လက်စတာရဲ့ ပေါင် ၇၅ သန်းတန် ဖိုဖာနာဂျင်းကြောင့် တူချယ် လွင့်ခဲ့ရတာများလား ..

ချဲလ်ဆီးနည်းပြရာထူးကနေ တူချယ်ထုတ်ပယ်ခံလိုက်ရတဲ့နောက် ကစားသမားတွေထဲက ပထမဆုံးအသံထွက်ခဲ့သူက နောက်ခံလူဖိုဖာနာပါ။ အင်စတာဂရမ်က story မှာ တူချယ်နဲ့နှစ်ယောက်တွဲပုံတင်ပြီး ဂျာမန်သားနည်းပြအတွက်

ဝမ်းနည်းကြောင်းပြခဲ့ပါတယ်။ စီနီယာကစားသမားတွေ နှုတ်ဆိတ်နေကြချိန်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကမှ လက်စတာကနေရောက်လာတဲ့ ဖိုဖာနာရဲ့လုပ်ရပ်ကြောင့် သိတတ်လွန်းတဲ့သူငယ်ပဲလို့ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားလေးကို

ချီးကျူးသူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ အကြောင်းသိတွေကတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ တူချယ် လွင့်ခဲ့ရတာဟာ သူ့ကြောင့်လည်းပါတယ်လို့ ထောက်ပြနေကြပါတယ်။ ဒိုင်နမိုဇာဂရက်ကိုရှုံးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ

ချဲလ်ဆီးပေးလိုက်ရတဲ့ အဖွင့်ဂိုးနဲ့ပတ်သက်ပြီး ဖိုဖာနာကို လှောင်ပြောင်နေကြတာပါ။ တန်ပြန်တိုက်စစ်ကနေ အိမ်ရှင်တိုက်စစ်မှူးအော်ဆစ် ဘောလုံးဆွဲပြေးတာကို လက်စတာနောက်ခံလူဟောင်း မီအောင်မလိုက်နိုင်ခဲ့ပါဘူး။

အော်ဆစ်က အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး ဖိုဖာနာထက် ၈ နှစ်တောင်ကြီးတာကြောင့် ပြင်သစ်သားရဲ့ကြံ့ခိုင်မှုနဲ့ပြေးအားကို မေးခွန်းထုတ်နေကြတာာပါ။ တနည်းအားဖြင့် လက်စတာ ဂျင်းထည့်တာခံလိုက်ရပြီလို့

လှောင်ပြောင်နေကြပါတယ်။ ပရိသတ်တွေတင် မဟုတ်ပါဘူး။ ဂျိုကိုးလ်၊ ပီတာခရော့ချ်နဲ့ မာတင်ကီအွန်တို့ BT Sport လူစုကလည်း ချဲလ်ဆီးနောက်တန်းအားနည်းချက်ကို ထောက်ပြခဲ့ကြပါတယ်။

အထူးသဖြင့် အော်ဆစ် ဘောလုံးဆွဲပြေးနိုင်အောင် ပက်ကိုဗစ် ခေါင်းတိုက်ချပေးတာကို မတားဆီးနိုင်ခဲ့တဲ့ ပေါင် ၃၃ သန်းတန် ကူလီဘာလီ၊ မီအောင်မပြေးနိုင်ခဲ့တဲ့ ဖိုဖာနာတို့ကို ဝေဖန်ခဲ့ကြတာပါ။

(zawgyi)

ခ်ဲလ္ဆီးနည္းျပရာထူးကေန တူခ်ယ္ထုတ္ပယ္ခံလိုက္ရတဲ့ေနာက္ ကစားသမားေတြထဲက ပထမဆုံးအသံထြက္ခဲ့သူက ေနာက္ခံလူဖိုဖာနာပါ။ အင္စတာဂရမ္က story မွာ တူခ်ယ္နဲ႔ႏွစ္ေယာက္တြဲပုံတင္ၿပီး ဂ်ာမန္သားနည္းျပအတြက္

ဝမ္းနည္းေၾကာင္းျပခဲ့ပါတယ္။ စီနီယာကစားသမားေတြ ႏႈတ္ဆိတ္ေနၾကခ်ိန္မွာ ၿပီးခဲ့တဲ့သီတင္းပတ္ကမွ လက္စတာကေနေရာက္လာတဲ့ ဖိုဖာနာရဲ႕လုပ္ရပ္ေၾကာင့္ သိတတ္လြန္းတဲ့သူငယ္ပဲလို႔

အသက္ ၂၁ ႏွစ္အ႐ြယ္ ျပင္သစ္သားေလးကို ခ်ီးက်ဴးသူေတြလည္း ရွိေနပါတယ္။ ဒါေပမဲ့ အေၾကာင္းသိေတြကေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန တူခ်ယ္ လြင့္ခဲ့ရတာဟာ သူ႔ေၾကာင့္လည္းပါတယ္လို႔ ေထာက္ျပေနၾကပါတယ္။

ဒိုင္နမိုဇာဂရက္ကိုရႈံးတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ခ်ဲလ္ဆီးေပးလိုက္ရတဲ့ အဖြင့္ဂိုးနဲ႔ပတ္သက္ၿပီး ဖိုဖာနာကို ေလွာင္ေျပာင္ေနၾကတာပါ။ တန္ျပန္တိုက္စစ္ကေန အိမ္ရွင္တိုက္စစ္မႉးေအာ္ဆစ္ ေဘာလုံးဆြဲေျပးတာကို လက္စတာေနာက္ခံလူေဟာင္း

မီေအာင္မလိုက္ႏိုင္ခဲ့ပါဘူး။ ေအာ္ဆစ္က အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္ၿပီး ဖိုဖာနာထက္ ၈ ႏွစ္ေတာင္ႀကီးတာေၾကာင့္ ျပင္သစ္သားရဲ႕ႀကံ့ခိုင္မႈနဲ႔ေျပးအားကို ေမးခြန္းထုတ္ေနၾကတာာပါ။

တနည္းအားျဖင့္ လက္စတာ ဂ်င္းထည့္တာခံလိုက္ရၿပီလို႔ ေလွာင္ေျပာင္ေနၾကပါတယ္။ ပရိသတ္ေတြတင္ မဟုတ္ပါဘူး။ ဂ်ိဳကိုးလ္၊ ပီတာခေရာ့ခ်္နဲ႔ မာတင္ကီအြန္တို႔ BT Sport လူစုကလည္း ခ်ဲလ္ဆီးေနာက္တန္းအားနည္းခ်က္ကို

ေထာက္ျပခဲ့ၾကပါတယ္။ အထူးသျဖင့္ ေအာ္ဆစ္ ေဘာလုံးဆြဲေျပးႏိုင္ေအာင္ ပက္ကိုဗစ္ ေခါင္းတိုက္ခ်ေပးတာကို မတားဆီးႏိုင္ခဲ့တဲ့ ေပါင္ ၃၃ သန္းတန္ ကူလီဘာလီ၊ မီေအာင္မေျပးႏိုင္ခဲ့တဲ့ ဖိုဖာနာတို႔ကို ေဝဖန္ခဲ့ၾကတာပါ။