈပါပဲ။ အရပ္ပိုျမင့္တဲ့ တူခ်ယ္က အႏိုင္ရမယ္လို႔လည္း ေရပန္းစားေနပါတယ္။ ဂ်ာမန္သားနည္းျပကေတာ့ ဒီအေၾကာင္းကို သူမသိေၾကာင္း ဟာသေႏွာၿပီးေျပာသြားခဲ့တာပါ။

“ ကြၽန္ေတာ္က အႏိုင္ရမယ္လို႔ ေရပန္းစားေနသတဲ့လား။ အံ့ၾသစရာပဲ။ ကြၽန္ေတာ့္မွာ ႂကြက္သားမွမရွိတာ ” လို႔ Sky Sports သတင္းဌာနကို ေျပာသြားခဲ့တာပါ။ ဒါေၾကာင့္လည္း

သူတို႔ႏွစ္ေယာက္ ထိပ္တိုက္ေတြ႕ခ်ိန္မွာ ႐ိုင္းစိုင္းတဲ့စကားေတြ မသုံးရဲခဲ့ပါဘူးလို႔လည္း ခ်ဲလ္ဆီးနည္းျပက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။ “ လူေတြက ကြၽန္ေတာ့္ကိုေမးၾကတယ္။

ခင္ဗ်ား ဆဲခဲ့ေသးလားေပါ့။ ကြၽန္ေတာ္ ဘယ္လုပ္ႏိုင္မွာလဲလို႔ ေျဖခဲ့ရတယ္။ ကြၽန္ေတာ့္မွာ လက္႐ုံးႂကြက္သားေတြမွ မရွိတာေလ ” လို႔ ဖြင့္ဟသြားခဲ့တာပါ။