လက်ထဲမှာ ဘောလုံးကိုဘယ်လောက်ကြာကြာကိုင်နိုင်လဲဆိုတာ စံချိန်သစ်တင်လိုက်တဲ့ ဖာနန်ဒက်စ်

လီဗာပူးလ်နဲ့ပွဲက မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ရပ်ဟာ အတော်လေးရိုင်းစိုင်းခဲ့တယ်လို့ ဝေဖန်နေကြပါတယ်။ ပေါ်တူဂီသားဟာ ဆာလက် ချေပဂိုးသွင်းပြီးချိန်မှာ ဘောလုံးကိုကောက်ကိုင်လိုက်ပြီး

 

အီဂျစ်တိုက်စစ်မှူးကိုပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးက ဘောလုံးပိုက်ပြီးအောင်ပွဲခံချင်တာကြောင့် ဘရူနိုဆီကပြန်တောင်းပေမယ့် မပေးတာကြောင့် ဖာမီနိုလည်းပါလာပြီး အကျည်းတန်မြင်ကွင်းတစ်ခုဖြစ်ခဲ့တာပါ။

သူ့အနေနဲ့ သတိလက်လွတ်ဖြစ်သွားတယ်လို့ ဘရူနိုက ပွဲအပြီးမှာ ဖွင့်ဟခဲ့ပေမယ့် ဝေဖန်မှုတွေကတော့ မပြီးသေးပါဘူး။ ချဲလ်ဆီးနဲ့မာဆေးလ် တိုက်စစ်မှူးဟောင်း ရုပ်သံအစီအစဉ်တင်ဆက်သူ တိုနီကက်စ်ကာရီနိုက

ဘရူနိုရဲ့ထိန်းချုပ်မှုကင်းမဲ့ခြင်းဟာ အဆင့်သစ်တစ်ခုရောက်သွားခဲ့တယ်လို့ ဝေဖန်ပါတယ်။ “ ဖာနန်ဒက်စ်ဟာ လူမှုရေးခေါင်းပါးတဲ့အပြုအမူကို နောက်ထပ်အဆင့်သစ်တစ်ခု သယ်ဆောင်သွားခဲ့ပါတယ်။

ဒါက ရိုင်းစိုင်းလွန်းတယ်လို့ ခံစားရသလို ကြိုတင်ပြင်ဆင်ထားပုံလည်းရပါတယ်။ ကစားသမားတွေ ဒီလိုလုပ်ကြတာ အရင်က ကျွန်တော်တို့မြင်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်ကတော့ သူ့လက်ထဲမှာ ဘောလုံးကို

ဘယ်လောက်ကြာကြာကိုင်ထားနိုင်တယ်ဆိုတဲ့ စံချိန်သစ်တင်သွားခဲ့တာပါ။ ဒါဟာ အဝါကတ်ပြသင့်တာ ရှင်းပါတယ်။ ဒါပေမဲ့ အိုလီဗာက ဒီအတွက် ပြင်ဆင်ထားပုံမရပါဘူး ” လို့ The Times သတင်းစာမှာ ကက်စ်ကာရီနိုက ရေးသားထားတာပါ။

ပွဲသိမ်းခရာမှုတ်ချိန်မှာ လီဗာပူးလ်နည်းပြဂျာဂင်ကလော့ပ်က ဖာနန်ဒက်စ်ရဲ့လည်ပင်းကို ရယ်ရယ်မောမောနဲ့ညှစ်ခဲ့တဲ့ တုံ့ပြန်မှုကိုလည်း တွေ့ခဲ့ရပါတယ်။ ဖာနန်ဒက်စ်ဟာ အဲဒီပွဲမှာ မက်ဂွိုင်းယားရဲ့အသင်းခေါင်းဆောင်ရာထူးကိုယူပြီး မန်ယူအတွက်ခြေစွမ်းပြသွားနိုင်ခဲ့တာပါ။

(zawgyi)

