





M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ဆားဘီးယားနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူကာ





စီးတီးပရိသတ်တွေကို ရာသီသစ်အတွက် ရူးလောက်တဲ့အတွေးတွေ
မြင့်တက်စေခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ ဟာလန်းဟာ ဇူလိုင်လ ၁ ရက်နေ့မှာ
မန်စီးတီးအသင်းသားအဖြစ် တရားဝင်ဖြစ်လာဖွယ်ရှိနေပြီး ဆားဘီးယားနဲ့





ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာ နော်ဝေအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့တာပါ။
ဒီတစ်ပတ် နော်ဝေထရိန်နင်မှာ မသန်တဲ့ ညာခြေနဲ့ သွင်းယူခဲ့တဲ့ အံ့အားသင့်ဖွယ်





ဂိုးလောက် အခုဂိုးက ပြောစရာသိပ်မရှိပေမယ့် စီးတီးပရိသတ်တွေအတွက်
သိပ်ကိုကျေနပ်အားရစေတဲ့အနေအထားဖြစ်ပါတယ်။ နော်ဝေအသင်းဟာ
ကွင်းလယ်လောက်မှာ ဟာလန်းကြောင့် ပြစ်ဒဏ်ဘောရရှိခဲ့ပြီး အဲဒီပြစ်ဒဏ်ဘောကနေ





လျင်လျင်မြန်မြန်ပဲ တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ အဲဒီမှာ ညာတောင်ပံကနေ
ဆွဲပြေးလာချိန် ဟာလန်းကလည်း ပင်နယ်တီဧရိယာထဲမှာ အသင့်ရှိနေစေဖို့





လျင်မြန်လွန်းတဲ့ မြန်နှုန်းနဲ့ အားကုန်ပြေးဝင်လာတာဖြစ်ပါတယ်။
သူဟာ ဆားဘီးယားနောက်ခံလူတွေကို ကျော်ဖြတ်ကာ ညာဘက်က ဖြတ်တင်
ပေးလိုက်တာကို ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဂိုးက ပြောလောက်စရာအများကြီး





မရှိပေမယ့် မန်စီးတီးအသင်းရဲ့ကစားပုံနဲ့ဆိုရင် သူ့အနေနဲ့ ရာသီသစ်မှာ ဒီလိုပုံစံမျိုးကနေ
ဂိုးတွေအများအပြား သွင်းယူနိုင်ဖို့ များနေပါတယ်။ စီးတီးပရိသတ်တွေကလည်း





အဲဒီပွဲအပြီးမှာ လူမှုမီဒီယာကနေ ဟာလန်းကို ချီးကျူးရေးသားခဲ့ပါတယ်။
”ဟိုး အနောက် အဝေးကြီးကနေ ပြေးလာတယ်၊ နောက်ခံလူတွေကို ကျော်တယ်၊
ပြီးတော့ အလွတ်ကြီး ပိတ်သွင်းသွားတယ်။ ဒီဘရိုင်းနားတော့ ရာသီသစ်မှာ





ဂိုးဖန်တီးမှု စံချိန်သစ် တင်နိုင်တော့မှာပဲ” ”ရာသီသစ်ကျရင် ဒီလိုပေးပို့မှုမျိုး
ဟာလန်း ဘယ်လောက်ရမယ်ထင်လဲ” ”OMG! ရာသီသစ်ကျရင် ဒီလိုဂိုးမျိုး





တို့တွေ အများကြီးကြည့်ရတော့မှာပါလား” ”ဟာလန်း ဘယ်လောက်အပြေးမြန်လဲ
တွေ့တယ်မဟုတ်လား။ ရာသီသစ်မှာ ငါတို့အသင်း ဂိုး ၁၅၀လောက် အေးဆေးသွင်းနိုင်မှာ”
”ရာသီသစ်မှာ ဟာလန်း အောက်ထစ် ၂၅ ဂိုးမသွင်းနိုင်မှာ စိတ်မပူရတော့ဘူး”





”မန်စီးတီးဂျာစီ ဝတ်ပြီး ဟာလန်း ကစားမှာကို မစောင့်နိုင်တော့ဘူးဗျာ”လို့
မန်စီးတီးပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။





M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi





လက္ဖ်ားခါေလာက္တဲ့ ျမန္ႏႈန္းနဲ႔ စီးတီးပရိသတ္ေတြကို ႐ူးခါေစခဲ့တဲ့ ဟာလန္း
ေနာ္ေဝတိုက္စစ္မႉး ဟာလန္းဟာ ဆားဘီးယားနဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းယူကာ





