ရှုံးပွဲကြောင့် ဝမ်းနည်းတကြီးငိုနေတဲ့ နေမာကို အပြေးအလွှား လာနှစ်သိမ့်ပေးခဲ့တဲ့ ပါရီဆစ်ရဲ့ သားငယ်လေး

ခရိုအေးရှားနဲ့ပွဲအပြီးမှာ ရှုံးပွဲကြောင့် ဝမ်းနည်းတကြီး ငိုကြွေးနေတဲ့ ဘရာဇီးလ်

နာမည်ကျော်ကစားသမား နေမာကို ပါရီဆစ်ရဲ့ သားဖြစ်သူက အပြေးအလွှားနဲ့
လာရောက်နှစ်သိမ့်ပေးခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆုကို အကြိမ်အများဆုံးအဖြစ် (၅)ကြိမ်အထိရရှိခဲ့တဲ့
ဘရာဇီးလ်အသင်းဟာ အခုနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေပေမယ့်
ကွာတားဖိုင်နယ်မှာ ခရိုအေးရှားကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက
ထွက်လိုက်ရပြီဖြစ်ပါတယ်။

အခုပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့တာက ဂျပန်နဲ့ပွဲတုန်းက ပယ်နယ်တီလက်စွမ်းပြ
ကာကွယ်ခဲ့တဲ့ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ရှ်ဖြစ်ပြီး ရိုဒရီဂိုရဲ့ ပယ်နယ်တီကို
ကာကွယ်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ အဆုံးအဖြတ်ပယ်နယ်တီကို

နောက်ခံလူ မာကွင်ဟို့စ် ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားလို့ ဘရာဇီးလ်တို့
(၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ နေမာဟာ ဝမ်းနည်းမှုကြောင့် ငိုကြွေးနေချိန်မှာ ပါရီဆစ်ရဲ့ သားဖြစ်သူက
နေမာဆီ ပြေးလာပြီး ပွေ့ဖက်နှစ်သိမ့်ခဲ့သလို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်က အွန်လိုင်းပေါ်မှာ လူကြည့်များနေပြီး ပရိသတ်တွေက နှစ်သိမ့်ပေးခဲ့တဲ့
ကလေးငယ်နဲ့ လူကြီးလူကောင်းဆန်ဆန် တုံ့ပြန်ခဲ့တဲ့ နေမာတို့ကို ချီးကျူးရေးသားခဲ့ကြပါတယ်။

[Zawgyi]

ခ႐ိုေအးရွားနဲ႔ပြဲအၿပီးမွာ ရႈံးပြဲေၾကာင့္ ဝမ္းနည္းတႀကီး ငိုေႂကြးေနတဲ့ ဘရာဇီးလ္
နာမည္ေက်ာ္ကစားသမား ေနမာကို ပါရီဆစ္ရဲ႕ သားျဖစ္သူက အေျပးအလႊားနဲ႔
လာေရာက္ႏွစ္သိမ့္ေပးခဲ့ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံဆုကို အႀကိမ္အမ်ားဆုံးအျဖစ္ (၅)ႀကိမ္အထိရရွိခဲ့တဲ့
ဘရာဇီးလ္အသင္းဟာ အခုႏွစ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ထိပ္ဆုံးက ေရပန္းစားေနေပမယ့္

ကြာတားဖိုင္နယ္မွာ ခ႐ိုေအးရွားကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက
ထြက္လိုက္ရၿပီျဖစ္ပါတယ္။

အခုပြဲမွာ သူရဲေကာင္းျဖစ္ခဲ့တဲ့တာက ဂ်ပန္နဲ႔ပြဲတုန္းက ပယ္နယ္တီလက္စြမ္းျပ
ကာကြယ္ခဲ့တဲ့ ခ႐ိုေအးရွားဂိုးသမား လီဗာကိုဗစ္ရွ္ျဖစ္ၿပီး ႐ိုဒရီဂိုရဲ႕ ပယ္နယ္တီကို
ကာကြယ္ႏိုင္ခဲ့ပါတယ္။ ဘရာဇီးလ္အသင္းရဲ႕ အဆုံးအျဖတ္ပယ္နယ္တီကို
ေနာက္ခံလူ မာကြင္ဟို႔စ္ ကန္သြင္းခဲ့ေပမယ့္ တိုင္ထိထြက္သြားလို႔ ဘရာဇီးလ္တို႔
(၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ေနမာဟာ ဝမ္းနည္းမႈေၾကာင့္ ငိုေႂကြးေနခ်ိန္မွာ ပါရီဆစ္ရဲ႕ သားျဖစ္သူက
ေနမာဆီ ေျပးလာၿပီး ေပြ႕ဖက္ႏွစ္သိမ့္ခဲ့သလို လက္ဆြဲႏႈတ္ဆက္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္က အြန္လိုင္းေပၚမွာ လူၾကည့္မ်ားေနၿပီး ပရိသတ္ေတြက ႏွစ္သိမ့္ေပးခဲ့တဲ့
ကေလးငယ္နဲ႔ လူႀကီးလူေကာင္းဆန္ဆန္ တုံ႔ျပန္ခဲ့တဲ့ ေနမာတို႔ကို ခ်ီးက်ဴးေရးသားခဲ့ၾကပါတယ္။