ရှက်အားပိုနေခဲ့တဲ့ မက်ဆီကို ပီအက်စ်ဂျီပရိသတ်တွေ အချစ်တော်တိုးခဲ့ရပြန်

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုကလစ်တစ်ခုကြောင့် ပီအက်စ်ဂျီပရိသတ်တွေဟာ သူတို့ရဲ့အသည်းကျော်မက်ဆီကို အချစ်တွေပိုတိုးလာခဲ့ကြတယ်လို့ သိရပါတယ်။ နန့်တက်စ်ကို ၄-၀ ဂိုးနဲ့အနိုင်ယူပြီး

ပါရီကလပ်ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲမှာပါ။ အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့သလို အဖွင့်ဂိုးလည်းသွင်းပေးခဲ့ပါတယ်။ ပွဲကစားနေချိန်အတွင်းမှာ ထောင့်ကန်ဘောကန်ဖို့ရောက်လာတဲ့

မက်ဆီကို ကွင်းထဲပရိသတ်တွေထောင်နဲ့ချီပြီး နာမည်ကိုရုတ်တရက် ထအော်ခဲ့ကြတာပါ။ သိမ့်သိမ့်တုန်သွားလောက်တဲ့အသံကြီးကြောင့် မက်ဆီလည်း ကြောင်တောင်တောင်ဖြစ်သွားခဲ့ရပါတယ်။

ပြီးတော့ ဘာလုပ်ရမှန်းမသိဘဲ ရှက်နေတဲ့ ရွှေဘောလုံးဆုစံချိန်ရှင်ကို တွေ့ခဲ့ကြရတာဖြစ်ပါတယ်။ ဆံပင်ကိုသပ်လိုက်၊ ပရိသတ်ကိုလက်ပြနှုတ်ဆက်လိုက်၊ လက်မထောင်ပြလိုက်၊ လက်မောင်းတွေကိုဆုပ်ကိုင်ထားလိုက်နဲ့

အချိန်တောင်နည်းနည်းကြာသွားခဲ့တာပါ။ ပီအက်စ်ဂျီပရိသတ်တွေကတော့ ချစ်စရာကောင်းလိုက်တဲ့ပုံစံလေးဆိုပြီး ဆိုရှယ်မီဒီယာပေါ်မျှဝေရင်း ချီးမွန်းခန်းဖွင့်နေကြပါတယ်။ တကယ်တော့ ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့လူနေမှုစရိုက်ကို

နည်းပြဂယ်လ်တီယာကတောင် ချီးကျူးထားတာပါ။ အသင်းရဲ့လေ့ကျင့်ရေးတွေကို မခိုမကပ်ဘဲ အားလုံးလုပ်လေ့ရှိကြောင်း၊ အသင်းဖော်တွေကို အပြုံးနဲ့ဆက်ဆံကြောင်း၊ မက်ဆီကိုနှုတ်ဆက်ရတဲ့အချိန်တွေမှာ

သူတောင်ပျော်ခဲ့ရကြောင်း၊ တစ်သင်းလုံးက သူ့ကိုချစ်ကြကြောင်း ဖွင့်ဟထားတာပါ။ ကလာမွန့်နဲ့ လီဂူး-၁ အဖွင့်ပွဲမှာ လှပခမ်းနားတဲ့ နောက်ပြန်ကန်ချက်နဲ့သွင်းဂိုးအပါအဝင် ၂ ဂိုးသွင်းပေးခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ကလည်း

ဒီရာသီမှာ သူပြန်လာပြီဖြစ်ကြောင်း ပြသထားပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီကစားသမားဘ၀ ပထမရာသီမှာ အမှတ်ပေးချန်ပီယံဖလားရခဲ့ပေမယ့် ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၁ ဂိုးသာသွင်းနိုင်ခဲ့တာပါ။

(zawgyi)

ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗြီဒီယိုကလစ္တစ္ခုေၾကာင့္ ပီအက္စ္ဂ်ီပရိသတ္ေတြဟာ သူတို႔ရဲ႕အသည္းေက်ာ္မက္ဆီကို အခ်စ္ေတြပိုတိုးလာခဲ့ၾကတယ္လို႔ သိရပါတယ္။

