
ယူနိုက်တက်အတွက် ဒီဂီယာပြသနေတဲ့ လက်စွမ်းက ချီးကျူးစရာပါ။
ဒါပေမယ့် အသင်းရလဒ်တွေဆက်တိုက်ကျဆင်းနေမှုက
သူ့စွမ်းဆောင်ရည်ကို မှေးမှိန်စေခဲ့ပြီး လက်ရွေးစင်အသင်းကနေ ကျန်ရစ်ခဲ့ရပါပြီ။
အယ်လ်ဘေးနီးယား၊ အိုက်စလန်တို့နဲ့ ကစားရမယ့်ပွဲတွေအတွက် စပိန်က
ကစားသမား၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဒီဂီယာမပါဝင်လာခဲ့ဘဲ
ချယ်လ်ဆီးဂိုးသမားကီပါလည်း ကျန်နေရစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဒီဂီယာကို ချန်လှပ်ခဲ့တာက သူ့အသင်းကစားဟန်နဲ့ မကိုက်ညီတာကြောင့်လို့
နည်းပြအင်းနရစ်က ပြောဆိုခဲ့ပြီး ဘရိုက်တန်ဂိုးသမားရာယာကို
ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူခဲ့ပါတယ်။ ဒီဂိုးသမားက ပရီးမီးယားလိဂ်မှာ
၁၅ ပွဲအထိ ပေးဂိုးမရှိစံချိန်ကို ရရှိထားခဲ့ပြီး သူ့ရဲ့ ဘောလုံးပေးပို့ပုံ၊
sweeper keeper အဖြစ် ကစားနိုင်မှုတွေကြောင့် နာမည်ကျော်လာခဲ့တာပါ။
မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်တန်းရဲ့ အမှားအယွင်းတွေကို ဒိုင်ခံဖြေရှင်းနေရပြီး
အရေးပါတဲ့ ကာကွယ်မှုတွေကို ဒီဂီယာ လုပ်ပြနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ခံစစ်တန်းကဗွေဖောက်သမျှကို
သူ ဒိုင်ခံမရှင်းနိုင်ချိန်မှာ ဂိုးတွေပေးခဲ့ရပါတော့တယ်။
ဂိုးသမားတစ်ဦးအတွက် လုံလောက်တဲ့ ကာကွယ်မှုမျိုးမရတဲ့အပြင်
ကြုံလာသမျှကို သူကပဲ ရင်ဆိုင်ဖြေရှင်းနေခဲ့ရတာပါ။
အဲဒီရဲ့အကျိုးဆက်က ဒီဂီယာကို လက်ရွေးစင်အသင်းနဲ့ပါ ဝေးကွာသွားစေခဲ့ပါပြီ။
မက်ဂွိုင်းယားဦးဆောင်တဲ့ ယူနိုက်တက်ခံစစ်တန်းဟာ ဒီဂီယာအတွက်
ကောင်းမွန်တဲ့ကာကွယ်မှုမလုပ်ပေးနိုင်တဲ့အပြင် ကိုယ့်ဂိုးသမားကို
ပြန်ဒုက္ခပေးနေပေါင်းလည်း မနည်းလှပါဘူး။
ဒါပေမယ့် မက်ဂွိုင်းယားက အင်္ဂလန်အတွက် ခေါ်ယူခံရစဉ်မှာ
ဒီဂီယာကတော့ ကျန်ခဲ့ရပြီး တော်တော်လေးတော့ နာကျင်စရာ
ကောင်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်။
zawgyi
