လက်စွမ်း အပြလွန်လို့များ ဂွါဒီယိုလာရဲ့ ဟောက်စားလုပ်တာ ခံလိုက်ရသလား ဂွိုင်တာ 😅

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ခရစ္စတယ်ပဲလေ့စ်နဲ့

ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ပြိုင်ဘက်ဂိုးသမား ဗင်းဆင့်ဂွိုင်တာ ကို

ဟောက်စားသွားလုပ်ခဲ့လို့ သူတို့ကြားမှာအပြန်အလှန်အခြေအတင်ဖြစ်ခဲ့ကြတယ်လို့

သိရပါတယ်။ ဒါပေမယ့်လည်း ဒီစပိန်သားနှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့

တစ်ယောက်အငြင်းပွားကြပြီးနောက် ဘယ်သူမှဖြန်ဖြေစရာမလိုဘဲ လမ်းခွဲခဲ့ကြပါတယ်။

ဒီပွဲသရေကျခဲ့မှုကြောင့် မန်စီးတီးဟာ ၂၉ ပွဲကစားပြီးချိန်မှာရမှတ် ၇၀ နဲ့

ထိပ်ဆုံးကဦးဆောင်နေပြီး ဒုတိယနေရာကလီဗာပူးကို ၄ မှတ်ဖြတ်ထားပါတယ်။

ဒါပေမယ့်လီဗာပူးက တစ်ပွဲကစားဖို့ကျန်နေသေးပြီးအဲဒီပွဲကိုနိုင်ခဲ့ရင် ၁ မှတ်သာ

ကွာတော့မှာဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးပြိုင်ဆိုင်မှုက

ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဂွာဒီယိုလာဟာ မန်စီးတီးကို

ကောင်းစွာခံကစားသွားနိုင်တဲ့ ပဲလေ့စ်တစ်သင်းလုံးနဲ့ ဂိုးသမား ဂွိုင်တာ ကိုပါ

မကျေမနပ်ဖြစ်ခဲ့တာပါ။ ဒီပွဲမှာမန်စီးတီးဟာသူတို့ထုံးစံအတိုင်း ပြိုင်ဘက်ကို

ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒီအတွက် မန်စီးတီးရဲ့အပိုင်ဂိုးသွင်းခွင့် ၄ ကြိမ်ကိုလက်စွမ်းပြကာကွယ်နိုင်ခဲ့တဲ့

ဂွိုင်တာက အဓိကကျသူဖြစ်ခဲ့တာပါ။

သူဟာ ပထမပိုင်းမှာ ဒီဘရိုင်းနား ရဲ့ကောင်းမွန်တဲ့မြေမကျကန်ချက်အပါအဝင်

၄ ကြိမ်အထိကာကွယ်နိုင်ခဲ့တာဖြစ်သလို မန်စီးတီးရဲ့အခြားအားထုတ်မှု

၂ ကြိမ်ကလည်းတိုင်ထိထွက်ခဲ့တာကြောင့် အများကြီးနစ်နာခဲ့ရပါတယ်။

ဒါကြောင့်လည်း ပွဲအပြီးမှာ ဂွာဒီယိုလာက ဂွိုင်တာကိုသွားပြီး ဟောက်စား

လုပ်ခဲ့ရာကနေသူတို့ကြားမှာအခြေအတင်ဖြစ်ခဲ့သေးတာပါ။

သူတို့ဘာပြောကြသလဲဆိုတာမသိရပေမယ့် ဂွိုင်တာ ကိုဂွာဒီယိုလာကအပြစ်တင်ပုံ

ရခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ မန်စီးတီးဟာ လာမယ့်ဧပြီ ၁၀ မှာ လီဗာပူးနဲ့

အိမ်ကွင်းကစားရမှာဖြစ်ပြီး သူတို့တွေ့မယ့်ပွဲက ချန်ပီယံဘွဲ့အတွက်အဖြေ

ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ထားကြပါတယ်။

လီဗာပူးဟာလက်ရှိမှာခြေစွမ်းကောင်းဆက်တိုက်ရရှိနေပြီး သူတို့ရဲ့ကစားသမားသစ်

လူးဝစ်ဒီယက်ဇ်ကလည်း ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

zawgyi

လက္စြမ္း အျပလြန္လို႔မ်ား ဂြါဒီယိုလာရဲ႕ ေဟာက္စားလုပ္တာ ခံလိုက္ရသလား ဂြိဳင္တာ 😅

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာဟာ ခရစၥတယ္ပဲေလ့စ္နဲ႔

ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအၿပီးမွာ ၿပိဳင္ဘက္ဂိုးသမား ဗင္းဆင့္ဂြိဳင္တာ ကို