စီးတီးပရိသတ္ေတြကို ရာသီသစ္အတြက္ ႐ူးေလာက္တဲ့အေတြးေတြ
ျမင့္တက္ေစခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ရွိ ဟာလန္းဟာ ဇူလိုင္လ ၁ ရက္ေန႔မွာ
မန္စီးတီးအသင္းသားအျဖစ္ တရားဝင္ျဖစ္လာဖြယ္ရွိေနၿပီး ဆားဘီးယားနဲ႔





ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာ ေနာ္ေဝအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူခဲ့တာပါ။
ဒီတစ္ပတ္ ေနာ္ေဝထရိန္နင္မွာ မသန္တဲ့ ညာေျခနဲ႔ သြင္းယူခဲ့တဲ့ အံ့အားသင့္ဖြယ္





ဂိုးေလာက္ အခုဂိုးက ေျပာစရာသိပ္မရွိေပမယ့္ စီးတီးပရိသတ္ေတြအတြက္
သိပ္ကိုေက်နပ္အားရေစတဲ့အေနအထားျဖစ္ပါတယ္။ ေနာ္ေဝအသင္းဟာ
ကြင္းလယ္ေလာက္မွာ ဟာလန္းေၾကာင့္ ျပစ္ဒဏ္ေဘာရရွိခဲ့ၿပီး အဲဒီျပစ္ဒဏ္ေဘာကေန





လ်င္လ်င္ျမန္ျမန္ပဲ တိုက္စစ္ဆင္ကစားခဲ့ပါတယ္။ အဲဒီမွာ ညာေတာင္ပံကေန
ဆြဲေျပးလာခ်ိန္ ဟာလန္းကလည္း ပင္နယ္တီဧရိယာထဲမွာ အသင့္ရွိေနေစဖို႔





လ်င္ျမန္လြန္းတဲ့ ျမန္ႏႈန္းနဲ႔ အားကုန္ေျပးဝင္လာတာျဖစ္ပါတယ္။
သူဟာ ဆားဘီးယားေနာက္ခံလူေတြကို ေက်ာ္ျဖတ္ကာ ညာဘက္က ျဖတ္တင္
ေပးလိုက္တာကို ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီဂိုးက ေျပာေလာက္စရာအမ်ားႀကီး





မရွိေပမယ့္ မန္စီးတီးအသင္းရဲ႕ကစားပုံနဲ႔ဆိုရင္ သူ႔အေနနဲ႔ ရာသီသစ္မွာ ဒီလိုပုံစံမ်ိဳးကေန
ဂိုးေတြအမ်ားအျပား သြင္းယူႏိုင္ဖို႔ မ်ားေနပါတယ္။ စီးတီးပရိသတ္ေတြကလည္း





အဲဒီပြဲအၿပီးမွာ လူမႈမီဒီယာကေန ဟာလန္းကို ခ်ီးက်ဴးေရးသားခဲ့ပါတယ္။
”ဟိုး အေနာက္ အေဝးႀကီးကေန ေျပးလာတယ္၊ ေနာက္ခံလူေတြကို ေက်ာ္တယ္၊
ၿပီးေတာ့ အလြတ္ႀကီး ပိတ္သြင္းသြားတယ္။ ဒီဘ႐ိုင္းနားေတာ့ ရာသီသစ္မွာ





ဂိုးဖန္တီးမႈ စံခ်ိန္သစ္ တင္ႏိုင္ေတာ့မွာပဲ” ”ရာသီသစ္က်ရင္ ဒီလိုေပးပို႔မႈမ်ိဳး
ဟာလန္း ဘယ္ေလာက္ရမယ္ထင္လဲ” ”OMG! ရာသီသစ္က်ရင္ ဒီလိုဂိုးမ်ိဳး





တို႔ေတြ အမ်ားႀကီးၾကည့္ရေတာ့မွာပါလား” ”ဟာလန္း ဘယ္ေလာက္အေျပးျမန္လဲ
ေတြ႕တယ္မဟုတ္လား။ ရာသီသစ္မွာ ငါတို႔အသင္း ဂိုး ၁၅၀ေလာက္ ေအးေဆးသြင္းႏိုင္မွာ”
”ရာသီသစ္မွာ ဟာလန္း ေအာက္ထစ္ ၂၅ ဂိုးမသြင္းႏိုင္မွာ စိတ္မပူရေတာ့ဘူး”





”မန္စီးတီးဂ်ာစီ ဝတ္ၿပီး ဟာလန္း ကစားမွာကို မေစာင့္ႏိုင္ေတာ့ဘူးဗ်ာ”လို႔
မန္စီးတီးပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
Leave a Reply