လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီလို့ ဟာဇက် အတည်ပြု

ဘယ်လ်ဂျီယံအသင်း နာမည်ကျော်ကစားသမား ဟာဇက်ဟာ လက်ရွေးစင်အသင်းကနေ

အနားယူလိုက်ပြီလို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ
ဟာဇက်ဟာ လာမယ့် ယူရို-၂၀၂၄ ခြေစစ်ပွဲ၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက်
လက်ရွေးစင်အသင်းမှာ ပါဝင်ကစားဖို့ အခွင့်အရေးရှိပေမယ့် သူကတော့ နိုင်ငံအသင်း
ကစားသမားဘဝကို စောစောစီးစီး အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်စရာအနေအထားနဲ့
ရင်ဆိုင်ခဲ့ရပြီး ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကနေ
လှည့်ပြန်ခဲ့ရပြီးနောက်ပိုင်း ဟာဇက်က (၁၄)နှစ်ကြာကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းကနေ

အနားယူခဲ့ပြီး ရီးယဲလ်အသင်းအတွက်သာ အာရုံစိုက်ကစားသွားတော့မှာဖြစ်ပါတယ်။

သူ့ရဲ့ Instagram မှာ ဟာဇက်က ‘ဒီနေ့မှာ ကျွန်တော့်ရဲ့ ဘဝစာမျက်နှာသစ်ကို

စတင်လိုက်ပါပြီ။ ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။
၂၀၀၈ ကနေ အခုအချိန်အထိ ပျော်ရွှင်စရာအချိန်တွေကို အတူတကွ ပိုင်ဆိုင်ခွင့်
ရခဲ့တဲ့အတွက်လည်း ကျေးဇူးပါပဲ။

ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ဖို့
ဆုံးဖြတ်လိုက်ပါပြီ။ မျိုးဆက်သစ်တွေကလည်း အသင်းရဲ့တာဝန်ကို ပခုံးထမ်းယူဖို့
အသင့်ဖြစ်နေကြပါပြီ။ ပရိသတ်တွေကို ကျွန်တော် အမြဲတမ်း သတိရလွမ်းနေမှာပါ’လို့
ရေးသားခဲ့ပါတယ်။

၂၀၀၈ နိုဝင်ဘာ(၁၉)ရက်တုန်းက လူဇင်ဘတ်နဲ့ကစားခဲ့တဲ့ပွဲမှာ အသက်(၁၇)အရွယ်နဲ့
လက်ရွေးစင်ကစားသမားဘ၀ ပွဲဦးထွက်ခွင့်ရခဲ့သူ ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်း

အတွက် (၁၂၆)ပွဲကစား၊ (၃၃)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၃၆)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

[Zawgyi]

ဘယ္လ္ဂ်ီယံအသင္း နာမည္ေက်ာ္ကစားသမား ဟာဇက္ဟာ လက္ေ႐ြးစင္အသင္းကေန

အနားယူလိုက္ၿပီလို႔ အတည္ျပဳထုတ္ျပန္လိုက္ပါတယ္။ အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ
ဟာဇက္ဟာ လာမယ့္ ယူ႐ို-၂၀၂၄ ေျခစစ္ပြဲ၊ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲေတြအတြက္
လက္ေ႐ြးစင္အသင္းမွာ ပါဝင္ကစားဖို႔ အခြင့္အေရးရွိေပမယ့္ သူကေတာ့ ႏိုင္ငံအသင္း
ကစားသမားဘဝကို ေစာေစာစီးစီး အဆုံးသတ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ဘယ္လ္ဂ်ီယံအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စိတ္ပ်က္စရာအေနအထားနဲ႔
ရင္ဆိုင္ခဲ့ရၿပီး ၁၉၉၈ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အုပ္စုအဆင့္ကေန
လွည့္ျပန္ခဲ့ရၿပီးေနာက္ပိုင္း ဟာဇက္က (၁၄)ႏွစ္ၾကာကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံအသင္းကေန

အနားယူခဲ့ၿပီး ရီးယဲလ္အသင္းအတြက္သာ အာ႐ုံစိုက္ကစားသြားေတာ့မွာျဖစ္ပါတယ္။

သူ႔ရဲ႕ Instagram မွာ ဟာဇက္က ‘ဒီေန႔မွာ ကြၽန္ေတာ့္ရဲ႕ ဘဝစာမ်က္ႏွာသစ္ကို

စတင္လိုက္ပါၿပီ။ ကြၽန္ေတာ့္ကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။
၂၀၀၈ ကေန အခုအခ်ိန္အထိ ေပ်ာ္႐ႊင္စရာအခ်ိန္ေတြကို အတူတကြ ပိုင္ဆိုင္ခြင့္
ရခဲ့တဲ့အတြက္လည္း ေက်းဇူးပါပဲ။

ဒီေန႔မွာေတာ့ ကြၽန္ေတာ့္ရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝကို အဆုံးသတ္ဖို႔
ဆုံးျဖတ္လိုက္ပါၿပီ။ မ်ိဳးဆက္သစ္ေတြကလည္း အသင္းရဲ႕တာဝန္ကို ပခုံးထမ္းယူဖို႔
အသင့္ျဖစ္ေနၾကပါၿပီ။ ပရိသတ္ေတြကို ကြၽန္ေတာ္ အၿမဲတမ္း သတိရလြမ္းေနမွာပါ’လို႔
ေရးသားခဲ့ပါတယ္။

၂၀၀၈ ႏိုဝင္ဘာ(၁၉)ရက္တုန္းက လူဇင္ဘတ္နဲ႔ကစားခဲ့တဲ့ပြဲမွာ အသက္(၁၇)အ႐ြယ္နဲ႔
လက္ေ႐ြးစင္ကစားသမားဘ၀ ပြဲဦးထြက္ခြင့္ရခဲ့သူ ဟာဇက္ဟာ ဘယ္လ္ဂ်ီယံအသင္း

အတြက္ (၁၂၆)ပြဲကစား၊ (၃၃)ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ (၃၆)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။