ေဟာက္စားသြားလုပ္ခဲ့လို႔ သူတို႔ၾကားမွာအျပန္အလွန္အေျခအတင္ျဖစ္ခဲ့ၾကတယ္လို႔

သိရပါတယ္။ ဒါေပမယ့္လည္း ဒီစပိန္သားႏွစ္ေယာက္စလုံးဟာ တစ္ေယာက္နဲ႔

တစ္ေယာက္အျငင္းပြားၾကၿပီးေနာက္ ဘယ္သူမွျဖန္ေျဖစရာမလိုဘဲ လမ္းခြဲခဲ့ၾကပါတယ္။

ဒီပြဲသေရက်ခဲ့မႈေၾကာင့္ မန္စီးတီးဟာ ၂၉ ပြဲကစားၿပီးခ်ိန္မွာရမွတ္ ၇၀ နဲ႔

ထိပ္ဆုံးကဦးေဆာင္ေနၿပီး ဒုတိယေနရာကလီဗာပူးကို ၄ မွတ္ျဖတ္ထားပါတယ္။

ဒါေပမယ့္လီဗာပူးက တစ္ပြဲကစားဖို႔က်န္ေနေသးၿပီးအဲဒီပြဲကိုႏိုင္ခဲ့ရင္ ၁ မွတ္သာ

ကြာေတာ့မွာျဖစ္လို႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးၿပိဳင္ဆိုင္မႈက

ပိုၿပီးက်ယ္ျပန႔္လာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဂြာဒီယိုလာဟာ မန္စီးတီးကို

ေကာင္းစြာခံကစားသြားႏိုင္တဲ့ ပဲေလ့စ္တစ္သင္းလုံးနဲ႔ ဂိုးသမား ဂြိဳင္တာ ကိုပါ

မေက်မနပ္ျဖစ္ခဲ့တာပါ။ ဒီပြဲမွာမန္စီးတီးဟာသူတို႔ထုံးစံအတိုင္း ၿပိဳင္ဘက္ကို

ဖိကစားႏိုင္ခဲ့ေပမယ့္ ဂိုးရေအာင္ေတာ့မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

ဒီအတြက္ မန္စီးတီးရဲ႕အပိုင္ဂိုးသြင္းခြင့္ ၄ ႀကိမ္ကိုလက္စြမ္းျပကာကြယ္ႏိုင္ခဲ့တဲ့

ဂြိဳင္တာက အဓိကက်သူျဖစ္ခဲ့တာပါ။

သူဟာ ပထမပိုင္းမွာ ဒီဘ႐ိုင္းနား ရဲ႕ေကာင္းမြန္တဲ့ေျမမက်ကန္ခ်က္အပါအဝင္

၄ ႀကိမ္အထိကာကြယ္ႏိုင္ခဲ့တာျဖစ္သလို မန္စီးတီးရဲ႕အျခားအားထုတ္မႈ

၂ ႀကိမ္ကလည္းတိုင္ထိထြက္ခဲ့တာေၾကာင့္ အမ်ားႀကီးနစ္နာခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ပြဲအၿပီးမွာ ဂြာဒီယိုလာက ဂြိဳင္တာကိုသြားၿပီး ေဟာက္စား

လုပ္ခဲ့ရာကေနသူတို႔ၾကားမွာအေျခအတင္ျဖစ္ခဲ့ေသးတာပါ။

သူတို႔ဘာေျပာၾကသလဲဆိုတာမသိရေပမယ့္ ဂြိဳင္တာ ကိုဂြာဒီယိုလာကအျပစ္တင္ပုံ

ရခဲ့တယ္လို႔ ခန႔္မွန္းၾကပါတယ္။ မန္စီးတီးဟာ လာမယ့္ဧၿပီ ၁၀ မွာ လီဗာပူးနဲ႔

အိမ္ကြင္းကစားရမွာျဖစ္ၿပီး သူတို႔ေတြ႕မယ့္ပြဲက ခ်န္ပီယံဘြဲ႕အတြက္အေျဖ

ျဖစ္လိမ့္မယ္လို႔လည္း သုံးသပ္ထားၾကပါတယ္။

လီဗာပူးဟာလက္ရွိမွာေျခစြမ္းေကာင္းဆက္တိုက္ရရွိေနၿပီး သူတို႔ရဲ႕ကစားသမားသစ္

လူးဝစ္ဒီယက္ဇ္ကလည္း ေျခစြမ္းျပသေနတာျဖစ္ပါတယ္။