လီဗာပူးလ္နဲ႔ပြဲက မန္ယူကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕လုပ္ရပ္ဟာ အေတာ္ေလး႐ိုင္းစိုင္းခဲ့တယ္လို႔ ေဝဖန္ေနၾကပါတယ္။ ေပၚတူဂီသားဟာ ဆာလက္ ေခ်ပဂိုးသြင္းၿပီးခ်ိန္မွာ ေဘာလုံးကိုေကာက္ကိုင္လိုက္ၿပီး

အီဂ်စ္တိုက္စစ္မႉးကိုေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ လီဗာပူးလ္တိုက္စစ္မႉးက ေဘာလုံးပိုက္ၿပီးေအာင္ပြဲခံခ်င္တာေၾကာင့္ ဘ႐ူႏိုဆီကျပန္ေတာင္းေပမယ့္ မေပးတာေၾကာင့္ ဖာမီႏိုလည္းပါလာၿပီး

အက်ည္းတန္ျမင္ကြင္းတစ္ခုျဖစ္ခဲ့တာပါ။ သူ႔အေနနဲ႔ သတိလက္လြတ္ျဖစ္သြားတယ္လို႔ ဘ႐ူႏိုက ပြဲအၿပီးမွာ ဖြင့္ဟခဲ့ေပမယ့္ ေဝဖန္မႈေတြကေတာ့ မၿပီးေသးပါဘူး။ ခ်ဲလ္ဆီးနဲ႔မာေဆးလ္ တိုက္စစ္မႉးေဟာင္း ႐ုပ္သံအစီအစဥ္တင္ဆက္သူ

တိုနီကက္စ္ကာရီႏိုက ဘ႐ူႏိုရဲ႕ထိန္းခ်ဳပ္မႈကင္းမဲ့ျခင္းဟာ အဆင့္သစ္တစ္ခုေရာက္သြားခဲ့တယ္လို႔ ေဝဖန္ပါတယ္။ “ ဖာနန္ဒက္စ္ဟာ လူမႈေရးေခါင္းပါးတဲ့အျပဳအမူကို ေနာက္ထပ္အဆင့္သစ္တစ္ခု သယ္ေဆာင္သြားခဲ့ပါတယ္။

ဒါက ႐ိုင္းစိုင္းလြန္းတယ္လို႔ ခံစားရသလို ႀကိဳတင္ျပင္ဆင္ထားပုံလည္းရပါတယ္။ ကစားသမားေတြ ဒီလိုလုပ္ၾကတာ အရင္က ကြၽန္ေတာ္တို႔ျမင္ခဲ့ၾကဖူးပါတယ္။ ဒါေပမဲ့ ဖာနန္ဒက္စ္ကေတာ့ သူ႔လက္ထဲမွာ ေဘာလုံးကို

ဘယ္ေလာက္ၾကာၾကာကိုင္ထားႏိုင္တယ္ဆိုတဲ့ စံခ်ိန္သစ္တင္သြားခဲ့တာပါ။ ဒါဟာ အဝါကတ္ျပသင့္တာ ရွင္းပါတယ္။ ဒါေပမဲ့ အိုလီဗာက ဒီအတြက္ ျပင္ဆင္ထားပုံမရပါဘူး ” လို႔ The Times သတင္းစာမွာ ကက္စ္ကာရီႏိုက ေရးသားထားတာပါ။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ လီဗာပူးလ္နည္းျပဂ်ာဂင္ကေလာ့ပ္က ဖာနန္ဒက္စ္ရဲ႕လည္ပင္းကို ရယ္ရယ္ေမာေမာနဲ႔ညႇစ္ခဲ့တဲ့ တုံ႔ျပန္မႈကိုလည္း ေတြ႕ခဲ့ရပါတယ္။ ဖာနန္ဒက္စ္ဟာ အဲဒီပြဲမွာ မက္ဂြိဳင္းယားရဲ႕အသင္းေခါင္းေဆာင္ရာထူးကိုယူၿပီး မန္ယူအတြက္ေျခစြမ္းျပသြားႏိုင္ခဲ့တာပါ။