လက္စြမ္းေကာင္းျပေနခဲ့ေပမယ့္ ႏုိင္ငံလက္ေရြးစင္အသင္းမွာ ေခါင္းႀကီးေၾကာင့္ ခ်န္လွပ္ခံခဲ့ရတဲ့ ဒီဂီယာ
ယူႏိုက္တက္အတြက္ ဒီဂီယာျပသေနတဲ့ လက္စြမ္းက ခ်ီးက်ဴးစရာပါ။
ဒါေပမယ့္ အသင္းရလဒ္ေတြဆက္တိုက္က်ဆင္းေနမႈက
သူ႔စြမ္းေဆာင္ရည္ကို ေမွးမွိန္ေစခဲ့ၿပီး လက္ေ႐ြးစင္အသင္းကေန က်န္ရစ္ခဲ့ရပါၿပီ။
အယ္လ္ေဘးနီးယား၊ အိုက္စလန္တို႔နဲ႔ ကစားရမယ့္ပြဲေတြအတြက္ စပိန္က
ကစားသမား၂၃ ဦးစာရင္းကို ထုတ္ျပန္ခဲ့ရာမွာ ဒီဂီယာမပါဝင္လာခဲ့ဘဲ
ခ်ယ္လ္ဆီးဂိုးသမားကီပါလည္း က်န္ေနရစ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။
ဒီဂီယာကို ခ်န္လွပ္ခဲ့တာက သူ႔အသင္းကစားဟန္နဲ႔ မကိုက္ညီတာေၾကာင့္လို႔
နည္းျပအင္းနရစ္က ေျပာဆိုခဲ့ၿပီး ဘ႐ိုက္တန္ဂိုးသမားရာယာကို
ပထမဆုံးအႀကိမ္အျဖစ္ ေခၚယူခဲ့ပါတယ္။ ဒီဂိုးသမားက ပရီးမီးယားလိဂ္မွာ
၁၅ ပြဲအထိ ေပးဂိုးမရွိစံခ်ိန္ကို ရရွိထားခဲ့ၿပီး သူ႔ရဲ႕ ေဘာလုံးေပးပို႔ပုံ၊
sweeper keeper အျဖစ္ ကစားႏိုင္မႈေတြေၾကာင့္ နာမည္ေက်ာ္လာခဲ့တာပါ။
မက္ဂြိဳင္းယားဦးေဆာင္တဲ့ ခံစစ္တန္းရဲ႕ အမွားအယြင္းေတြကို ဒိုင္ခံေျဖရွင္းေနရၿပီး
အေရးပါတဲ့ ကာကြယ္မႈေတြကို ဒီဂီယာ လုပ္ျပႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ပြဲခ်ိန္ၾကာလာတာနဲ႔အမွ် ခံစစ္တန္းကေဗြေဖာက္သမွ်ကို
သူ ဒိုင္ခံမရွင္းႏိုင္ခ်ိန္မွာ ဂိုးေတြေပးခဲ့ရပါေတာ့တယ္။
ဂိုးသမားတစ္ဦးအတြက္ လုံေလာက္တဲ့ ကာကြယ္မႈမ်ိဳးမရတဲ့အျပင္
ႀကဳံလာသမွ်ကို သူကပဲ ရင္ဆိုင္ေျဖရွင္းေနခဲ့ရတာပါ။
အဲဒီရဲ႕အက်ိဳးဆက္က ဒီဂီယာကို လက္ေ႐ြးစင္အသင္းနဲ႔ပါ ေဝးကြာသြားေစခဲ့ပါၿပီ။
မက္ဂြိဳင္းယားဦးေဆာင္တဲ့ ယူႏိုက္တက္ခံစစ္တန္းဟာ ဒီဂီယာအတြက္
ေကာင္းမြန္တဲ့ကာကြယ္မႈမလုပ္ေပးႏိုင္တဲ့အျပင္ ကိုယ့္ဂိုးသမားကို
ျပန္ဒုကၡေပးေနေပါင္းလည္း မနည္းလွပါဘူး။
ဒါေပမယ့္ မက္ဂြိဳင္းယားက အဂၤလန္အတြက္ ေခၚယူခံရစဥ္မွာ
ဒီဂီယာကေတာ့ က်န္ခဲ့ရၿပီး ေတာ္ေတာ္ေလးေတာ့ နာက်င္စရာ
ေကာင္းေနတာေတာ့ အမွန္ပဲျဖစ္ပါတယ္။
Leave a Reply