လက်ရွေးစင်အသင်းကနေ စီရော်နယ်လ်ဒို အနားယူမှာ မဟုတ်သေးဘဲ အသက်(၃၉)နှစ်အရွယ်အထိ ဆက်ကစားသွားဖို့ရှိ

ပေါ်တူဂီအသင်း ဝါရင့်ကစားသမား စီရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းကနေ

အနားယူဖို့ ဆန္ဒမရှိဘဲ ယူရို-၂၀၂၄ ပြိုင်ပွဲအထိ ဆက်ကစားသွားဖို့ ဆုံးဖြတ်ထားတယ်လို့
သတင်းထွက်နေပါတယ်။

ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က မော်ရိုကိုနဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမှာ
(၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကထွက်ခဲ့ရပြီး ပွဲအပြီး၊ အဝတ်လဲခန်းထဲသွားတဲ့
လမ်းမှာ စီရော်နယ်လ်ဒို ဝမ်းနည်းတကြီးနဲ့ ငိုကြွေးခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုအတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက
သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲဖြစ်ဖို့ရှိတယ်လို့ သုံးသပ်ချက်တွေ
ထွက်ပေါ်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုကတော့ နိုင်ငံအသင်းကနေ အနားယူဖို့ ဆန္ဒမရှိသေးပါဘူး။

ပေါ်တူဂီအားကစားမီဒီယာတစ်ခုဖြစ်တဲ့ CM Journal က စီရော်နယ်လ်ဒိုဟာ ဂျာမနီနိုင်ငံမှာ
ကျင်းပမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့
ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလား(၂)ပွဲဆက်တိုက် ပွဲထွက်လူစာရင်းကနေ
ချန်လှပ်ခံခဲ့ရပေမယ့် သူက ယူရို-၂၀၂၄ ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ်

ကစားနိုင်ဦးမယ်လို့ အခိုင်အမာယုံကြည်ထားပြီး ယူရို-၂၀၂၄ ပြိုင်ပွဲကျရင် စီရော်နယ်လ်ဒိုရဲ့
အသက်က (၃၉)နှစ်အထိရှိလာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စီရော်နယ်လ်ဒိုဟာ နိုင်ငံတကာဘောလုံးသမိုင်းတစ်လျှောက် ပွဲအများဆုံး
ကစားထားသူ(အမျိုးသား)စာရင်းမှာ ကူဝိတ်ဂန္ထဝင်တိုက်စစ်မှူး အယ်လ်မူတာဝါနဲ့အတူ
(၁၉၆)ပွဲစီနဲ့ အများဆုံးဖြစ်နေပြီး စံချိန်သစ်တင်ဖို့ နောက်ထပ်တစ်ပွဲသာ လိုပါတော့တယ်။

တကယ်လို့ စီရော်နယ်လ်ဒိုသာ ယူရို-၂၀၂၄ ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းအတွက်
ဆက်ကစားဦးမယ်ဆိုရင် ဒါက သူ့အတွက် (၆)ကြိမ်မြောက် ယူရိုပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်မှာ
ဖြစ်ပြီး အခုလောလောဆယ် စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်
အကြိမ်အများဆုံးကစားခဲ့သူအဖြစ် (၅)ကြိမ်နဲ့ စံချိန်တင်ထားပါတယ်။

[Zawgyi]

ေပၚတူဂီအသင္း ဝါရင့္ကစားသမား စီေရာ္နယ္လ္ဒိုဟာ လက္ေ႐ြးစင္အသင္းကေန
အနားယူဖို႔ ဆႏၵမရွိဘဲ ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ ဆက္ကစားသြားဖို႔ ဆုံးျဖတ္ထားတယ္လို႔

သတင္းထြက္ေနပါတယ္။

ေပၚတူဂီအသင္းဟာ ၿပီးခဲ့တဲ့စေနေန႔က ေမာ္႐ိုကိုနဲ႔ ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲမွာ

(၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ၿပိဳင္ပြဲကထြက္ခဲ့ရၿပီး ပြဲအၿပီး၊ အဝတ္လဲခန္းထဲသြားတဲ့
လမ္းမွာ စီေရာ္နယ္လ္ဒို ဝမ္းနည္းတႀကီးနဲ႔ ငိုေႂကြးခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုအတြက္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက
သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘ၀ ေနာက္ဆုံးၿပိဳင္ပြဲျဖစ္ဖို႔ရွိတယ္လို႔ သုံးသပ္ခ်က္ေတြ
ထြက္ေပၚခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုကေတာ့ ႏိုင္ငံအသင္းကေန အနားယူဖို႔ ဆႏၵမရွိေသးပါဘူး။

ေပၚတူဂီအားကစားမီဒီယာတစ္ခုျဖစ္တဲ့ CM Journal က စီေရာ္နယ္လ္ဒိုဟာ ဂ်ာမနီႏိုင္ငံမွာ
က်င္းပမယ့္ ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားေပးဖို႔
ဆႏၵရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ေနာက္ဆုံးကစားခဲ့တဲ့ ကမာၻ႔ဖလား(၂)ပြဲဆက္တိုက္ ပြဲထြက္လူစာရင္းကေန
ခ်န္လွပ္ခံခဲ့ရေပမယ့္ သူက ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္အျဖစ္
ကစားႏိုင္ဦးမယ္လို႔ အခိုင္အမာယုံၾကည္ထားၿပီး ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲက်ရင္ စီေရာ္နယ္လ္ဒိုရဲ႕

အသက္က (၃၉)ႏွစ္အထိရွိလာမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ စီေရာ္နယ္လ္ဒိုဟာ ႏိုင္ငံတကာေဘာလုံးသမိုင္းတစ္ေလွ်ာက္ ပြဲအမ်ားဆုံး

ကစားထားသူ(အမ်ိဳးသား)စာရင္းမွာ ကူဝိတ္ဂႏၴဝင္တိုက္စစ္မႉး အယ္လ္မူတာဝါနဲ႔အတူ
(၁၉၆)ပြဲစီနဲ႔ အမ်ားဆုံးျဖစ္ေနၿပီး စံခ်ိန္သစ္တင္ဖို႔ ေနာက္ထပ္တစ္ပြဲသာ လိုပါေတာ့တယ္။

တကယ္လို႔ စီေရာ္နယ္လ္ဒိုသာ ယူ႐ို-၂၀၂၄ ၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းအတြက္
ဆက္ကစားဦးမယ္ဆိုရင္ ဒါက သူ႔အတြက္ (၆)ႀကိမ္ေျမာက္ ယူ႐ိုၿပိဳင္ပြဲအျဖစ္ မွတ္တမ္းဝင္မွာ
ျဖစ္ၿပီး အခုေလာေလာဆယ္ စီေရာ္နယ္လ္ဒိုဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္
အႀကိမ္အမ်ားဆုံးကစားခဲ့သူအျဖစ္ (၅)ႀကိမ္နဲ႔ စံခ်ိန္တင္ထားပါတယ္။