နန႔္တက္စ္ကို ၄-၀ ဂိုးနဲ႔အႏိုင္ယူၿပီး ပါရီကလပ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ျပင္သစ္စူပါဖလားပြဲမွာပါ။ အာဂ်င္တီးနားၾကယ္ပြင့္ဟာ အသင္းအတြက္ေျခစြမ္းျပႏိုင္ခဲ့သလို အဖြင့္ဂိုးလည္းသြင္းေပးခဲ့ပါတယ္။

ပြဲကစားေနခ်ိန္အတြင္းမွာ ေထာင့္ကန္ေဘာကန္ဖို႔ေရာက္လာတဲ့ မက္ဆီကို ကြင္းထဲပရိသတ္ေတြေထာင္နဲ႔ခ်ီၿပီး နာမည္ကို႐ုတ္တရက္ ထေအာ္ခဲ့ၾကတာပါ။ သိမ့္သိမ့္တုန္သြားေလာက္တဲ့အသံႀကီးေၾကာင့္

မက္ဆီလည္း ေၾကာင္ေတာင္ေတာင္ျဖစ္သြားခဲ့ရပါတယ္။ ၿပီးေတာ့ ဘာလုပ္ရမွန္းမသိဘဲ ရွက္ေနတဲ့ ေ႐ႊေဘာလုံးဆုစံခ်ိန္ရွင္ကို ေတြ႕ခဲ့ၾကရတာျဖစ္ပါတယ္။ ဆံပင္ကိုသပ္လိုက္၊

ပရိသတ္ကိုလက္ျပႏႈတ္ဆက္လိုက္၊ လက္မေထာင္ျပလိုက္၊ လက္ေမာင္းေတြကိုဆုပ္ကိုင္ထားလိုက္နဲ႔ အခ်ိန္ေတာင္နည္းနည္းၾကာသြားခဲ့တာပါ။ ပီအက္စ္ဂ်ီပရိသတ္ေတြကေတာ့ ခ်စ္စရာေကာင္းလိုက္တဲ့ပုံစံေလးဆိုၿပီး

ဆိုရွယ္မီဒီယာေပၚမွ်ေဝရင္း ခ်ီးမြန္းခန္းဖြင့္ေနၾကပါတယ္။ တကယ္ေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕လူေနမႈစ႐ိုက္ကို နည္းျပဂယ္လ္တီယာကေတာင္ ခ်ီးက်ဴးထားတာပါ။ အသင္းရဲ႕ေလ့က်င့္ေရးေတြကို

မခိုမကပ္ဘဲ အားလုံးလုပ္ေလ့ရွိေၾကာင္း၊ အသင္းေဖာ္ေတြကို အၿပဳံးနဲ႔ဆက္ဆံေၾကာင္း၊ မက္ဆီကိုႏႈတ္ဆက္ရတဲ့အခ်ိန္ေတြမွာ သူေတာင္ေပ်ာ္ခဲ့ရေၾကာင္း၊ တစ္သင္းလုံးက

သူ႔ကိုခ်စ္ၾကေၾကာင္း ဖြင့္ဟထားတာပါ။ ကလာမြန႔္နဲ႔ လီဂူး-၁ အဖြင့္ပြဲမွာ လွပခမ္းနားတဲ့ ေနာက္ျပန္ကန္ခ်က္နဲ႔သြင္းဂိုးအပါအဝင္ ၂ ဂိုးသြင္းေပးခဲ့တဲ့ အာဂ်င္တီးနားၾကယ္ပြင့္ကလည္း ဒီရာသီမွာ

သူျပန္လာၿပီျဖစ္ေၾကာင္း ျပသထားပါတယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီကစားသမားဘ၀ ပထမရာသီမွာ အမွတ္ေပးခ်န္ပီယံဖလားရခဲ့ေပမယ့္ ၿပိဳင္ပြဲစုံ ၃၄ ပြဲမွာ ၁၁ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။