ရှာကီရာနဲ့ လမ်းခွဲခဲ့တဲ့ ပီကေး အချစ်ရဲ့ကျောင်းသူလေးနဲ့ တွေ့သွားပြီ

ဘာစီလိုနာဝါရင့်နောက်ခံလူပီကေးဟာ ပေါ့ပ်အဆိုကျော်ရှာကီရာနေရာမှာ အစားထိုးဖို့ အချစ်သစ်ရှာတွေ့သွားပြီလို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။ ဒေးဗစ်ဘက်ခမ်းနဲ့ဗစ်တိုးရီးယားတို့လို ဘောလုံးလောကမှာ

အားကျလောက်စရာစုံတွဲတစ်တွဲဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက တရားဝင်လမ်းခွဲခဲ့ကြတာပါ။ ၁၂ နှစ်ကြာလက်တွဲခဲ့တဲ့ အိမ်ထောင်ရေးတစ်ခု ဘာကြောင့်အဆုံးသတ်ခဲ့ရတာလဲဆိုတာ နှစ်ဖက်လုံးက

ဖြေရှင်းချက်မပေးသလို မီလန်နဲ့ဆာရှာဆိုတဲ့ ရင်သွေးနှစ်ဦးအတွက် အုပ်ထိန်းသူဖြစ်ခွင့်ဟာလည်း မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ ပီကေးကတော့ ကိုလံဘီယာအဆိုတော်နေရာမှာ ခပ်မြန်မြန်ပဲ

နောက်တစ်ယောက်နဲ့အစားထိုးလိုက်ပြီလို့ ရေးသားထားတာပါ။ အခုကောင်မလေးက အသက် ၂၃ နှစ်သာရှိပါသေးတယ်။ နာမည်က ကလာရာချီယာမာတီဖြစ်ပြီး ပီကေးအတွက်

အလုပ်လုပ်ပေးနေတဲ့ PR ကျောင်းသူတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ စပိန်နောက်ခံလူရဲ့ထုတ်လုပ်ရေးကုမ္ပဏီ Kosmos အတွက် ပွဲတွေလုပ်ရင်း တွေ့ခဲ့ကြတာပါ။ တွဲနေတာအတော်ကြာပြီဖြစ်ပြီး

ဒီအကြောင်းကိုဖုံးကွယ်ထားကြတာလို့လည်း The Sun ကို နီးစပ်သူတစ်ယောက်က သတင်းပေးသွားခဲ့ပါတယ်။ “ ပီကေးနဲ့ကလာရာတို့တွဲနေတာ လချီနေပါပြီ။ ကောင်မလေးက သူ့ရုံးခန်းမှာ

ပွဲစီစဉ်ပေးတဲ့ကျောင်းသူတစ်ယောက်ပါ။ သူတို့နှစ်ယောက်ကလျှိုထားကြပေမယ့် ပတ်ဝန်းကျင်ကလူတွေကတော့ အားလုံးသိပါတယ်။

ဒါပေမဲ့ ပီကေးလူတွေက ကလာရာရဲ့ဆိုရှယ်အကောင့်တွေကိုဖျက်ပစ်ပြီး ဒီဇာတ်လမ်းအသံမထွက်အောင် အကူအညီပေးခဲ့ကြပါတယ်။ ဒါကြောင့် သူမပုံတွေကို လူတွေရှာမတွေ့နိုင်တော့ပါဘူး ” လို့ ပြောသွားခဲ့တာပါ။

(zawgyi)

ဘာစီလိုနာဝါရင့္ေနာက္ခံလူပီေကးဟာ ေပါ့ပ္အဆိုေက်ာ္ရွာကီရာေနရာမွာ အစားထိုးဖို႔ အခ်စ္သစ္ရွာေတြ႕သြားၿပီလို႔ The Sun သတင္းစာက ေဖၚျပပါတယ္။ ေဒးဗစ္ဘက္ခမ္းနဲ႔ဗစ္တိုးရီးယားတို႔လို

ေဘာလုံးေလာကမွာ အားက်ေလာက္စရာစုံတြဲတစ္တြဲျဖစ္ခဲ့တဲ့ သူတို႔ႏွစ္ေယာက္ဟာ ၿပီးခဲ့တဲ့ဇြန္လတုန္းက တရားဝင္လမ္းခြဲခဲ့ၾကတာပါ။ ၁၂ ႏွစ္ၾကာလက္တြဲခဲ့တဲ့ အိမ္ေထာင္ေရးတစ္ခု

ဘာေၾကာင့္အဆုံးသတ္ခဲ့ရတာလဲဆိုတာ ႏွစ္ဖက္လုံးက ေျဖရွင္းခ်က္မေပးသလို မီလန္နဲ႔ဆာရွာဆိုတဲ့ ရင္ေသြးႏွစ္ဦးအတြက္ အုပ္ထိန္းသူျဖစ္ခြင့္ဟာလည္း မရွင္းလင္းေသးပါဘူး။

ဒါေပမဲ့ ပီေကးကေတာ့ ကိုလံဘီယာအဆိုေတာ္ေနရာမွာ ခပ္ျမန္ျမန္ပဲ ေနာက္တစ္ေယာက္နဲ႔အစားထိုးလိုက္ၿပီလို႔ ေရးသားထားတာပါ။ အခုေကာင္မေလးက အသက္ ၂၃ ႏွစ္သာရွိပါေသးတယ္။

နာမည္က ကလာရာခ်ီယာမာတီျဖစ္ၿပီး ပီေကးအတြက္ အလုပ္လုပ္ေပးေနတဲ့ PR ေက်ာင္းသူတစ္ေယာက္ျဖစ္တယ္လို႔ဆိုပါတယ္။ စပိန္ေနာက္ခံလူရဲ႕ထုတ္လုပ္ေရးကုမၸဏီ Kosmos အတြက္

ပြဲေတြလုပ္ရင္း ေတြ႕ခဲ့ၾကတာပါ။ တြဲေနတာအေတာ္ၾကာၿပီျဖစ္ၿပီး ဒီအေၾကာင္းကိုဖုံးကြယ္ထားၾကတာလို႔လည္း The Sun ကို နီးစပ္သူတစ္ေယာက္က သတင္းေပးသြားခဲ့ပါတယ္။

“ ပီေကးနဲ႔ကလာရာတို႔တြဲေနတာ လခ်ီေနပါၿပီ။ ေကာင္မေလးက သူ႔႐ုံးခန္းမွာ ပြဲစီစဥ္ေပးတဲ့ေက်ာင္းသူတစ္ေယာက္ပါ။ သူတို႔ႏွစ္ေယာက္ကလွ်ိဳထားၾကေပမယ့္ ပတ္ဝန္းက်င္ကလူေတြကေတာ့

အားလုံးသိပါတယ္။ ဒါေပမဲ့ ပီေကးလူေတြက ကလာရာရဲ႕ဆိုရွယ္အေကာင့္ေတြကိုဖ်က္ပစ္ၿပီး ဒီဇာတ္လမ္းအသံမထြက္ေအာင္ အကူအညီေပးခဲ့ၾကပါတယ္။ ဒါေၾကာင့္ သူမပုံေတြကို လူေတြရွာမေတြ႕ႏိုင္ေတာ့ပါဘူး ” လို႔ ေျပာသြားခဲ့တာပါ။